သိန်းဆိုင်၊ မောင်

(မောင်သိန်းဆိုင် မှ ပြန်ညွှန်းထားသည်)

မောင် သိန်းဆိုင် (၁၉၄၀−၂၀၀၆) သည် မြန်မာလူမျိုး စာရေးဆရာ ဖြစ်သည်။

မောင်သိန်းဆိုင်
မွေးဖွားပိုကာ
(၁၉၄၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၂၀)ဒီဇင်ဘာ ၂၀၊ ၁၉၄၀
ရန်ကုန်တိုင်းလှည်းကူးမြို့နယ် ဖောင်ကြီးရွာ
ကွယ်လွန်နိုဝင်ဘာ ၂၅၊ ၂၀၀၆(၂၀၀၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၂၅) (အသက် ၆၅)
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်စာရေးဆရာ၊ အယ်ဒီတာချုပ်
မိဘ(များ)ဦးတင့်ဆန်း၊ ဒေါ်အုန်းရီ

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၄၀ ပြည့်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် ရန်ကုန်တိုင်းလှည်းကူးအပိုင် ဖောင်ကြီးရွာ၌ ဦးတင့်ဆန်း၊ ဒေါ်အုန်းရီတို့က ဖွားမြင်သည်။ အမည်ရင်းမှာ သိန်းဆိုင်ဖြစ်၍ ငယ်နာမည်မှာ ပိုကာ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဖောင်ကြီးရွာအား မီးလောင်ဗုံးကျသဖြင့် လှည်းကူး၊ ရန်ကုန်နှင့်ပဲခူးမြို့ များသို့ စစ်ပြေးဘဝဖြင့် လှည့်လည်ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၁၉၅၀ ဝန်းကျင်၌ ပဲခူးရှိ အဖွား၊ အဒေါ်တို့နှင့် နေထိုင်လျက်၊ မဇင်းရပ်ကွက်၊ မူလတန်းကျောင်း၊ ဇိုင်းဂနိုင် (မြောက်ပိုင်း) ဆရာကြီးဦးစံအေး ကျောင်းတို့တွင် ပညာသင်ကြားသည်။ အလယ်တန်းနှင့် အထက်တန်းကို ပဲခူး အမှတ် (၁) အစိုးရအထက်တန်းကျောင်း၌ သင်ယူသည်။ ၁၉၅၉ ခုတွင် ဆယ်တန်းအောင်သည်။

စာပေ လှုပ်ရှားမှု ပြင်ဆင်ရန်

အသက် (၁၃) နှစ်အရွယ်တွင် ရေးသားသည့် လည်ဆွဲရတနာ ဝတ္ထုတိုကို ၁၉၅၃ ခု၊ ဇွန်လထုတ် စုံထောက်မဂ္ဂဇင်းတွင် ဖော်ပြခံရသည်။

၁၉၆၀ ပြည့်တွင် အကောက်ခွန်ဌာန၌ တာဝန်ထမ်းသည်။ ကလေးဂျာနယ်၊ သွေးသောက်မဂ္ဂဇင်းတို့တွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များ ရေးသားသည်။ လျှို့ဝှက်သဲဖို မဂ္ဂဇင်း၌ ပင်တိုင်စာရေးဆရာ ဖြစ်လာသည်။ ၁၉၆၄ ခုတွင် အကောက်ခွန်မှ ထွက်ကာ အချိန်ပြည့် စာရေးဆရာဘဝကို ခံယူသည်။

ဇာတ်ညွှန်းလည်း ရေးသည်။ နှလုံးသား ရေအလျဉ်၊ ရမ္မက်ဇော၊ ညမင်းသား စသည့် ဇာတ်ညွှန်းများမှာ ထင်ရှားသည်။ လုံးချင်း (၁၀၀) ကျော်၊ ဇာတ်ညွှန်း (၇၀)ကျော် ရှိခဲ့သည်။

လျှို့ဝှက်သဲဖို မဂ္ဂဇင်း၊ ပန် မဂ္ဂဇင်းတို့တွင် စာတည်း၊ သည်းထိတ်ဖို မဂ္ဂဇင်း၊ ဇော်ဂျီ မဂ္ဂဇင်းတို့တွင် စာတည်းချုပ် အဖြစ် လုပ်ခဲ့သည်။

