မေဓာဝီ
မေဓာဝီ (၁၇၂၈ - ၁၈၁၆) သည် မြန်မာနိုင်ငံသား ထေရဝါဒဗုဒ္ဓဘာသာရဟန်းတစ်ပါး ဖြစ်သည်။ ခေတ်သစ်ဝိပဿနာလက်စွဲကျမ်းစာအုပ်ကို ပထမဆုံးရေးသားခဲ့သည့် စာရေးဆရာလည်း ဖြစ်သည်။ ခေတ်သစ်ဝိပဿနပြန့်ပွားရေးတွင် ပါဝင်ခဲ့သည့် ပထမဆုံးသော ဆရာတစ်ဦးလည်း ဖြစ်သည်။ မေဓာဝီ၏ ပထမဆုံးသော လက်စွဲကျမ်းသည် ၁၇၅၄ ခုနှစ်တွင် ဖြစ်သည်။ မေဓာဝီသည် ထိုအချိန်များက မြန်မာတို့၏ ထင်မြင်မှုနှင့် ပတ်သက်၍ အကြပ်အတည်း ကြုံခဲ့ရသည်။ မြန်မာတို့သည် ထိုအချိန်က တရားအားထုတ်ခြင်းကို အရေးကြီးသည့်အရဟု မမြင်ပေ၊ ထို့အပြင် သူတို့သည် တရားထူးတရားမြတ် ရနိုင်သည်ကို ယုံကြည်မှုမရှိဘဲ ဗုဒ္ဓ၏ သင်ကြားပြသမှုများကို ငြင်းဆန်နေကြသည့် အချိန်လည်း ဖြစ်သည်။ အများစုသည် အရိမေတ္တယျဘုရား ပွင့်တော်မူသည့်အခါတွင် ပြန်လည်မွေးဖွားလာပြီး ထိုဘုရားနှင့် တွေ့ဆုံနိုင်ရန်အတွက် လုံလောက်သည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ရမည်ဟူသည် ယုံကြည်ချက်သာ ရှိကြသည်။ ၁၇၅၆ ခုနှစ်တွင် သူ၏ တရားစာအုပ် “နာမရူပနိဗ္ဗာနရှုဖွယ်” စာအုပ်တွင် လူတို့အတွက် ဗုဒ္ဓ၏ ပဋိပတ္တိသာသနာ မှေးမှိန်လာမှုကို ငြင်းဆိုထားပြီး၊ ထိုသို့ မှေးမှိန်လာမှုသည် သာသနာ၌ တရားလေ့ကျင့်မှုမရှိသော သူများအတွက်သာ ဖြစ်သည်ဟု ဆိုထားသည်။
အသျှင်မေဓာဝီ၏ တရားအားထုတ်လက်စွဲစာအုပ်များသည် လက္ခဏာရေးသုံးပါးနှင့် ခန္ဓာငါးပါးအပေါ်တွင် အာရုံစိုက်၍ ပါဠိစာပေများမှ ထုတ်ယူထားသည်။ သူသည်တရားအားထုတ်မှုဆိုင်ရာလက်စွဲစာအုပ် သုံးဆယ်ကျော် ရေးသားခဲ့သည်။ သူ၏ သင်ကြားပြသမှုများကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က အားပေးမြှောက်စားခဲ့သည်။ ဘိုးတော်ဘုရားသည် အသျင်မေဓာဝီအား ဘွဲ့တံဆိပ်တစ်ခုနှင့် လှူဒါန်းမှုတစ်ခု ပြုခဲ့သည်။ Patrick Pranke က ဆိုထားချက်အရ အသျှင်မေဓာဝီ၏ အားထုတ်မှုသည် မြန်မာသံဃာထု၏ အမြင်ကို ပြောင်းလဲသွားစေခဲ့သည်။ လက်ရှိအချိန်တွင် တရားအားထုတ်ပါက ရဟန္တာဖြစ်နိုင်ပြီး ရဟန်းများက ဦဆောင်၍ ဝိပသနာတရားတိုးတက်ပြန့်ပွားအောင် လုပ်ဆောင်နိုင်သည်ဟု လက်ခံလာကြသည်။