မောင်မျိုးပုံ (ညောင်ရမ်းမင်းသား)

မင်းတုန်းမင်း နှင့် ဒုတိယ မြောက်ရွှေရေးဆောင် မိဖုရား တို့မှ ဖွားမြင်သော ပထမ သားတော်ဖြစ်သည်။ အမည်အပြည့်အစုံမှာ ညောင်ရမ်းမင်းသား မောင်မျိုးပုံ ဖြစ်သည်။ ညီမှာ ညောင်အုပ်မင်းသား မောင်မျိုးယုံ၊ ညီမမှာ ကျောက်ဆောက် မင်းသမီး ဖြစ်သည်။

မင်းတုန်းမင်းတရားကြီးက အရိုက်အရာခံအဖြစ် ဆက်ခံစေချင်သူ ဖြစ်သည်။ နန်းတွင်းလုပ်ကြံမှုကြောင့် ညီတော် ညောင်အုပ်မင်းသားနှင့်အတူ အင်္ဂလိပ်သံရုံးခိုဝင် အလွတ်ရုန်းပြေးခဲ့ရသည်။ ၎င်းနောက် အိန္ဒိယသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။

ခရစ်နှစ် ၁၈၈၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် နတ်ရွာစံသည်။