မောင်စိုးထိုက် (သုံးဆယ်) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အမည်ရင်း ဦးစိုးရှိန် ဖြစ်ပြီး ပဲခူးတိုင်းသာယာဝတီခရိုင်သုံးဆယ်မြို့၊ တောင်ပန်းဆွဲရွာတွင် အဖဦးထွန်း၊ အမိဒေါ်အုန်းရီတို့မှ ၁၃၁၂ခု၊ နယုန်လဆန်း ၁ ရက်နေ့တွင် ဖွားမြင်ပြီး မွေးချင်း (၅) ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ သုံးဆယ်မြို့၊ ကြပ်ချောင်းရွာ အ.လ.က နှင့် အ.ထ.က (၄) မရမ်းကုန်းတို့တွင် တက္ကသိုလ်ဝင်တန်း (ခ) အောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။

ဦးစိုးရှိန်
မွေးဖွား (၁၉၅၀-0၅-၁၆) မေ ၁၆၊ ၁၉၅၀ (အသက် ၇၃)
၁၃၁၂ခု၊ နယုန်လဆန်း ၁ ရက်နေ့
ပဲခူးတိုင်းသာယာဝတီခရိုင်သုံးဆယ်မြို့၊ တောင်ပန်းဆွဲရွာ
ကလောင်အမည်မောင်စိုးထိုက်-သုံးဆယ်
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုး မြန်မာ
မိဘဦးထွန်း + ဒေါ်အုန်းရီ
ကိုးကွယ်မှုဗုဒ္ဓဘာသာ

၁၉၇၃ မှ ၁၉၇၈ အထိ မိုးလေဝသဌာန နှင့် အထည်အလိပ်လုပ်ငန်းတို့တွင် နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ပြီး ပါတီကောင်စီ တာဝန်များသို့ ကူးပြောင်းခဲ့သည်။

တတိယအကြိမ် နှင့် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်တွင် မရမ်းကုန်းမြို့နယ်၊ ပြည်သူ့ကောင်စီဝင် (လုံခြုံ / စီမံ နှင့် တရားရေးအဖွဲ့ဝင်)၊ စာပေလုပ်သားအဖွဲ့၊ ဂီတကောင်စီတို့တွင် အလုပ်အမှုဆောင်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် MWJA အဖွဲ့ဥက္ကဋ္ဌ၊ MWJA (ဗဟို) ပထမအကြိမ် နှင့် ဒုတိယအကြိမ် ညီလာခံသက်တမ်း (၈) နှစ် ဗဟိုဦးစီး ကော်မတီဝင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း၊ NGO အသင်းအလုပ်အမှုဆောင် (စီမံရေးရာတာဝန်ခံ)၊ MWJA အဖွဲ့တတိယအကြိမ်စာပေ ညီလာခံတွင် CEC၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး)၊ အခြေခံစည်းမျဉ်းများပြင်ဆင်ရေး အတွင်းရေးမှူး၊ စတုတ္ထအကြိမ်စာပေညီလာခံတွင် တွဲဖက်အတွင်းရေးမှူး၊ အခြေခံစည်းမျဉ်းတွင် အလွှာသုံးလွှာပါဝင်နိုင်ရန် စည်းမျဉ်းပြင်ဆင်ရေး အတွင်းရေးမှူး၊ ပဉ္စမအကြိမ်စာပေညီလာခံတွင် CEC၊ (ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်း)ထုတ်တင် စိစစ်ရေးနှင့် စာပေအဖွဲ့ဝင် စိစစ်ရေး၊ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) တွင် အမှုဆောင်တာဝန်များ ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း ပထမအကြိမ် ညီလာခံမှ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အသင်းစည်းမျဉ်းဆိုင်ရာ ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ် တာဝန်ပေးအပ်ခြင်း ခံရသည်။

ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်အလှူများနှင့် ရဟန်း (၂၃)ပါး၊ ရှင် (၂၄၅)ပါး၊ သီလရှင် (၇၈) ပါးတို့အားတစ်ဦးတည်း ဒကာခံ၍ သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်း၊ (၄ - ၁၁ - ၂၀၁၄) နေ့တွင် သွေး (၁၂၉) ကြိမ်မြောက် လှူဒါန်းခြင်း၊ နွမ်းပါးသောနာရေးများအား ပံ့ပိုးသင်္ဂြိုဟ်ခြင်းတို့အား ဒါနပြုနေသူ ဖြစ်သည်။

ရရှိခဲ့သော ဆုများ ပြင်ဆင်ရန်

ကလေးပန်းချီဆု၊ ပညာသင်ဆု၊ စာစီစာကုံးဆု၊ တေဇ / ရှေ့ဆောင်၊ လမ်းစဉ်လူငယ် တေးသီချင်းဆု၊ အတာသင်္ကြန်တေးသံချပ်နှင့် အလုပ်သမားအစည်းအရုံး တေးသံချပ်ဆု၊ ကျောင်းကျန်းမာရေးဆု၊ ကျပန်းစကားပြောနှင့် စကားရည်လုပွဲဆု အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဆုပေါင်း (၁၂၆) ဆုအပြင် နိုင်ငံတော်အဆင့် အောက်ပါဆုများ ထပ်မံရရှိခဲ့သည်။

စာပေဗိမာန်စာမူဆုများအဖြစ် ၁၉၈၄ ခုနှစ်တွင် စာပဒေသာ ဒုတိယဆု၊ ၁၉၉၉ ခုနှစ်တွင် ကလေးစာပေ ဒုတိယဆု၊ ၂၀၀၅ ခုနှစ်တွင် လူငယ်စာပေ တတိယဆု၊ ၂၀၀၇ ခုနှစ်တွင် လူငယ်စာပေ ဒုတိယဆု၊ ၂၀၀၈ ခုနှစ်တွင် စာပဒေသာ တတိယဆု၊ ၂၀၁၀ ခုနှစ်တွင် ပြဇာတ်စာပေ ဒုတိယဆု၊ ၂၀၁၂ ခုနှစ်တွင် ပြဇာတ်စာပေ တတိယဆု စုစုပေါင်း (၇) ဆု ရရှိခဲ့သည်။

