မေမြင့်မိုရ်

မြန်မာသရုပ်ဆောင်

မေမြင့်မိုရ် (၁၁ မေ ၁၉၉၅ မွေးဖွား)[၁] သည် မြန်မာနိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။[၂]

မေမြင့်မိုရ်
မွေးဖွားမေမြင့်မိုရ်အောင်
(1995-05-11) မေ ၁၁၊ ၁၉၉၅ (အသက် ၂၈)
ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာ၊ဗုဒ္ဓဘာသာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၂–လက်ရှိ
အရပ်၅ ft ၅ in (၁.၆၅ m)
မိဘ(များ)ဦးအောင်ကို
ဒေါ်မဉ္ဇူထွဋ်
ဆွေမျိုးသားချင်းရှင်းမြတ် (မောင်)
ရရှိသည့်ဆုများ2018 Star Award for Rising Star Award (အမျိုးသမီး)

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

၁၉၉၅ ခု၊ မေလ ၁၁ ရက်တွင် ဦးအောင်ကို၊ ဒေါ်မဉ္ဇူထွဋ်တို့က ရန်ကုန်၌ မွေးသည်။ အမည်ရင်းမှာ မေမြင့်မိုရ်အောင် ဖြစ်သည်။ မွေးချင်းမောင် ရှင်းမြတ်သည်လည်း အနုပညာအလုပ်ကိုပင် လုပ်သည်။

အမှတ် ၁ အထက်တန်းကျောင်း (ဒဂုံ) မှ ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ရာ ၂၀၁၆ ခုတွင် ဥပဒေပညာဘွဲ့ ရသည်။[၃]

အနုပညာခရီး ပြင်ဆင်ရန်

၂၀၁၂ ခုကပင် ဓာတ်ပုံမော်ဒယ်အဖြစ် မဂ္ဂဇင်းမျက်နှာဖုံးများ၊ ကြော်ငြာများနှင့် တေးသရုပ်ဖော်များတွင် ပါဝင်ခဲ့သည်။ ၎င်းနှစ် အကယ်ဒမီဆုပေးပွဲ၌ ဗန်းကိုင်အဖြစ် ပါဝင်သည်။

၂၀၁၃ ခုတွင် ဖော်အဲဗားလုပ်ငန်းစုမှ မျက်နှာသစ်ရွေးပွဲလုပ်ရာ လူ ၁၀၀ ခန့်နှင့်ပြိုင်ရင်း "အချစ်သင်္ကေတ" ရုပ်သံဇာတ်လမ်း အတွဲ ၃ ၌ ပါဝင်ခွင့်ရသည်။[၄] ၎င်းနှစ် "ပန်းနုသွေး" ရုပ်သံဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရသည်။[၄]

၂၀၁၄ ခုတွင် "မှော်ကျောက်စာ" ရုံတင်ဇာတ်ကား၌ သရုပ်ဆောင်သည်။ ၎င်းဇာတ်ကားသည် ၂၀၁၈ ခုရောက်မှ ရုံတင်သည်။[၅]

၂၀၁၅ ခုတွင် "မိုးပန်းပွင့်၏သင်္ကေတ" ရုံတင်ဇာတ်ကားတွင် သရုပ်ဆောင်သည်။ ၎င်းဇာတ်ကားသည်လည်း ၂၀၁၈ ခုရောက်မှ ရုံတင်သည်။[၄]

၂၀၁၆ ခုတွင် ၂၀၁၇ ခု၌လွှင့်သော "ဆုံစည်းခြင်းမိုးတိမ်များ" ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရာ၌ သရုပ်ဆောင်သည်။[၄]

၂၀၁၇ ခုတွင် စာရေးဆရာမ မစန္ဒာ၏ နာမည်ကျော်ဝတ္ထု "အရိပ်" အား ရုပ်ရှင်ရိုက်သည့် ၁၉၉၇ ထွက်ဇာတ်ကားကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲတင်ဆက်ရာတွင် ပါဝင်သည်။ ၎င်းမှာ ၂၀၁၈ ခုတွင် လွှင့်သည်။[၆]