ရေးသားသော စာအုပ်များ ပြင်ဆင်ရန်

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ပဆစ်အိမ် ၁၉၇၈
အချစ်သည်သာ မြတ်နိုးအပ်သောအရာ ၁၉၈၄
ညောင်သီးလည်းစား လေးညှို့သံလည်းနားထောင် ၁၉၈၄
ကြောင်တစ်ကောင်နှင့် ကြွက်တစ်မြုံ ဝတ္ထုတိုပေါင်းချုပ် ၁၉၆၀ အခြားသူများနှင့်
ပုံပြောခိုင်းသော မိန်းကလေး ၁၉၇၁
နန္ဒာဝန်မှ မြသီတာ ၂၀၀၃
စာခြောက်ရုပ်ချစ်သူ ၁၉၇၁
နံ့သာလိမ်းကျံ ပန်းစိမ်းပန် ဝတ္ထုတိုများ ၁၉၇၁
ကျွန်တော်နှင့် လယ်လယ် ၁၉၇၁
ချစ်သော လယ်လယ် ၁၉၇၁
စိန်ခြယ် ခြူးသန်း ၁၉၇၁
မျက်နက်ဝန်းလေးများမှတစ်ဆင့် ၁၉၇၁
ဝေနှင်းသီ ၁၉၇၀
သွယ်သွယ်သင်း ၁၉၇၀
တင်ထွေးထွေး မဂ္ဂဇင်းဝတ္ထုရှည်များ ၁၉၇၀
အပြိုင် ၁၉၇၀ တင့်ဆန်း နှင့်အတူ
စိမ်းလဲ့လဲ့ ညိုပြာ ၁၉၆၉
ငရဲမှာ ဆုံစို့ကွယ် ၁၉၆၉ မောင်သက်နောင်၊ မောင်ရဲမြင့် တို့နှင့်အတူ
မောင့်အိပ်မက် ၁၉၆၉
မိုးပြိုတော့မယောင် ၁၉၆၉ ရွာပါသော်လည်း မိုးမသည်း နှင့် ပေါင်းထုတ်
ရေနံ့သာ ခင်ခင်ကြီး ၁၉၆၉
အသဲနီနီ သွေးနီနီ ၁၉၆၉ ဆွေမြင့် နှင့်အတူ
ဝင်္ကဘာမြိုင် ၁၉၆၈
တိတ်တခိုး ၁၉၆၈
ကြောင်လိမ်လှေကားအသွင် ၁၉၆၈
ပိတောက်ပွင့်ဦး ဝတ္ထုတိုများ ၁၉၆၈
ပုဂံမြို့သူ ၁၉၆၈
မီးစိမ်းမီးလျှံ ၁၉၆၈ လူအောင် ကလောင်ဖြင့်
ခရုပတ်လမ်းကြောင်း ၁၉၆၈
အစောတို့ရဲ့ မော ၁၉၆၇
အချစ်ဆုံးမုန်းသူ ၁၉၆၇
အကျည်းတန်မ ၁၉၆၇
စောသီတာလှိုင် ၁၉၆၇
နွယ် သို့မဟုတ် အန္တရာယ် ၁၉၆၇
ဝဲဩဃ ၁၉၆၇ မောင်သက်နောင် နှင့်အတူ
ငြိမ်းငြိမ်းအိ ၁၉၆၅
ဘယ်မြိုင်ညိုက ကြိုပါ့မယ် ၁၉၆၅
ဥမ္မာ ၁၉၆၅
ပိတောက်တစ္ဆေ ဝတ္ထုတိုများ ၁၉၆၅
အသွေးရော အသားရော ၁၉၆၆ အတိတ်မဲ့လူသားတစ်ဦး နှင့်အတူ
လူအမျိုးမျိုး စိတ်အထွေထွေ ၁၉၆၆
တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာ ၁၉၆၆
အတ္တအကျဉ်းသား ၁၉၆၆
ခြေရာလည်း ပျောက်၊ ရေလည်း နောက် ဝတ္ထုတိုများ ၁၉၆၆
သူစိမ်းပြင်ပြင် ၁၉၆၆
ကျားငါးစီးနှင့် မိန်းမပျိုတစ်ယောက် ၁၉၆၆
အမေနှင့် သမီးများ ၁၉၇၃
နတ်ပြည်မိုးသူဇာ ပျံကျလာသို့ ၁၉၇၃
နှလုံးသား၏ အခြားတစ်ဖက်မှာ ၁၉၇၃
ကိုယ့်မျက်ဝန်းမှာ သူ့အရိပ် ၁၉၇၃
လွမ်းပန်းခြေ၏ ကောက်ပါလှည့် ၁၉၇၃ မြင့်မောင်မောင် နှင့်အတူ
ရွှေဝတ္ထု ဂရုဏာစာစု ၁၉၇၃ နွမ်ဂျာသိုင်း၊ ကာလီဒေဗီ တို့နှင့်အတူ
ပန်းပန်လှအောင် ဆံယဉ်သပါ့မယ် ၁၉၇၃
မြသီတာ အလွမ်းပြေ ၁၉၇၃
မောင့်မြဒါလီ ၁၉၇၃
ဇွန် (၂) ၁၉၇၈
ချစ်သူဝေးဝေး ပြေးသောအခါ ၁၉၆၂
နှုတ်ခမ်းသန္တာ မျက်ဝန်းမဟူရာ ပါးစကားဝါ ၁၉၇၉
