မေတ္တာ (ရုပ်ရှင်သရုပ်ဆောင်)

မေတ္တာ (၈ နိုဝင်ဘာ ၁၉၅၄–၂ ဩဂုတ် ၂၀၂၁) သည် မြန်မာ့ရုပ်ရှင်လောကတွင် သရုပ်ဆောင်အဖြစ်လည်းကောင်း၊ လူရွှင်တော်အဖြစ်လည်းကောင်း ကျော်ကြားသူတစ်ဦး ဖြစ်သည်။ ၁၉၅၄−ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ နာမည်အရင်းမှာ ကိုခင်မောင်မြင့် ဖြစ်သည်။ ပညာရေးမှာ စီးပွားရေးဘွဲ့ B.Com(Eco) ရရှိထားသူ ဖြစ်သည်။

မေတ္တာ
မွေးဖွားခင်မောင်မြင့်
(၁၉၅၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-0၈)နိုဝင်ဘာ ၈၊ ၁၉၅၄
ရန်ကုန်မြို့
ကွယ်လွန်ဩဂုတ် ၂၊ ၂၀၂၁(၂၀၂၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-0၂) (အသက် ၆၆)
ရန်ကုန်မြို့
ပညာရေးစီးပွားရေးဘွဲ့
အလုပ်အကိုင်လူရွှင်တော်၊ သရုပ်ဆောင်
အိမ်ထောင်ဖက်(များ)ဒေါ်လွင်မီမီကို
သားသမီး

တက္ကသိုလ် အနုပညာလောကမှ လာသူဖြစ်ပြီး တက္ကသိုလ် အငြိမ့်ထဲတွင် လူရွှင်တော်အဖြစ် ပါဝင်ခဲ့သည်။ အငြိမ့်တွင် မေတ္တာ၊ ချစ်စရာ၊ ကရုဏာ၊ သစ္စာ ဆိုပြီး လူရွှင်တော် လေးဦး ပေါ်ပေါက်ခဲ့သည်။ မေတ္တာဆိုသော အမည်ကို စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ညွန့်က ပေးလိုက်ခြင်း ဖြစ်သည်။ ထိုခေတ်က မေတ္တာနှင့် တွဲ၍ နာမည်ကြီးခဲ့သော လူရွှင်တော်မှာ ကွမ်းသီးဖြစ်သည်။ ဇနီးမှာ လွင်မီမီကို ဖြစ်ပြီး သားသမီးနှစ်ယောက် ရှိသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။[၁][၂][၃]

ကိုးကား ပြင်ဆင်ရန်

  1. အသက် ၆၇ နှစ်အရွယ်ရှိ လူရွှင်တော် သရုပ်ဆောင် ဦးမေတ္တာ ကွယ်လွန် (in my)။ ၂ ဩဂုတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. ဝါရင့် ဟာသသရုပ်ဆောင် မေတ္တာ ကွယ်လွန် (in en)။ ၂ ဩဂုတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. လူရွှင်တော် သရုပ်ဆောင် ဦးမေတ္တာ ကွယ်လွန် (in en) (2 ဩဂုတ် 2021)။ ၂ ဩဂုတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