၂၀၁၈ ခု၌ စာရေးဆရာ မောင်သိန်းဆိုင်၏ "ပုဂံမြို့သူ" ဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးရာ၌ ပါဝင်သည်။[၇] ထိုနှစ်တွင်ပင် အဆိုပါဇာတ်လမ်းအား လွှင့်သည်။ ပထမဆုံးကျင်းပသော ကြယ်စင်ဆုပေးပွဲ (Star Awards) တွင် "မိုးပန်းပွင့်၏သင်္ကေတ" ဇာတ်ကားဖြင့် အမျိုးသမီးထွန်းတောက်ကြယ်ဆု (Female Rising Star Award) ကို ရသည်။[၈]

၂၀၁၉ ခုတွင် "ပျောက်ဆုံးနေသောအမှန်တရား" ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သည်။ ၎င်းနှစ်တွင်ပင် လွှင့်သည်။ထိုနှစ်မှာပင် သူမပါဝင်ထားသော ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးရုံတင်သည်။[၉]

၂၀၂၀ ခုတွင် တပ်မတော်ရုပ်သံဇာတ်လမ်း "သူရဲကောင်းတို့ဒဏ္ဍာရီ" တွင်ပါဝင်သည်။

မိသားစုဘဝ ပြင်ဆင်ရန်

ဆုတံဆိပ်များ ပြင်ဆင်ရန်

၂၀၂၃ခုနှစ် ွအတွက်အကယ်ဒမီရွှေစင်ဆုကို''မုန်းခွင့်"ရုပ်ရှင်ဇာတ်ကားနှင့်အတူ ဇာတ်ပို့ဆုကိုရရှိခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. စပယ်။ "အသက် ၂၃ နှစ်ပြည့် မွေးနေ့အလှူလုပ်ခဲ့တဲ့ မေမြင့်မိုရ်"၊ Duwun၊ 2018-05-12။ 12 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 22 July 2018။ 
  2. "မအိမ်ကံနဲ့ ပတ်သက်ပြီး "ရိုက်မယ်၊ မရိုက်ဘူး အစီအစဉ် မရှိသေးဘူး" လို့ မေမြင့်မိုရ်ပြော" (in my)၊ The Irrawaddy၊ 6 September 2018။ 
  3. Nyein။ "ဥပဒေဘွဲ့ ရရှိသွားပြီ ဖြစ်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်"၊ Myanmarload၊ November 16, 2017။ 12 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 28 March 2019။ 
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ Lin၊ Tun။ "စုစုလှိုင်အဖြစ် ပရိသတ်တွေ လက်ခံနိုင်မလားဆိုတာ ရင်ခုန်နေတဲ့ မေမြင့်မိုရ်" (in my)၊ Moda Magazine၊ 29 July 2017။ 12 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 13 September 2019။ 
  5. "လုလုအောင်ကြော်ငြာတဲ့ မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကား အောက်တိုဘာလတွင် ရုံတင်တော့မည်" (in my)၊ Mizzima၊ 21 September 2017။ 
  6. ""အရိပ်" ဇာတ်ကားမှာ စုစုလှိုင်အဖြစ် မေမြင့်မိုရ်က ပါဝင်သရုပ်ဆောင်မည်" (in my)၊ The Irrawaddy၊ 24 April 2018။ 
  7. Nwe Mon Phyo။ "ပုဂံမြို့သူဖြစ်ခဲ့ရတဲ့ မေမြင့်မိုရ်"၊ 7 Day Daily၊ 2018-10-03။ 12 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 28 March 2019။ 
  8. "ဒီနှစ် သင်္ကြန်အစီအစဉ်တွေ ပြောပြတဲ့ သရုပ်ဆောင် မေမြင့်မိုရ်" (in my)၊ The Irrawaddy၊ 13 April 2019။ 
  9. "ဖေ့စ်ဘွတ်ခ်ဆယ်လီ ကာရိုက်တာ အကြောင်းပြောတဲ့ မေမြင့်မိုရ်" (in my)၊ 7Day News၊ 16 September 2019။ 12 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 19 October 2019။ 

ပြင်ပလင့်များ ပြင်ဆင်ရန်

  ဖေ့စ်ဘွတ်ခ် ပေါ်ရှိ မေမြင့်မိုရ်

  အင်စတာဂရမ် ပေါ်ရှိ မေမြင့်မိုရ်