မူးယစ်ဆေးဝါး
မူးယစ်ဆေးဝါး (အင်္ဂလိပ်: Narcotic drug) ဆိုသည်မှာ သုံးစွဲမိသောသူအတွက် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုများကိုဖြစ်စေတတ်ပြီး အရှည်သဖြင့် စွဲလမ်းခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ စိတ်ကျန်းမာရေးထိခိုက်ပျက်ပြားစေခြင်း စသော ဂုဏ်သတ္တိရှိသည့် အရည်သော်လည်းကောင်း၊ အမှုန့်သော်လည်းကောင်း၊ အစိုင်အခဲ (ဆေးပြား) သော်လည်းကောင်း ဆိုလိုသည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် မူးယစ်ဆေးဝါးများကို ဆေးပညာရပ်နှင့် ကျန်းမာရေးအခြေအနေများအရ အသုံးပြုရန်မှ အပ ကျန်အခြေအနေများတွင် အသုံးပြုခြင်းအား ဥပဒေပြဋ္ဌာန်းကာ တားမြစ်ထားသည်။
မူးယစ်ဆေးသုံးစွဲထားသူများသည် ဆေးအာနိသင်ပြချိန်(ဆေးတက်ချိန်)တွင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများသည် သာမန်မသုံးစွဲထားသောသူများထက် သာလွန်နေသည်ဟု မြင်သောကြောင့်ဖြစ်သည်။ သို့သော် ဆေးအရှိန်ပြယ်ချိန်တွင် စိတ်ပိုင်းဆိုင်ရာအားဖြင့် စိုးရိမ်ခြင်း၊ထိတ်လန့်နေခြင်း၊စိတ်ဓာတ်ကျခြင်းတို့ကိုဖြစ်ပေါ်စေပြီး ရုပ်ပိုင်းဆိုင်ရာအားဖြင့် အားအင်ကုန်ခမ်းခြင်း၊အစာမစားနိုင်ခြင်းတို့အား အချိန်ကြာမြင့်စွာ ခံစားရမည်ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |