မုံရွာတက္ကသိုလ်
မုံရွာတက္ကသိုလ်ကို ၁၉၉၇ ခု မေလ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းအရင်ကမူ မုံရွာ ဒီဂရီ ကောလိပ် အဖြစ် ၁၉၉၂ ခု ဩဂုတ်လ ၁၉ ရက်နေ့မှ စ၍ရှိခဲ့သည်။ မုံရွာတက္ကသိုလ်သည် မုံရွာမြို့ အရှေ့ဖတ်ရှိ မုံရွာ - ကျောက္ကာ ကားလမ်းပေါ်ရှိ ဇလုပ်ကျင်းကျေးရွာ အနီးတွင် တည်ရှိသည်။ အရင် ကောလိပ်ဟောင်းမှာ ၁၉၇၉ ခုမှ စတင်ခဲ့ပြီး မုံရွာ ဒေသ ကောလိပ်ဟုခေါ်သည်။ ၎င်းကို ယခု အခြေခံ အထက်တန်း (၂) ကျောင်း ဟုပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။
တက္ကသိုလ် (မုံရွာ) | |
| |
တည်ထောင်ခုနှစ် | ၁၉၉၇ ခု မေလ ၂၃ ရက်နေ့ |
တည်နေရာ | မုံရွာ - ကျောက္ကာ ကားလမ်းပေါ်ရှိ ဇလုပ်ကျင်းကျေးရွာ အနီး |
မုံရွာမြို့တွင် မုံရွာတက္ကသိုလ် အပြင် မုံရွာတက္ကသိုလ် ကျောင်းဝင်းအနီး၌ မုံရွာစီးပွားရေးတက္ကသိုလ် လည်း ရှိသည်။
ကိုးကား
ပြင်ဆင်ရန်
ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |