မေရီလန်းပြည်နယ်သည် အလယ်အတ္တလန္တိတ် ဒေသအတွင်း တည်ရှိသော အမေရိကန်ပြည်ထောင်စု အတွင်းမှ ပြည်နယ် တစ်ခု ဖြစ်ပြီး ဗာဂျီးနီးယားပြည်နယ်အနောက်ဗာဂျီးနီးယားပြည်နယ် နှင့် ကိုလံဘိယာ ဒိစတြိတ် တို့နှင့် တောင်ဘက်နှင့် အနောက်ဘက်၊ ပင်ဆယ်ဗေးနီးယားပြည်နယ်နှင့် မြောက်ဘက်၊ ဒယ်လာဝဲယားပြည်နယ်နှင့် အရှေ့ဘက်တို့တွင် ဆက်စပ်လျက် ရှိသည်။ အမေရိကန် လူဦးရေစာရင်း ဗျူရို၏ အဆိုအရ မေရီလန်းပြည်နယ်သည် လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေ အမြင့်မားဆုံးသော ပြည်နယ် ဖြစ်သည်။ မေရီလန်းပြည်နယ်သည် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောတူညီရာတွင် ၇ ခုမြောက် ပြည်နယ် ဖြစ်သည်။

မေရီလန်းပြည်နယ်
၏ အလံတော်
အလံတော်
၏ တံဆိပ်တုံး
စည်းတံဆိပ်
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ မေရီလန်း အားအရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ မေရီလန်း အားအရောင်ခြယ်ပြထား
နိုင်ငံအမေရိကန်ပြည်ထောင်စု
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
April 28, 1788 (7th)
အကြီးဆုံးမြို့ဘော်လ်တီမိုးမြို့
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများဘော်လ်တီမိုး-ဝါရှင်တန်
မက်ထရိုပိုလစ်တန် ဧရိယာ
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးမာတင် အို မလ်လီ
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
အန်သိုနီ ဂျီဘရောင်း
လူဦးရေ
 • စုစုပေါင်း၅,၇၇၃,၅၅၂ (၂၀၁၀) []
၅,၂၉၆,၄၈၆ (၂၀၀၀)
 • သိပ်သည်းမှု၅၄၁.၉/sq mi (၂၀၉.၂/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ$၆၉,၂၇၂[]
 • ဝင်ငွေအဆင့်၁st
ဘာသာစကား
 • ရုံးသုံးဘာသာစကားမရှိ (အင်္ဂလိပ်ဘာသာ၊ ဒီဖက်တို)
လတ္တီကျူ37° 53′ N to 39° 43′ N
လောင်ဂျီကျူ75° 03′ W to 79° 29′ W

မေရီလန်းသည် ဇီဝသိပ္ပံပညာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အချက်အချာကျသော နေရာ ဖြစ်သည်။ ဇီဝနည်းပညာ ဆိုင်ရာ ကုမ္ပဏီ ၃၅၀ ကျော် တည်ရှိပြီး အမေရိကန် နိုင်ငံအတွင်း တတိယမြောက် အကြီးမားဆုံး ဇီဝသိပ္ပံစင်တာ ရှိရာ နေရာ ဖြစ်သည်။


မေရီလန်ပြည်နယ်

ပြင်ဆင်ရန်

မေရီလန်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ မူရင်းတစ်ဆယ်သုံး ပြည်နယ်တွင် အပါအဝင်ဖြစ်၍ အတ္တလန္တိတ် ကမ်းခြေ ချက်စပိပင်လယ်အော် တစ်လျှောက်တွင် တည်ရှိသည်။ မေရီလန်ပြည်နယ်၏ မြောက်ဘက်တွင်ပင် ဆီလဗေး နီးယားပြည်နယ်၊ အရှေ့ဘက်တွင် ဒဲလဝဲယားပြည်နယ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာ၊ တောင်ဘက်တွင် ဗာဂျင်းနီးယား ပြည်နယ်၊ အနောက်ဘက်တွင် အနောက် ဗာဂျင်နီးယားပြည်နယ်တို့ အသီးအသီး တည်ရှိ၏။ အကျယ်အဝန်းမှာ ၁ဝ,၅၇၇ စတုရန်းမိုင် ဖြစ်၏။ ပြည်နယ်၏ရုံးစိုက်မြို့မှာ အန်နာပိုလစ် ဖြစ်၍၊ အခြားမြို့ကြီးများကား ဗောလတီမိုး ကမ်ဗာလန်၊ ဟေးဂါးစတောင်းတို့ ဖြစ်သည်။