ပခုက္ကူဦးအုံးဖေ စာပေဆုနှင့် စာအုပ်ဆုအဖြစ် ၂၀၀၅ ခုနှစ်တွင် ဝတ္ထုတိုပေါင်းချုပ် တတိယဆု၊ ၂၀၀၈ ခုနှစ်တွင် စာအုပ်ဆု၊ စုစုပေါင်း (၂) ဆု ရရှိခဲ့သည်။

တပ်မတော်နေ့ စာပေပြိုင်ပွဲဆုများအဖြစ် ၁၉၉၉ ခုနှစ်တွင် ဝတ္ထုရှည် ပထမဆု၊ ၂၀၀၀ ပြည့်နှစ်တွင် ဝတ္ထုရှည် ဒုတိယဆုနှင့် ဆောင်းပါးဆု၊ ၂၀၀၁ ခုနှစ်တွင် ဝတ္ထုတို ဒုတိယဆုနှင့် ဆောင်းပါးဆု၊ ၂၀၀၂ ခုနှစ်တွင် ဝတ္ထုတို တတိယဆု၊ ၂၀၀၅ ခုနှစ်တွင် ဝတ္ထုရှည်ဆု၊ ၂၀၀၆ ခုနှစ်တွင် ဝတ္ထုရှည်ဆု၊ စုစုပေါင်း (၈) ဆု ရရှိခဲ့သည်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်း စာပေပြိုင်ပွဲဆုများအဖြစ် ၂၀၀၂ ခုနှစ် (ရန်ကုန်) ဝတ္ထုတိုဆုနှင့် ဆောင်းပါးဆု၊ ၂၀၀၈ ခုနှစ် (နေပြည်တော်) ဝတ္ထုတိုဆု၊ စုစုပေါင်း (၃) ဆု ရရှိခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးပြိုင်ပွဲဆုများအဖြစ် ၂၀၀၄ ခုနှစ်တွင် ဝတ္ထုတိုဆုနှင့် ဆောင်းပါးဆု၊ ၂၀၀၅ ခုနှစ်တွင် ဆောင်းပါး ပထမဆုနှင့် ဝတ္ထုတို ဒုတိယဆု၊၂၀၀၆ ခုနှစ်တွင် ဆောင်းပါးပထမဆု၊ ၂၀၁၁ ခုနှစ်တွင် ဆောင်းပါးအထူးဆု၊ စုစုပေါင်း (၆) ဆု ရရှိခဲ့သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဂုဏ်ပြုဆုအဖြစ် ၂၀၁၃ ခုနှစ် သန့်စင်သွေး (၁၂၄) ကြိမ်မြောက် သွေးလှူရှင် ဂုဏ်ပြုဆု ရရှိခဲ့သည်။

စာပေစွမ်းဆောင်ရည်ဆုများအဖြစ် ၁၉၉၈ ခုနှစ်တွင် ပထမ၊ ၂၀၀၂ ခုနှစ်တွင် ပထမ၊ စုစုပေါင်း (၂) ဆု ရရှိခဲ့သည်။

ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်ဆုအဖြစ် ၂၀၁၂ ခုနှစ်တွင် စိန်ရတု မိုး / ဇလ ဆောင်းပါးဆု ရရှိခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့ထူးဂုဏ်ထူးဘွဲ့တံဆိပ်များအဖြစ် ၂၀၀၀ ပြည့်နှစ် လွတ်လပ်ရေးနေ့တွင် လူမှုထူးချွန် (တတိယဆင့်) တံဆိပ်၊ ၂၀၀၄ ခုနှစ်တွင် လူမှုထူးချွန် (ပထမဆင့်) တံဆိပ်၊ ၂၀၀၅ ခုနှစ်တွင် သာသနာတော်ဆိုင်ရာ သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်တော်၊ ၂၀၀၇ ခုနှစ်တွင် International Theravada Buddhist Missionary University (Foreign Language) လူမှုရေးထူးချွန်ဆု၊ ၂၀၀၄ ခုနှစ်မှစ၍ အကြိမ် (၁၀၀) နှင့်အထက် သွေးလှူရှင် ဂုဏ်ထူးဆောင်တံဆိပ်များ နှစ်စဉ်ရရှိခဲ့သည်။

ပြည်ပခရီးစဉ်များ ပြင်ဆင်ရန်

ပြည်ပခရီးစဉ်များအဖြစ် ၂၀၀၃ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ၂၀၀၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ (မွန်ဘိုင်းဒေသ)၊ ၂၀၁၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ (ဂယာ / နယူးဒေလီ) နီပေါနိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် တရုတ် (ရွှေလီ - မန်စီ) ဒေသများသို့ သာသနာပြု လေ့လာရေးခရီးနှင့် ဗီယက်နမ်နိုင်ငံ (ဟနွိုင်း) မဲခေါင်စာပေဆိုင်ရာ ဆွေးနွေးပွဲများ သွားရောက်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်စိုးထိုက် (သုံးဆယ်) (မေ ၂၀၁၅)။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး - သမိုင်းစုံ၊ အံ့ဖွယ်ရာများနှင့် ဗုဒ္ဓ၊ ဓမ္မ သံဃ ပူဇာ။ ရန်ကုန်မြို့: အမေ့သားထိုက်စာပေ၊။