မောင်ကြီးသည် မြန်မာလူမျိုး ကိုယ်ခံပညာအားကစားသမားတစ်ဦး ဖြစ်ကာ ဗန်တိုအားကစားနည်းကို အမေရိကန်ပြည်ထောင်စုသို့ မိတ်ဆက်ပေးခဲ့သူ တစ်ဦး ဖြစ်သည်။[၁]

မောင်ကြီး
ငယ်ရွယ်စဉ်အခါက မောင်ကြီး
မွေးဖွားတမ်းပလိတ်:Bya
Burma
နေထိုင်ရာWashington, D.C.
စတိုင်Bando
ကြင်ဖော်Patricia Gyi
ကလေးSerena Gyi and Melinda White
မောင်ကြီး (၁၉၉၀ ခုနှစ်)

အတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

မောင်ကြီးကို ၁၉၃၆ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ သူဖခင်မှာ ဘသန်း (ကြီး) ဖြစ်သည်။ သူ၏ဖခင်သည် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဖြစ်သည်။ သားဖြစ်သူအား ကျန်းမာရေးကောင်းအောင် ထိန်းသိမ်းရန်၊ အမျိုးမျိုးသော ကိုယ်ခံပညာရပ်များကို လေ့လာရန်၊ အဖွဲ့အစည်းဆိုင်ရာအားကစားများတွင် ပါဝင်လှုပ်ရှားရန် တိုက်တွန်းခဲ့သည်။

၁၉၆၀ ခုနှစ် အစောပိုင်းတွင် မောင်ကြီးသည် မြန်မာ့ဗန်တိုကို ဝါရှင်တန်ဒီစီရှိ အမေရိကန်တက္ကသိုလ်တွင် စတင်ကာ သင်ကြားပေးခဲ့သည်။ သူသည် ၁၉၆၅ ခုနှစ်တွင် American Eagles men's soccer အသင်း၌ နည်းပြအဖြစ် လုပ်ဆောင်ခဲ့သည်။[၂] He coached the American Eagles men's soccer team in 1965.[၃]

၁၉၆၆ ခုနှစ်တွင် မောင်ကြီးသည် အမေရိကန်ဗန်တိုအဖွဲ့အစည်း (ABA) ကို Athens, Ohio တို့၌ ဖွဲ့စည်းခဲ့သည်။ မကြာသေးခင်နှစ်များက မောင်ကြီးသည် ခေတ်သစ်မြန်မာ့ဗန်တိုအားကစားနည်းကို မြှင့်တင်ရန်အတွက် ကြိုးစားလုပ်ဆောင်ခဲ့သည်။ သူသည် အာဆီယံ၏ ကိုယ်ခံပညာအားကစားနည်းများကို အမေရိကန်နိုင်ငံတွင် တိုးတက်အောင်အောင် လုပ်ဆောင်ကာ လက်ခံလာစေရန် လုပ်ဆောင်ခဲ့သည်။

မောင်ကြီးသည် ကိုယ်ခံပညာကို တက်မြောက်သူတစ်ဦး ဖြစ်သလို နိုင်ငံတကာဥပဒေ၊ psycholinguistics နှင့် ဆက်ဆံရေးပညာများတွင်လည်း ပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူတစ်ဦး ဖြစ်ကာ တစ်ခါတစ်ရံ သမ္မာကျမ်းစာပါအကြောင်းအရာများကို သူ၏ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းကာ သင်ကြားလေ့ရှိသည်။ မောင်ကြီးသည် Athens, Ohio ရှိ Ohio တက္ကသိုလ်တွင် ပါမောက္ခတစ်ဦး ဖြစ်သည်။ သူသည် Ohio တက္ကသိုလ်တွင် ယဉ်ကျေးမှုပေါင်းစုံဆက်ဆံမှု၊ ကြားကာလ ဘောလုံးနည်းပြနှင့် Boxing လက်ဝှေ့နည်းပြအဖြစ် OU Boxing Club အတွက် ဆောင်ရွက်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်