မောင်ညိုဝင်း (ပန်းချီဆရာ)
ပန်းချီ မောင်ညိုဝင်းကို ၁၉၄၂-ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှစ်မ နှစ်ယောက်ရှိသည်။ ဖခင်သည် ၁၉၅၀-ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွေ့ကာ ပန်းချီလုပ်ငန်းကို လုပ်ကိုင်ကာ မိသားစုကို မန္တလေးတွင် ထားရှိခဲ့သည်။ ၁၉၅၂-ခုတွင် မိသားစုအားလုံး ရန်ကုန်သို့ ပြောင်းခဲ့ကြသည်။
သူ၏ဖခင်မှာ မြန်မာပန်းချီလမ်းကြောင်း၏ အင်ပရက်ရှင်းနစ်အဖြစ် ကျော်ကြားလှသော ဦး ဘရင်ကလေး ဖြစ်သည်။
ပန်းချီမောင်ညိုဝင်းသည် နောက်ပိုင်းတွင် ကွယ်လွန်သူ စာရေးဆရာ၊ ပန်းချီဆရာများ၏ Funeral Portrait (ဈာပနရုပ်ပုံ) ရေးရာတွင် နာမည်ကြီးသည်။ မိုးမိုး(အင်းယား)၊ ဗဂျီအောင်စိုး၊မြသန်းတင့်၊ အထောက်တော်လှအောင်၊ ခင်ဝမ်း၊ ညိုလှ(ပန်းချီ)၊ တက္ကသိုလ်ဘုန်းနိုင်၊ သာဓု၊ လင်းယုန်မောင်မောင်၊ လေထီးဦးအုန်းမောင်၊ မောင်ထွန်းသူ၊ မြတ်လေး၊ စံတိုး၊ သခင်ခင်ညွန့်၊ ဦးသုခ၊ ဦးမြင့်စိုး(ပန်းချီ)၊ စိုင်းထီးဆိုင်၊ တင်မောင်မျင့်၊ မောင်ချောနွယ်၊ မောင်မောင်သိုက်၊ သခင်အုန်းမြင့်၊ လှသန်း၊ လူထုစိန်ဝင်း၊ နတ်နွယ် စသဖြင့် ဈာပနရုပ်ပုံများကို သူရေးခဲ့သည်။ ဈာပနရုပ်ပုံများကို ညတွင်းချင်း ရေးပေးရသည်။ မိုးလင်းပေါက်ရေးရသည်။ အခကြေးငွေ မယူဘဲ သူ့ဆေးနှင့် ရေးပေးသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မောင်ကိုကို (အမရပူရ) ရေးသော ခေတ်ပြိုင်ပန်းချီဆရာများ၊ ၂၀၁၅၊ ဩဂုတ်လ၊ စာ-၉၈