မေရီလန်ပြည်နယ်ကို သဘာဝအပိုင်းအခြားအားဖြင့် ၃ ပိုင်း ပိုင်းခြားနိုင်သည်။ ယင်းတို့မှာ ကမ်းမြောင် မြေပြန့်ဒေသ၊ ပီးဒမွန့် ကုန်းပြင်မြင့်နှင့် အက်ပလက်ချီယန် ဒေသတို့ဖြစ်၏။ ကမ်းမြောင် မြေပြန့်ဒေသသည် မေရီလန်ပြည်နယ်၏ အရှေ့ပိုင်းတစ်ခြမ်းဖြစ်၏။ လူဖြူတို့ဦးစွာ အခြေစိုက်ရာဒေသလည်း ဖြစ်၏။ ရေမြေ ကျယ်ပြန့်သောကြောင့် ကုန်သွယ်ရန်နှင့် ငါးဖမ်းရန်အပြင် သီးနှံစိုက်ပျိုးရန်ကောငေ်းသာ ဒေသဖြစ်လေသည်။

တောင်ဘက်ပိုင်းတွင် ဆေးပင်စိုက်ပျိုးရန် အထူးသင့်လျော်၏။ ပီဒမွန့်ကုန်းပြင်မြင့်မှာ နိမ့်သော တောင်စဉ်တောင်တန်းများဖြစ်လျက် ရေမျက်နှာပြင်ထက် ပေ ၈ဝဝ မြင့်၏။ ဤဒေသတွင် အထွေထွေစိုက်ပျိုးရန် ကောင်းမွန်၏။ သဘာဝ ပင်ရင်းအခြေအမြစ်များ ပေါကြွယ်ဝသဖြင့် စက်မှုလက်မှုလုပ်ငန်းသည် အရေးပါသည်။

အက်ပလက်ချီယန်ဒေသသည် ပြည်နယ်၏ အနောက်ဘက်စွန်းတွင် တည်ရှိ၍၊ တောင်အထူထပ်ဆုံး ဒေသဖြစ်၏။ အရှေ့တောင်မှ အနောက်မြောက်ဘက် သို့ဖြတ်သန်းလျက်တည်ရှိသောအယ်လီဂေးနီတောင်စဉ်တောင် တန်းသည် မြေဩဇာကောင်းသည့် ချိုင့်ဝှမ်းများဖြစ်စေ၏။ ဤအပိုင်းတွင် အရေးပါသော မြစ်ချောင်းများမှာ ယော့ကိုဂေးနီမြစ်၊ ဝီးလချောင်း၊ ပိုတိုမက်မြစ်တို့ ဖြစ်သည်။ ဓာတ်သတ္တု တူးဖော်ရေးနှင့် သစ်ခုတ်လှဲခြင်းတို့မှာ အဓိက လုပ်ငန်းများဖြစ်၏။

မေရီလန်ပြည်နယ်တွင်းရှိ မြစ်များသည် မြစ်ဝကျယ်၍ ချက်စပီ ပင်လယ်အော်တွင်းသို့ စီးဝင်ကြသည်။ အတ္တလန္တိတ်သမုဒ္ဒရာတွင်းသို့ စီးဝင်သော မြစ်များမှာ သေးငယ်၍ အရာမရောက်ပေ။ ပိုတိုမက်မြစ်သည် ပြည်နယ်၏ အနောက်တောင်ဘက် နယ်စပ်တစ်လျှောက် ဖြတ်သန်းစီးဆင်း၍ ချက်စပိပင်လယ် တောင်ဘက် ပင်လယ်အော်တွင်းသို့ စီးဝင်သည်။

မေရီလန်ပြည်နယ်သည် ချက်စပိ ပင်လယ်အော်ကြောင့် လည်းကောင်း၊ မြေမျက်နှာပြင် မတူညီသောကြောင့် လည်းကောင်း၊ရာသီဥတု တစ်ပြေးညီညာမရှိဘဲ တစ်နေရာနှင့်တစ်နေရာ ကွာခြားလေသည်။ ယေဘုယျအားဖြင့်သော်ကား အပူအအေးလွန်ကဲခြင်းမရှိ ချေ။ တစ်နယ်လုံးတွင် မိုးရွာသွန်းပုံမှာ မျှတသည်ဟု ဆိုရပေမည်။ လယ်ယာ စိုက်ပျိုးရန်အတွက်လည်း မိုးရေလုံလောက်စွာ ရရှိလေသည်။ မိုးအပြင်းထန်ဆုံး ရွာသွန်းသော နေရာများမှ ချက်စပိပင်လယ်အော် ကမ်းရိုးတန်းတစ်လျှောက်နှင့် အနောက်ဘက် တောင်တန်း တစ်လျှောက်တွင် ဖြစ်၏။

မေရီလန်ပြည်နယ်တွင်းရှိ သစ်တောများတွင် ထင်းရှူး၊ ဆီဒါ၊ သင်းဝင်၊ ဘုဇပတ်နှင့် မေပယ်ပင်စသည့် စီးပွားရေးအားဖြင့် အဖိုးတန်သော သစ်ပင်မျးပေါက်သည်။ လယ်ယာ စိုက်ပျိုးခြင်းသည်လည်း အရေးပါ၏။ မေရီလန်ပြည်နယ်၏ လယ်ယာလုပ်ငန်းထွက် ပစ္စည်းများမှာ ပြောင်း၊ ဂျုံ၊ ဗာလီ၊ ရိုင်းစပါး၊ ဆေးရွက်၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းများ၊ ကြက်ငှက်စသည်တို့ဖြစ်၏။ အဓိက တွင်းထွက် ပစ္စည်းများမှာ ကျောက်မီးသွေးနှင့် ကျောက်စရစ် စသည်တို့ ဖြစ်၏။

အဓိကတွင်းထွက် ပစ္စည်းများမှာ ကျောက်မီးသွေးနှင့် ကျောက်စရစ်စသည်တို့ ဖြစ်၏။ စက်မှုလုပ်ငန်းထွက် ပစ္စည်းတို့မှာ သံနှင့် သံမဏိထည်များ၊ စက်ကိရိယာများ၊သယ်ယူပို့ဆောင်ရေး အသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်များ၊ မြေထည်နှင့် ဖန်ထည်များ၊ ရေနံနှင့် ကျောက်မီးသွေးထွက်ပစ္စည်း များ၊ သားရေထည်များ၊ စည်သွတ်သီးနှံ၊ ဟင်းသီးဟင်းရွက်များ၊ အိမ်ထောင် ပရိဘောဂ အရှိသည်တို့ ဖြစ်၏။

မေရီလန်ပြည်နယ်သည် ကိုလိုနီနယ်အဖြစ် ရှိနေခဲ့စဉ်က စက်မှုလက်မှု လုပ်ငန်းများ မထွန်းကားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဂ‡လိပ်တို့သည် ကုန်ကြမ်းအားလုံးကို မိမိတို့သာ ဝယ်ယူ၍ မိမိတို့ ပြုပြင်ပြီး ကုန်ချောများကို ပြည်နယ်သားများအား ဝယ်ယူစေခဲ့သောကြောင့် ဖြစ်သည်။ အင်္ဂလန်မှ ကုန်ပစ္စည်းများ မသွင်းရန် သဘောတူညီပြီးသည့် ၁၇၆၉ခုနှစ်နောက်ပိုင်း တွင်မူကား ယခင်ကဝယ်ယူရရှိနေကျဖြစ်သော ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် စက်ရုံများ တည်ထောင်လာကြရသည်။

ပထမဦးဆုံး တည်သောစက်မှာ သံရည်ကျိုစက်ဖြစ်၍ ၁၇၁၅ ခုနှစ်တွင်တည်ထောင်သည်။ သံဖြင့်ပြီးသော ပထမဆုံးသဘေ‡ာကို ဗောတီမိုမြို့တွင် ၁၈၃၉ ခုနှစ်၌ တည်ဆောက်၍ ပြီးစီးသည်။ သင်္ဘော ဆောက်လုပ်နိုင် ရေးအတွက် သံမဏိ ထုတ်လုပ်ရေး လုပ်ငန်းသည် တိုးတက် ထွန်းကားလာသည်။

ယခုအခါ မေရီလန်ပြည်နယ်သည် အတ္တလန္တိတ် ကမ်းခြေတစ်လျှောက်ရှိ ပြည်နယ်များတွင် စက်မှုလက်မှု လုပ်ငန်းများ အတွက်အရေးပါဆုံး ဒေသဖြစ်၏။ ဤသို့ စက်မှုလက်မှု လုပ်ငန်းများထွန်းကားနေခြင်းမှာ ကုန်ကြမ်းကို လက်လှမ်းမှီလျက် ဈေးကွက်လည်းကောင်း၊ ဆိပ်ကမ်းများလည်း ကောင်းသောကြောင့် ဖြစ်လေသည်။

မေရီလန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိသည်နှင့် အညီ သယ်ယူပို့ဆောင်ရာ၌ ရေလမ်းကိုအသုံးများသည်။ မြစ်ချောင်းများအပြင် ချက်စပိနှင့် ဒဲလဝဲယား တူးမြောင်းများလည်းရှိသည်။ မီးရထားလမ်း၊ ကုန်းလမ်းများလည်း ရှိသည်။ ပြည်တွင်း ပြည်ပ ဆက်သွယ်ထားသော လေကြောင်းလမ်းများလည်း ရှိသည်။

ရှေးအခါက မေရီလန်နယ်တွင် ရက်အင်ဒီးယန်းတို့ နေထိုင်ခဲ့၏။ လူဖြူတို့သည် ၁၆၃၂ ခုနှစ်တွင်မှစ၍ လာရောက်အခြေစိုက်နေထိုင်ကြသည်။ ယင်းနှစ်တွင် လော့ဗောလတီမိုးဘွဲ့ကို ခံယူသူ ဂျော့ကဲလဗတ်သည် ကိုလိုနီစိုက်ထူခွင့်ကို ပထမချားဘုရင်ထံမှ ရရှိခဲ့ သည်။ မေရီလန်ဟူသော အမည်မှာ ချားဘုရင်၏ မိဖုရားဟင်နရီယက်တာ မရီးယားကို ဂုဏ်ပြုမှည့်ခေါ်ထားသောအမည်ဖြစ်၍ မေရီ၏ ပြည်ဟု အဓိပ္ပာယ်ရသည်။ မေရီလန်နယ်သည် လော့ဗောလတီမိုး၏ သားမြေးစဉ်ဆက်ပိုင်ဆိုင်သော နယ်မြေ ဖြစ်လာ၍၊ မိမိတို့လိုရာဥပဒေများ ရေးဆွဲအုပ်ချုပ်ခွင့်လည်းရခဲ့၏။

သို့သော် လော့ဗောလတီမိုးသည် အတင်းအကြပ် အုပ်ချုပ်ခဲ့ခြင်းမရှိပေ။ လော့ဗေလတီမိုးသည် ထိုနယ်ကိုတည်ထောင်ခဲစဉ်က တစ်နည်းအားဖြင့်အပယ်ခံ ဗရင်ဂျီဂိုဏ်းဝင်မျာ ခိုလှုံရာအဖြစ် ရည်ရွယ် တည်ထောင်ခဲ့သော်လည်းဘာသာအယူဝါဒတွင် သဘော ထားကြီးစွာနှင့် လွတ်လပ်ခွင့်များပေးသောကြောင့် ပျူရီတန်များလည်းဝင်ရောက်ခိုလှုံလာသည်။ သို့သော် ၁၆၅၄ ခုနှစ်တွင် ပျူရီတန်တို့ လော့ဗောလတီမိုး၏ အာဏာကိုဖီဆန်လျက် ကိုလိုနီကိုသိမ်းပိုက်ထားခဲ့ရာ၊ ၁၆၅၈ ခုနှစ်ကျမှ နှစ်ဦးနှစ်ဖက် ညီညွတ်မှု ရရှိသဖြင့် ပြန်လည်ပေးအပ်ခဲ့သည်။ ၁၆၈၉ ခုနှစ်တွင် ပရိုတက်စတန့် အသင်း၏ တောင်းပန်ချက်အရ မေရီလန်ကို မေရီလန်ကို အင်္ဂလန်ပြည်မှ တိုက်ရိုက်အုပ်ချုပ်ခဲ့လေရာ၊ အနှစ်အစိတ်မျှရှည်ကြာသည်။ ၁၇၁၅ ခုနှစ်တွင် ဗောလတီမိုးအဆက်အနွယ်ဖြစ်သော ပဉ္စမ လော့ဗော လတီမိုးသည် ပရိုတက်စတန့်ဖြစ်သောကြောင့် ထိုနယ်ကို အုပ်ချုပ်ခွင့် ပြန်လည်ရရှိသည်။ ကိုလိုနီနယ်အဖြစ် သက်တမ်းတစ်လျှောက်လုံးတွင် ဗောလတီမိုး၏ အဆက်အနွယ်များလက်ထဲတွင်သာ ရှိနေခဲ့လေသည်။ ၁၇၆၇ ခုနှစ်တွင် နယ်စပ် အရေးနှင့် စပ်လျဉ်း၍ ပင်ဆီလဗေးနီးယားပြည်နယ်နှင့် အချင်းပွားခဲ့ရသေးသည်။ ကိုလိုနီနယ်များ တော်လှန်ခဲ့စဉ်က မေရီလန်လည်း တော်လှန်ရေးဖက်မှ ပါဝင်ခဲ့သည်။

တော်လှန်ရေးပြီးဆုံးသည့်နောက် ၁၇၈၈ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ခံကာ အမေရိကန် ပြည်ထောင်စုဝင် သတ္တမ ပြည်နယ် ဖြစ်လာလေသည်။ မေရီလန်ပြည်နယ် အမေရကန် ပြည်တွင်းစစ်ပွဲ ဖြစ်ပွားခဲ့စဉ်က ပြည်ထောင်စုအပေါ်တွင် သစ္စာစောင့်ထိန်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက မေရီလန်ပြည်နယ်သည် လူအားသာမကဘဲ ပြည်နယ်တွင်းရှိ စက်ရုံများ၊ လယ်ယာများမှ ထွက်သည့် ပစ္စည်းခပ်သိမ်းတို့ကို စစ်ကြီးအတွက် အားသွန်ခွန်စိုက်ထုတ်လုပ်ပေးလေသည်။ မေရီလန်ပြည်နယ်၏ လူဦးရေမှာ ၁၉၆ဝ ပြည့်နှစ် ခန့်မှန်းချက်အရ ၃,ဝ၇၂,၉၉၉ ယောက်ဖြစ်၏။[]

  1. Annual Estimates of the Resident Population for the United States, Regions, States, and Puerto Rico: April 1, 2000 to July 1, 2009။ United States Census Bureau။ 2009-12-30 တွင် ပြန်စစ်ပြီး။
  2. American FactFinder, United States Census Bureau။ U.S. Census Bureau, September 29, 2010။ Factfinder.census.gov။ 12 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-10-24 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)