မေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်း

ထက်အောင်လင်းအတွက် ရည်စူးပြီး လုံးဝ ၁၀၀%
မေရီချက်(ပ်)မင်း ကျောင်း
မေရီချက်(ပ်)မင်း ကျောင်း
ကျောင်းတံဆိပ်

မေရီချက်(ပ်)မင်း နားမကြား သောကလေးများကျောင်း ပြင်ဆင်ရန်

(Mary Chapman Teachers Training Callege & School for the Deaf Children) ပြင်ဆင်ရန်

မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသည် မြန်မာနိုင်ငံရှိ နားမကြားသော ကလေးများအတွက် ပထမဆုံးကျောင်းပင် ဖြစ်သည်။ ၁၉၂၀-ခုနှစ်တွင် အင်္ဂလန်သူ မစ္စ မေရီချက်(ပ်)မင်း (MissMaryChapman)က မြန်မာပြည်ရှိ မွေးရာပါ နားမကြား၊ စကားမပြောတတ်သော ကလေးသူငယ်များအတွက် စတင်တည်ထောင်ခဲ့သည်။

မေရီချက်(ပ်)မင်းသည် ကျောင်းအတွက် မြေနေရာနှင့် အဆောက်အဦကို ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ စတင်တည်ထောင်သော နှစ်မှာပင် ပထမတိုးချဲ့အဆောက်အဦကို Mary Chapman Teachers Training Callege & School for the Deaf အမည်နှင့် မှတ်ပုံတင်ခဲ့သည်။ နားမကြားသော ကလေးငယ်များကို ပညာသင်ကြားပေးနိုင်မည့် ဆရာ၊ ဆရာမများကို ပျိုးထောင်ပေးခဲ့ပြီး နားမကြားသော ကလေးများကိုလည်း စာနှင့် သက်မွေးပညာရပ်များကို သင်ကြားပေးခဲ့သည်။

၁၉၂၀-ခုနှစ်တွင် ရှမ်းလမ်း၌ တိုက်တစ်လုံးငှား၍ ကျောင်းဖွွင့်ပါသည်။ ကျောင်းသားတစ်ဦးနှင့် စပါသည်။ နားမကြားသော ကလေးများ စကားပြောနိုင်ကြောင်း လူထုက မယုံကြည်သောကြောင့် အစတွင် တော်တော်နှေးပါသည်။ ဒေါ်စိန်သာကို ပထမဦးဆုံး ဆရာဖြစ်သင်တန်း ပေးပါသည်။

၁၉၂၃-ခုနှစ်တွင် ယခုလက်ရှိ သံတမန်လမ်း၌ သစ်သားအိမ်နှင့် ခြံကိုဝယ်ပြီး Mary Chapman Teachers Training Callege & School for the Deaf ဟူ၍ အနောက်ဘက်၌ ၁၉၂၄-ခုနှစ်တွင် Miss Mary Chapman ၏ ကိုယ်ပိုင်ငွေနှင့် အင်္ဂလန်မှ နားမကြားသော ကလေးများကို ကူညီမစသော အသင်းတစ်ခု၏ အကူအညီဖြင့် တိုးချဲ့အဆောင် စ၍ဆောက်ပါသည်။

၁၉၂၆-ခုနှစ်တွင် ကျောင်းသား(၁၀)ယောက် တိုးလာသည်။ ထိုအချိန်၌ ဆရာဖြစ်သင်တန်းသို့ တက်ရန်လူ ရှာသော်လည်း လာလိုသောသူ ရှားပါသည်။

၁၉၂၈-ခုနှစ်တွင် ဒေါ်စိန်ကျော့နှင့် ဒေါ်အားပု နှစ်ယောက် ဆရာဖြစ်သင်တန်းတက်ရာ (၄)နှစ်ကြာပါသည်။ ဆရာဖြစ် သင်တန်းပေးသူ တစ်ယောက်သာ ဖြစ်ပြီး အင်္ဂလိပ်လို သင်ခြင်းဖြစ်သည်။ ကျောင်းသား/သူ စုစုပေါင်း(၁၂)ယောက်ရှိသည်။

၁၉၂၉-ခုနှစ်တွင် Mary Chapman နေမကောင်းသဖြင့် အင်္ဂလန်သို့ ပြန်သွားရာ ကျောင်းအုပ်အဖြစ် Miss Raymond ကို ထားခဲ့သည်။

၁၉၃၀-ခုနှစ်တွင် Mary Chapman ပြန်လာရာ ကျန်းမာရေး မကောင်းသေးသဖြင့် ဆရာဝန်အမိန့်အရ နောက်တစ်ကြိမ် ပြန်သွားရသည်။ အင်္ဂလန်တွင် (၁၀)နှစ်ကြာ နေ၍ ကွယ်လွန်သွားသည်။ ဤနှစ်၌ ၎င်းကျောင်းကို Bible Churchmen Missionary Society (B.C.M.S)သို့ လွှဲအပ်ပါသည်။

၁၉၃၀-ခုနှစ်တွင် Mr & Mrs Jereen တို့က ကျောင်းကို အုပ်ချုပ်ပါသည်။

၁၉၃၃၊ ၃၅-ခုနှစ်တွင် Miss Marshell က ကျောင်းအုပ်အဖြစ် ဆက်အုပ်ချုပ်ပါသည်။ ဒေါ်အေးခင်၊ ဒေါ်ရိုဒါ၊ ဒိုရာ ဆရာမ(၃)ဦးကို ခန့်ထား၍ ကျောင်းသား/သူ စုစုပေါင်း(၂၅)ယောက်ရှိသည်။

မေရီချက်(ပ်)မင်း ကျောင်းသားများ
မေရီချက်(ပ်)မင်း ကျောင်းသားများ

ရည်ရွယ်ချက် ပြင်ဆင်ရန်

ဆောင်ပုဒ် ပြင်ဆင်ရန်

အနိုင်မခံ အရှုံးမပေး ဟူသော ဆောင်ပုဒ် စာတန်းအား ကျောင်းတံဆိပ်တွင် ရေးထိုးထားသည်။

လိပ်စာ ပြင်ဆင်ရန်

အမှတ်(၂)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၂၂၁၈၇၂ [၁]

ကိုးကား ပြင်ဆင်ရန်

  1. စံပယ်ဖြူ မဂ္ဂဇင်း

[၁] Archived 18 April 2010 at the Wayback Machine.