မောင်ဝိတ်
မောင်ဝိတ် (၁၉၇၃ မွေးဖွား[၁]) သည် မြန်မာ စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး အိမ်ခြံမြေ၊ ကုန်သွယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သော မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ၏ တည်ထောင်သူ ဖြစ်သည်။[၁][၂]
မောင်ဝိတ် | |
---|---|
မွေးဖွား | ၁၁.၀၁.၁၉၇၃ ပုသိမ်မြို့ |
နိုင်ငံလူမျိုး | ဗမာ |
အလုပ်အကိုင် | စေပိုင်ဖွံ့ဖြိုးမှုလီမီတက် တည်ထောင်သူနှင့် ဥက္ကဋ္ဌ |
မိဘ(များ) | အဖ ဦးမောင်မောင်လွင် + အမိ ဒေါ်ခင်ညို |
အစောပိုင်းကာလ
၁၉၇၃ခုနှစ်တွင်ပုသိမ်မြို့၌ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့ အထက(၁) ဒဂုံမှ အခြေခံပညာအထက်တန်းအောင်မြင် ကာ ၁၉၉၅ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒဘွဲ့ ရရှိခဲ့သည်။[၃]
၁၉၉၁ ခုနှစ် ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပသော (၁၆) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ၁၉၉၂ခုနှစ် ဘရူနိုင်း နိုင်ငံတွင် ကျင်းပသော South East Asian Amateur Golf Team Championship ( Putra Cup) များသို့မြန်မာနိုင်ငံ ကိုယ်စားပြု ဂေါက်သီးရိုက် အားကစား အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ဖူးသော ဂေါက်သီးရိုက် အားကစား လက်ရွေးစင်ဟောင်း လည်းဖြစ်သည်။[၃]
စီးပွားရေးနယ်ပယ်သို့ ဝင်ရောက်လာခြင်း
၁၉၉၄ ခုနှစ်တွင် မောင်ဝိတ်နှင့်မိသားစု ကုမ္ပဏီကို မိသားစုပိုင်စီးပွားရေးလုပ်ငန်းအဖြစ်တည်ထောင်ခြင်းဖြင့် စီးပွားရေးလောကထဲဝင်ရောက်လာခဲ့သည်။မောင်ဝိတ်၏ကုမ္ပဏီသည် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းခြင်း၊ ပဲ နှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ ကုန်သွယ်မှုလုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သည်။ ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီကို ထူထောင်ကာ ရန်ကုန်၊မန္တလေး အစရှိသည့်မြို့ကြီးများတွင် မြို့ပြဖွံဖြိုးရေးတည်ဆောက်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။[၃]၂၀၁၆ ခုနှစ်တွင်မန္တလေးမြို့ ၌ ဧက ၂၅၀၀ ရှိသော အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအား Mandalay Business Capital City Development Ltd အမည်ဖြင့် အကောင်အထည်ဖော်သည်။[၄] ၂၀၂၀ တွင် မောင်ဝိတ်နှင့်မိသားစုကုမ္ပဏီအားဖျက်သိမ်းသည်။[၅]
ထိုသို့ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေစဉ် ၂၀၁၆ခုနှစ်အရောက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား Patek Philippe နာရီပေးသည်ဟု ပြည်တွင်းမီဒီယာတစ်ခုမှရေးသားခဲ့သဖြင့် မောင်ဝိတ်က မည်သည့်ခုံရုံးတွင်မဆို အစစ်ခံရန်အဆင်သင့်ရှိနေကြောင်း ပြန်လည်ရှင်းလင်းသည့်သတင်းစာရှင်းလင်းပွဲမှာ [၆] လူအများစိတ်ဝင်စားသောသတင်းတစ်ခုဖြစ်ခဲ့သည်။[၇]
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရအား အပြည့်အဝထောက်ခံအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုများဆက်တိုက်ပြုလုပ်ခဲ့၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးကပ်သောဆက်ဆံရေးရှိသူအဖြစ် လူသိ ပိုများလာခဲ့သည်။ [၈]
၂၀၂၀ပြည့်နှစ်တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် က အမျိုးသားလုပ်ငန်းရှင်(၈)ဦးအားအဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ခဲ့ရာတွင် မောင်ဝိတ်လည်း ပါဝင်ခဲ့သည်။[၉]
ပုဂ္ဂိုလ်ရေးဘဝ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းနှင့် ဒုတိယသမ္မတ (၁) ဖြစ်သော ဦးမြင့်ဆွေ၏ တူမဖြစ်သူ[၂] ဒေါ်ယဉ်မင်းသီနှင့် လက်ထပ်ခဲ့ပြီး[၁၀] ၂၀၀၇ ခုနှစ်တွင် ကွာရှင်းခဲ့သည်ဟု မီဒီယာအချို့က ဖော်ပြကြသည်။
တစ်ဖက်တွင်လည်း ဇနီးဟောင်းဖြစ်သူဒေါ်ယဉ်မင်းသီအား ဒုတိယသမ္မတဦးမြင့်ဆွေ၏ တူမအဖြစ် ဖော်ပြခဲ့၍ မီဒီယာရှေ့သိပ်မထွက်ခဲ့သည့်ဒေါ်ယဉ်မင်းသီကိုယ်တိုင် သူမသည် ဦးမြင့်ဆွေ၏တူမ မဟုတ်မှန်ကြောင်း ထွက်ရှင်းခဲ့သည်ကိုလည်းတွေ့ရသည်။[၁၁] [၁၂]
အငြင်းပွားဖွယ်ရာကိစ္စများ
ဗိုလ်ချုပ်ကြီးဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသူ ဖြစ်သည်။ မြန်မာတိုင်း(မ်)၏ အဆိုအရ မောင်ဝိတ်သည် ၂၀၀၃ ခုနှစ်မှစ၍ မလေးရှားမှ မြန်မာနိုင်ငံသို့ မူးယစ်ဆေးများ တရားမဝင်တင်သွင်းရာတွင် ပတ်သက်မှုရှိသည်ဟု ဆိုသည်။[၁၃]
တပ်မတော်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် သရုပ်ဆောင်များအတွက် အက်တဆီ၊ မက်သမ်ဖတမင်း၊ ကီတမင်း စသည့် စိတ်ကြွမူးယစ်ဆေးများ ဖြန့်ချိမှု၊ တင်သွင်းမှုများဖြင့် ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် လမ်းမတော်မြို့နယ် ရဲစခန်းက မောင်ဝိတ်ကို ဖမ်းဆီးခဲ့သည်။[၁][၁၃] ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် လမ်းမတော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။[၁] အထူးစစ်ဆင်ရေးအဖွဲ့မှူးဟောင်း ဦးရဲမြင့်၏ သားဖြစ်သူ အောင်ရဲဇော်မြင့်နှင့် အတူ မူးယစ်ဆေးသုံးစွဲခဲ့သည်ဟုလည်း ဆိုကြသည်။[၁၀][၁၄] ၂၀၁၆က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မောင်ဝိတ်က ၎င်းအနေဖြင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအလွန်ကာလ ကျိုတ်လတ်မြို့တွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးသုံးစွဲရန်အားပေးအားမြှောက်မှု၊ ဧည့်စာရင်းမတိုင်မှုတို့ဖြင်ထောင်ဒါဏ် ၁၈ နှစ်ချမှတ်ခံခဲ့ရသည်ဟု ကိုယ်တိုင်ထုတ်ဖော်ပြောကြားသည်။မူးယစ်ဆေးဝါးမှုဖြင့် ထောင်ချခံရပုံကို “သေသူမရှိသည့် လူသတ်မှု”ဟု ပြောကြားပြီး ၎င်း မူးယစ်ဆေးဝါးသုံးစွဲ၊ရောင်းချခြင်း လုံးဝမရှိဟု ငြင်းဆိုသည်။[၁၅] ထောင်ထဲတွင် ၅နှစ် ၆လကျော်နေခဲ့ရပြီးနောက်၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။[၁၆]
၂၀၂၁-၂၀၂၃ကာလများ
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့ က ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် နိုင်ငံရေးသမားများ၊တက်ကြွလှုပ်ရှားသူများ၊ကျောင်းသားနှင့်စာရေးဆရာစသည်တို့ ဖမ်းဆီးထိန်းသိမ်းခံရမှုတွင်စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်လည်း [၁၇] ထိန်းသိမ်းခံခဲ့ရသည်။