ဤမဟာဘဒ္ဒကမ္ဘာ၌ အချစ်မရှိသောကိုယ် ငါဖြစ်လို ၁၉၇၉
ကေသရီ ၁၉၈၀
ဧပရယ် ၁၉၈၀
မိုးမခမြိုင်မှသည် ၁၉၈၀
ချစ်သောနွေ လှသောမိုး မြတ်နိုးသောဆောင်း ၁၉၈၀
ပျားရည်ထက်ပင် ချိုပါသည် ၁၉၈၁
ကမ္ဗည်းမတင်ရစ်လေသော အချစ် ၁၉၈၁ မောင်သာပြည့် နှင့်အတူ
ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့် ၁၉၈၁ ဝင်းမောင်ထွန်း နှင့်အတူ
ကာလီမ မာနနှင့် လက်ရွေးစင် ဝတ္ထုတိုများ ၁၉၈၁
ဖေဖေမေမေထက်ချစ်တဲ့ မောင်မောင်ရယ် ဝတ္ထုတိုများ ၁၉၈၁
မိုးသည် ငွေရည်၊ မိုးသည် မျက်ရည် ၁၉၈၁
မယ်ထွေးအသား ခါးလှတယ်၊ ပင်လယ်ရေနဲ့ ဆေးပါ့မယ် ၁၉၈၁ လွင်စန်းယဉ် နှင့်အတူ
ကေသွယ်မြသား သိမ်နိုင်အားနှင့် ၁၉၇၄
ကေသွယ်သွယ်ကြောင့်သာ ၁၉၇၄
စိန်စီမြကြဲ ပုလဲမွေ့ယာပမာ ၁၉၇၄
နေ့လယ်မှာ မက်တဲ့အိပ်မက် ၁၉၇၅
လေသိမ်းတိုင်း နွဲ့တော့သည်သာ ၁၉၇၅
စာပေဆွေနွေးပွဲ ၁၉၇၅
သိကြားမင်းဖျက်တောင် မပျက်နိုင်ပါဘူးရှင် ၁၉၇၆
လိမ္မော်ရောင် တနင်္ဂနွေ ၁၉၇၆
မဟူရာညမှာ သာသောလ ၁၉၇၆
မြသီလာ ၁၉၇၇
နှင်းဆီမွေ့ယာပေါ်က ခရမ်းပြာအိပ်မက် ၁၉၇၇
ဇွန် (၁) ၁၉၇၇
အသည်းလွှာ မဟီဝယ် ၁၉၆၁
ချစ်ရက်ကယ်နှောင်း ၁၉၆၁
ချစ်သူ့မျက်ရည် လွမ်းသက်သေ ၁၉၆၁
ချစ်တတ်လာသော တနေ့တွင် ၁၉၆၂
မနေ့ကမဟုတ်သော မနက်ဖြန် ၁၉၇၂
မနက်ဖြန် သို့မဟုတ် နိဗ္ဗာန် ၁၉၇၂
မိန်းမဆန်လွန်းသော မိန်းမ၊ ယောက်ျားဆန်လွန်းသော ယောက်ျား ၁၉၇၂
အကြင်နာလက်ဖြင့် ထွေးဖက်လှည့်ပါ ၁၉၈၃
တောင်အရပ်မှလာသော ဧည့်သည် ၁၉၈၃
နွေအလယ်ကူးကာမှ ပုရစ်ဖူးတွေဝေ ၁၉၈၃
ပုစ္ဆာဆန်သော မိန်းကလေး ၁၉၆၃
မျက်နှာကြည့်ဝံ့ မကြည့်ဝံ့ ၁၉၆၃
လေလွင့်ရင်းဖြင့် လွမ်းတော့မည် ၁၉၆၃
ရင်တထိတ်ထိတ် နှင့် အခြား ဝတ္ထုတိုများ ၁၉၆၃
ခင်ပပမြိုင် ၁၉၆၄ ခင်ကျော် စာပေ
ဝိုးတဝါး ၁၉၆၄

ရုပ်ရှင်ဖြစ်လာသော စာအုပ်များ ပြင်ဆင်ရန်

  • ပုစ္ဆာဆန်သော မိန်းကလေး
  • တံခါးခေါက်သံ
  • စိတ်စေတသိတ်
  • စိတ္တဇ
  • မိန်းကလေးရှင်ရဲ့ ဆန္ဒ
  • ဒဏ္ဍာရီထဲက သတို့သမီး

လူမှုရေး လှုပ်ရှားမှု ပြင်ဆင်ရန်

ဇော်ဂျီ နှစ်တစ်ရာပြည့်အထိမ်းအမှတ် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ၊ မြောက်ဥက္ကလာပ စာပေနှင့် စာနယ်ဇင်း ဟောပြောပွဲ၊ ပြဇာတ် ဖြစ်မြောက်ရေး ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၀၆ ခု၊ နိုဝင်ဘာလ ၂၅ရက်၊ မွန်းလွဲ ၁၂ နာရီ၊ ၂ဝ မိနစ်တွင် ကွယ်လွန်ခဲ့သည်။ ဇနီးဒေါ်ကြည်ကြည်စမ်းနှင့် သားသမီး(၅)ဦး ကျန်ရစ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်