ဒေါ်မေနွဲ့ သည် မြန်မာ့ရုပ်ရှင်နယ်ပယ်မှ အမျိုးသမီးသရုပ်ဆောင် တစ်ဦး ဖြစ်သည်။ ငယ်စဉ်ကပင် အဆိုအကများဝါသနာပါခဲ့ပြီး ဇာတ်မင်းသမီးဘဝမှ ရုပ်ရှင်နယ်သို့ ပြောင်းလာခဲ့သည်။ ငယ်စဉ် ဇာတ်အဖွဲ့များ၌ ဝင်ရောက်ကပြစဉ် ပရိသတ်များ၏ အားပေးမှုကိုရရှိခဲ့ရုံသာမက ရုပ်ရှင်သရုပ်ဆောင်အဖြစ်လည်း အကယ်ဒမီဆုများကို ရရှိခဲ့ကာ တေးသီချင်းများကိုလည်း သီဆိုခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလမှ ဗီဒီယိုခေတ်ကာလအထိ မြောက်မြားစွာသော ရုပ်ရှင်၊ ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၁]

ဒေါ်မေနွဲ့
မွေးဖွား(1919-02-14)ဖေဖော်ဝါရီ ၁၄၊ ၁၉၁၉
မြန်မာနိုင်ငံ
ကွယ်လွန်၂၀ ဇန်နဝါရီ၊ ၂၀၀၈(2008-01-20) (အသက် ၈၈)
အလုပ်အကိုင်သရုပ်ဆောင်
အိမ်ထောင်ဖက်(များ)ဦးကြည်မောင်
ရရှိသည့်ဆုများ
အ​ကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (၁၉၆၂၊ ၁၉၇၅))

ကိုယ်ရေးအကျဉ်း ပြင်ဆင်ရန်

ဒေါ်မေနွဲ့ကို ဦးဖေလှနှင့် ဒေါ်သိန်းရှင်တို့က ၁၉၁၉ ဖေဖော်ဝါရီ ၁၃ ၌ မွေးဖွားခဲ့၍ မွေးချင်းငါးဦးရှိသည့်အနက် အငယ်ဆုံးသမီးဖြစ်ပြီး ငယ်နာမည်မှာ မဒီ ဖြစ်သည်။ သတ္တမတန်းအထိ ပညာသင်ယူခဲ့ပြီး အဆိုအကများကို စောင်းဆရာ ဆရာငြိမ်းကြီး၊ စန္ဒရားဆရာ ရွှေပြည်အေး၊ ဒေါ်ခင်မြင့်ကြီး၊ ဒေါ်စောမြအေးကြည်တို့ထံတွင် ဂီတပညာများဆည်းပူးခဲ့သည်။ ဒေါ်စိန်အုပ်၊ မင်းသမီးကြီး ဒေါ်သိန်းအုပ်၊ လက္ခဏဦးကျော်တို့ထံမှောက်၌ အကပညာများကို သင်ယူခဲ့လေသည်။ အသက် ၉ နှစ်မှစ၍ အောင်ကျော်လှိုင်နှင့်တွဲကာ ကလေးနှစ်ပါးသွားများကို ကပြခဲ့သည်။ ထို့နောက်ပိုင်း "ဟင်္သာစိန်"အမည်ခံ၍ ဇာတ်အဖွဲ့များတွင် မင်းသမီးအဖြစ် ဝင်ရောက်ကပြခဲ့ကာ ၁၉၃၆ အသက် (၁၇) ၌ "ရဲဘက်တော်" ဇာတ်ကားကို ဒါရိုက်တာ ဦးတုတ်ကြီးမှရိုက်ကူးခဲ့ပြီး ထိုဇာတ်ကားတွင် မင်းသား ဘတင့်နှင့်အတူ သရုပ်ဆောင်ရာမှ ရုပ်ရှင်လောကသို့ ရောက်ရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင် စစ်ရှောင်၍ ထို့နောက် ဆရာဒဂုန်တင် ဦးစီးသောဇာတ်နှင့်အတူ အောင်မင်္ဂလာပြဇာတ်ကို တည်ထောင်ပြီး အထက်မြန်မာပြည်တခွင်တွင် ကပြခဲ့၏။ ဦးဖိုးစိန်ကြီး၊ ဦးစိန်အောင်မင်း၊ ဗိုကေသန်းစိန်၊ အောင်လံတော်ခင်စိန် စသည့်ဇာတ်အဖွဲ့များနှင့်လည်း တွဲဖက်ကပြခဲ့လေသည် ။

၁၉၃၈ တွင် ကာလပေါ်သီချင်းများကို သီဆိုအသံသွင်းခဲ့၍ စန်းသီတာဂီတအဖွဲ့ကို တည်ထောင်ပြန်သည်။ ဇာတ်ထုပ်၊ ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ဝင်တေးများကို ပါဝင်သီဆို သရုပ်ဆောင်ခဲ့သည်။

၁၉၄၉ တွင် ရွှေဒုံးဘီအောင်ရိုက်ကူးသော ရန်ပြေမာန်ပြေဇာတ်ကားဖြင့် ရုပ်ရှင်နယ်သို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့ပြီး ခေါင်းဆောင်မင်းသမီအဖြစ် ရုပ်ရှင်များစွာကို ရိုက်ကူးခဲ့လေသည်။ ၁၉၆၂ ၌ ရွှေရင်သိမ်းသစ် ဇာတ်ကား၊ ၁၉၇၅ ၌ 'ရွှေချည်ငွေချည်တန်းပါလို့ ရုပ်ရှင်များဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သည်။[၁]

၂၀၀၈ ဇန်နဝါရီ ၂၀ အသက် (၈၉) နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ကိုယ်ရေးကိုယ်တာ ပြင်ဆင်ရန်

ဦးကြည်မောင်နှင့် အိမ်ထောင်ကျ၍ သားသုံးဦး၊ သမီးနှစ်ဦး ထွန်းကားခဲ့သည်။[၁]

ဆုရ ဇာတ်ကားများ ပြင်ဆင်ရန်

ဒေါ်မေနွဲ့သည် အောက်ဖော်ပြပါရုပ်ရှင်များဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သည်။[၂]

ခေါင်းစဉ် ရုံတင်နှစ် ဆုအမျိုးအစား မှတ်ချက်
ရွှေရင်သိမ်းသစ် ၁၉၆၂ အမျိုးသမီးဇာတ်ပို့ဆု ၁၁-ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ
ရွှေချည်ငွေချည်တန်းပါလို့ ၁၉၇၅ အမျိုးသမီးဇာတ်ပို့ဆု ၂၄-ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဒေါ်မေနွဲ့ (2 October 2020)။ မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်-တင်ကျန်နေသောပုံရိပ်များမြန်မာ့အသံနှင့်ရုပ်မြင်သံကြား။ 3 February 2021 တွင် မူရင်း အား မော်ကွန်းတင်ပြီး28 November 2020 တွင် ပြန်စစ်ပြီး
  2. မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသမိုင်း၊ ပေါ်ပြူလာ ဂျာနယ်။ 3 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 November 2020 တွင် ပြန်စစ်ပြီး။