ထိန်းသိမ်းခံရပြီး ၁လကျော်အကြာ ၂၀၂၁ မတ်လ၁၇ရက်တွင် စေပိုင်ကုမ္ပဏီပိုင်ရှင် မောင်ဝိတ်၏ ထွက်ဆိုချက်ဆိုသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အား အမေရိကန်ဒေါ်လာ၅သိန်းခွဲလှူဒါန်းခဲ့သည်ဆိုသော ရုပ်သံဖိုင်တစ်ခု မြန်မာ့ရုပ်မြင်သံကြားမှတဆင့် ကြေညာခဲ့သည်။ကြိုတင်မှတ်တမ်းတင်ထားသည့် ဗီဒီယိုမှတ်တမ်း၏အရည်အသွေးသည် အလွန်နိမ့်ကျပြီး အသံအား ရှင်းရှင်းလင်းသဲသဲကွဲကွဲမကြားရဘဲ သတင်းတင်ဆက်သူက ပြန်လည်ပြောဆိုချက်ကိုသာ သဲသဲကွဲကွဲကြားရသည်ဟု ဘီဘီစီသတင်းဌာနက [၁၈]မှတ်ချက်ပြုထားသည်။
၂၀၂၂ ဖေဖော်ဝါရီ ၁၈ရက်တွင် ထိန်းသိမ်းခံမောင်ဝိတ်သည်မန္တလေးအကျဉ်းထောင်အထူးတရားရုံးအတွင်း စစ်ဆေးသည့် ဒေါက်တာဇော်မြင့်မောင်၏ ရုံးချိန်းတွင် ဒေါက်တာဇော်မြင့်မောင် ကင်ဆာရောဂါကုသရန်အတွက် အမေရိကန်ဒေါ်လာ၁သိန်းနှင့် မြန်မာငွေကျပ်သိန်း၆၅၀လှူဒါန်းခဲ့သည်ဟု လာရောက် ထွက်ဆိုချက်ပေးခဲ့သည်။[၁၉]
ဆေးကုသရန် ငွေပေးခြင်းမဟုတ် မိမိ၏ဖခင်နှင့်အဘိုးမှာ ကင်ဆာကြောင့် ကွယ်လွန်ခဲ့ရ၍ လှူဒါန်းခြင်းသာဖြစ်ကြောင်း တရားရုံးတွင် ထပ်ခါတစ်လဲလဲပြောဆိုခဲ့သည်ဟု မီဒီယာများက ဖော်ပြကြသည်။[၂၀] [၂၁]
ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများအတွက်အလှူငွေလက်ခံခဲ့သဖြင့်ဒေါက်တာမျိုးအောင်အား အဂတိမှုဖြင့်တရားဆွဲထားသည့် အမှုနှင့်ပတ်သတ်ပြီး ၂၀၂၂ ဖေဖော်ဝါရီ၂၃ရက်က နေပြည်တော်အထူးတရားရုံးတွင် စစ်ဆေးခဲ့ရာတွင် မောင်ဝိတ်ကလာရောက်ပြီး ငွေကျပ်သိန်း ၁၁၀ ကို ၎င်း လှူဒါန်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်။[၂၂]
ယင်းနောက် ၎င်းနှင့် စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိဖြင့် စွပ်စွဲအမှုဖွင့်တရားစွဲဆိုထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား အမေရိကန်ဒေါ်လာ ၅သိန်းခွဲပေးလှူမှု နှင့် ပါတ်သတ်၍လည်း မောင်ဝိတ်က ၂၀၂၂ မေလ ၃၁ရက်တွင် ပြုလုပ်သည့်နေပြည်တော်အထူးတရားရုံးအတွင်း မိမိ၏သဘောဆန္ဒအရ ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုသွားကြောင်း မီဒီယာများ၏ဖော်ပြမှုများကိုလည်းတွေ့ရသည်။[၂၃] [၂၄] [၂၅]
သူသည် ၂၀၂၁ ဖေဖော်ဝါရီ ၃ရက်ကစပြီး ၂နှစ်နှင့်၄ လကျော်ထိန်းသိမ်းခံရပြီးနောက် ၂၀၂၃ ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လွတ်လာသည်။ ထိုနေ့ နေပြည်တော်တွင် ကျင်းပသည့် မြန်မာထိပ်တန်းသူဌေးကြီး ၁၀၀ကျော်တက်ရောက်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးမှုအခြေအနေရှင်းလင်းပွဲသို့ သူတက်ရောက်ပြီး အလှူငွေပေးပြီးကာမှ နေအိမ်သို့ ပြန်လာရခြင်းဖြစ်သည်။[၂၆][၂၇][၂၈]
လှူဒါန်းမှုများ
မောင်ဝိတ်သည် ဘာသာရေးဆိုင်ရာအလှူအတန်းများ၊ လူသားခြင်းထောက်ထားမှုဆိုင်ရာ အလှူအတန်းများ အများအပြား လှူဒါန်းခဲ့သူဖြစ်ပြီး ၁၉၉၉ ခုနှစ်ကာလအတွင်း ရွှေတိဂုံစေတီတော်အတွက် မြန်မာ ကျပ်ငွေသိန်း(၅၀၀၀)ကျော် လှူဒါန်းခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) သို့ ကျပ်သိန်းပေါင်း ၁၅၀၀၀ ကိုလှူဒါန်းခဲ့သည်။[၂၉]
မောင်ဝိတ်သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ၁၉ ရက်ကပုထိုးတော်ကြီး(အမရပူရ) အားအများပြည်သူခုနှစ်ရက်သားသမီးများနှင့် ပူးပေါင်းပြီး အထက်ဌာပနာ ထည့်သွင်းပူဇော်ခြင်း၊ ပန်းလည်တိုင် စိုက်ထူခြင်း၊ ရွှေထီးတော်အသစ် ဘုံ ၉ ဆင့် တင်လှူခြင်းဖြင့် ပုထိုးတော်ကြီး၏သတ္တမအကြိမ်မြောက် ထီးတော်သစ်အား တင်လှူခဲ့သည်။[၃၀]
