မောင်မောင်စိုး

နိုင်ငံရေးသမား
ဘောလုံးအားကစား အတွက် မောင်မောင်စိုး (ဘောလုံးသမား) ကို ကြည့်ပါ။

ဦးမောင်မောင်စိုးသည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် ၅ ဧပြီလ ၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ဇန်နဝါရီ၃၁ရက်အထိရန်ကုန်မြို့တော်ဝန်ရာထူးနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ထမ်းဆောင်သည်။ [၁][၂] သူသည် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစားယူခဲ့သော ပါမောက္ခတစ်ဦးလည်းဖြစ်သည်။[၃]

H.E.

မောင်မောင်စိုး
ရန်ကုန်မြို့၏ မြို့တော်ဝန်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၅ ဧပြီ ၂၀၁၆
ယခင်လူလှမြင့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1951-05-15) မေ ၁၅၊ ၁၉၅၁ (အသက် ၇၂)
အလုပ်အကိုင်ပါမောက္ခ

ဦးမောင်မောင်စိုးအား ၁၅ မေ ၁၉၅၁ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး[၄] ၁၉၇၃ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့(Bachelor of Economics)ကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်သည်။[၅]

၂၀၂၁ ဖေဖော်ဝါရီ၁ရက်နေ့ နောက်ပိုင်းအခြေအနေ ပြင်ဆင်ရန်

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် ဦးမောင်မောင်စိုးသည် အခြားသော နိုင်ငံရေးရာထူးရှိသူများနည်းတူ တာဝန်မှရပ်စဲခံခဲ့ရကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရန်ကုန်မြို့တော်ဝန် အသစ်အဖြစ် ဦးဗိုလ်ဌေး အား ခန့်အပ်ခဲ့သည်။[၆]

ထိုအချိန်မှစပြီး ဦးမောင်မောင်စိုး၏ သတင်းသည် မီဒီယာပေါ်တက်မလာတော့ပေ။အဖမ်းခံရသည်ဟုလည်း သတင်းမထွက်ခဲ့ပေ။[၇]  ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်း တစ်နှစ်နှင့် ၄လခန့်အကြာ ၂၀၂၂ခုနှစ် မေလ ၂၆ရက် တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၎င်းအပါအဝင် ဒုတိယမြို့တော်ဝန်ဟောင်း၊ရန်ကုန်စည်ပင်တာဝန်ရှိသူအချို့နှင့် ရန်ကုန်အစိုးရအဖွဲ့ဝင်ဟောင်းတချို့ ကို အဂတိမှုများကျူးလွန်သည်ဟု စွပ်စွဲကာ အရေးယူထားကြောင်း ထုတ်ပြန်ခဲ့သည်။[၈]

အရေးယူထားမှုထုတ်ပြန်ချက်ထဲ ရန်ကုန်မြို့တော်အတွင်း ဆီဆိုင်များ ဖွင့်လှစ်မှု၊ မြေငှားချထားပေးမှုနှင့် တခြားမြေငှားချထားမှုများတွင်  နိုင်ငံဘဏ္ဍာငွေ နစ်နာခဲ့ရသည်က ဦးမောင်မောင်စိုးတွင်တာဝန်ရှိသည် ဟုဖော်ပြခဲ့သည်။[၉] [၁၀]

ကိုးကား ပြင်ဆင်ရန်

  1. "Rangoon MPs Approve New Regional Government Members" (in en-US)၊ 2016-04-04။ 
  2. Appointment of Mayors (Order No. 22/2016)။ Republic of the Union of Myanmar President’s Office (5 April 2016)။ 22 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 August 2021 တွင် ပြန်စစ်ပြီး။
  3. Ye Mon (5 April 2016)။ Ex-civil servants dominate Yangon cabinet
  4. H.E. U Maung Maung Soe။ 2 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 April 2017 တွင် ပြန်စစ်ပြီး။
  5. To၊ Lee Lai; Othman၊ Zarina (2016)။ Regional Community Building in East Asia: Countries in Focus (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Routledge။ ISBN 9781317265559
  6. ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ ခန့်အပ်တာဝန်ပေးခြင်း
  7. ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပွဲ ဖမ်းဆီးခံရသူများစာရင်း
  8. ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအပါအဝင် ၆ ဦးကို အဂတိမှုဖြင့်စွပ်စွဲ စစ်ကောင်စီအမှုဖွင့်
  9. ရန်ကုန်မြို့တော်ဝန်အပါအဝင် ၆ ယောက် အဂတိနဲ့ အမှုဖွင့်ခံရ
  10. စက်သုံးဆီဆိုင်ဖွင့်ရန် မြေနေရာများကို ကာလပေါက်စျေးထက် နည်းပါးသည့်နှုန်းထားဖြင့် ချထားပေးခြင်း၊ အပါအဝင် ယခင်ရန်ကုန်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးဟံထွန်း၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုမြို့တော်ဝန်ဟောင်း၊ စည်ပင်အဖွဲ့မှ အတွင်းရေးမှူးအပါအဝင် လူခြောက်ဦးအား အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
နိုင်ငံရေးဆိုင်ရာ ရုံးများ
ယခင်က
လှမြင့်
ရန်ကုန်မြို့တော်ဝန်
၂၀၁၆–လက်ရှိ
တာဝန်ထမ်းဆောင်ဆဲ