၂၀၂၀ ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း ရန်ကုန်လှိုင်ကွာရတင်းစင်တာ၊ ကုသရေးယာယီဆေးရုံ နှင့် မန္တလေး ကန်တော်ကြီးဆေးရုံတွင် ကွာရတင်းစင်တာ ဖွင့်လှစ်ခဲ့ခြင်း အပြင် မန္တလာဒီဂရီကောလိပ် ကွာရတင်းစင်တာ တိုးချဲ့ရေးအတွက် ဦးမောင်ဝိတ်၏ မန္တလေးစီးပွားရေး မြို့ပြဖွံ့ဖြိုးရေး ကုမ္ပဏီ MBCCD [၃၁]က လှူဒါန်းခဲ့သည်။[၃၂]
ကိုးကား
- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ Min Lwin။ "Maung Weik Charged with Trafficking Drugs"၊ The Irrawaddy၊ 10 July 2008။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 12 July 2015။
- ↑ ၂.၀ ၂.၁ Aung Zaw။ "Tycoon Turf"၊ The Irrawaddy၊ September 2005။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 11 July 2015။
- ↑ ၃.၀ ၃.၁ ၃.၂ မော်ကွန်းတင်ပြီးမိတ္တူ။ 8 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 December 2021 တွင် ပြန်စစ်ပြီး။
- ↑ ဧရာဝတီမြစ် မြေနုကျွန်းပေါ်ရှိ မြေဧက ၂၀၀၀ ကျော်ပေါ်၌ တည်ဆောက်လျက်ရှိသည့် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအနေဖြင့် စီမံကိန်းမှဝယ်ယူထားသည့် မြေဧကများပေါ်တွင် ဆောင်ရွက်နေပြီး ကုမ္ပဏီမှဝယ်ယူထားခြင်းမရှိသည့်မြေပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိဟုဆို။ Eleven Media Group (၂၂ နိုဝင်ဘာ ၂၀၁၉)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၀ ပြည့်နှစ် မတ်လ ၆ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၁၀) ပြန်တမ်းစာစောင်။ စာပေဗိမာန်။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဘယ်ဝန်ကြီးကိုမှ နာရီလက်ဆောင် ပေးတာမရှိဘူးလို့ မောင်ဝိတ် ရှင်းလင်း။ DVB TV News (၉ နိုဝင်ဘာ ၂၀၁၆)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မောင်ဝိတ် Patek Philippe မည်သူ့ကိုမှ မပေးခဲ့၊ မီဒီယာအားဖြင့် အနိုင်ကျင့်ခံရခြင်းသာဖြစ်ဟု ရှင်းလင်း။ News Watch (၉ နိုဝင်ဘာ ၂၀၁၆)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NLD အစိုးရ “ထာဝရ ငြိမ်းချမ်းရေး စေတီ” တည်။ ဧရာဝတီ (၂၄ မေ ၂၀၁၈)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ။ Myanmar Digital News (၈ မတ် ၂၀၂၀)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၁၀.၀ ၁၀.၁ Min Lwin။ "Drug-Dealing Junta Crony Gets 15 Years"၊ The Irrawaddy၊ 26 November 2008။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 12 July 2015။
- ↑ Emerald Boutique House ရဲ့ ပဲ့ကိုင်ဖန်တီးရှင် ဒေါ်ယဉ်မင်းသီ။ News Watch News and Media (၃၀ ဇန်နဝါရီ ၂၀၂၂)။ 3 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 6 March 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2022 တွင် ပြန်စစ်ပြီး။
- ↑ ၁၃.၀ ၁၃.၁ "Maung Weik still under detention"၊ Mizzima၊ 19 June 2008။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 12 July 2015။
- ↑ "Drug investigation, heavy punishment likely for Maung Weik"၊ Mizzima၊ 3 July 2008။ 29 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 12 July 2015။
- ↑ သေသူမရှိသောလူသတ်မှုဟုမောင်ဝိတ်ပြော။ Marigold (၁၀ မတ် ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Soe Moe။ "မြန်မာနိုင်ငံတွင် ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ခြင်း ကင်းဝေးပါစေ မောင်ဝိတ် ဆုတောင်း" (in Burmese)၊ Yangon Media Group။ 11 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Tycoons Close to Daw Aung San Suu Kyi Interrogated by Myanmar Military။ The Irrawaddy (15 February 2021)။ 10 February 2023 တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်အောင်ဆန်းစုကြည်ကို မောင်ဝိတ်က ဒေါ်လာ ၅ သိန်းခွဲလာဘ်ထိုးတယ်လို့ စွပ်စွဲ။ BBC Burmese (၁၇ မတ် ၂၀၂၁)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးဝန်ကြီးချုပ်အမှု စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် သက်သေထွက်ဆို။ DVB (၁၉ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါက်တာ ဇော်မြင့်မောင် အဂတိအမှု ဆက်လက်စစ်ဆေး။ RFA (၁၈ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါက်တာဇော်မြင့်မောင် အမှု တရားလိုပြသက်သေ COVID-19 ကူးစက်ခံရ၍ ကြားနာစစ်ဆေးမှု မပြု။ Mizzima Daily (၂၂ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်မြို့တော်ဝန် အဂတိလိုက်စားမှုမရှိဟု စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် သက်သေထွက်ဆို။ DVB (၂၃ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းတာသာဖြစ်ဟု ဦးမောင်ဝိတ် ထွက်ဆို။ DVB (၃၁ မေ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအလှူငွေနှင့်စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုခံထားရသည့်အဂတိနှစ်မှုတွင်ငွေကြေးလှူဒါန်းခြင်းသာဖြစ်ကြောင်းဦးမောင်ဝိတ်လာရောက်ထွက်ဆို။ Yangon Media Group (၃၁ မေ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ဒေါ်အောင်ဆန်းစုကြည်အား ပေးသည်မှာ အလှူငွေဟု ဦးမောင်ဝိတ် ထွက်ဆို။ ဧရာဝတီ (၃၁ မေ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (၃၀ ဇွန် ၂၀၂၃ )။ ၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လွတ်လာ။ DVB TV News (၃၀ ဇွန် ၂၀၂၃)။ ၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရွှေ မလှူဒါန်းခဲ့ဟု ဦးမောင်ဝိတ် ငြင်း။ ဧရာဝတီသတင်း (၃၀ ဇွန် ၂၀၂၃)။ ၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်အရေး သိန်းတသိန်းကျော် လှူ (in my)။ ၈ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ် အထွဋ်တင်လှူပူဇော်ပွဲ ကျင်းပမည်။ Myanmar Digital News (၁၆ ဖေဖော်ဝါရီ ၂၀၁၉)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း နဲ့ ဧရာဝတီ (in en)။ ၈ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ မန္တလေး မန္တလာဒီဂရီကောလိပ်တွင် Quarantine Center စောင့်ရှောက်မှုတိုးချဲ့ရန်အတွက် MBCCD မှ ထပ်မံလှူဒါန်းရန် ကြိုတင်ပြင်ဆင် (in my)။ ၈ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။