မော်လတာရှိ ကျောက်ဆစ်ဘုရားကျောင်းတော်ကြီးများ

မော်လတာရှိ ကျောက်ဆစ်ဘုရားကျောင်းတောင်ကြီးများ သည် သမိုင်းမတင်မီခေတ်က တည်ဆောက်ခဲ့သော ဘုရားကျောင်းများ ဖြစ်ပြီး အချို့မှာ ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင် ဖြစ်သည်။ [၁]ဘီစီ ၃၆၀၀ မှ ဘီစီ ၇၀၀ အတွင်း ထင်ရှားသော ခေတ် ၃ ခေတ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ ကျွန်းနိုင်ငံတစ်ခု ဖြစ်သော မော်လတာနိုင်ငံ တွင် တည်ရှိသည်။ [၂] ထိုအဆောက်အဦးများအား ကမ္ဘာပေါ်တွင် ရှေးအကျဆုံး အထောက်အကူမပါ ရပ်တည်နေသော အဆောက်အဦးများဟု ဆိုကြသော်လည်း[၃]တူရကီနိုင်ငံရှိ မြေကြီးအောက်သို့ အစိတ်အပိုင်းမျာစွာ မြုပ်ဝင်နေသော ဂိုဘယ်ကီ တီပီ အဆောက်အဦးက ပို၍ ရှေးကျသည်ဟုလည်း ဆိုကြသည်။[၄][၅] ရှေးဟောင်းသုတေသန ပညာရှင်များက ထိုအဆောက်အဦးများသည် ယဉ်ကျေးမှု တော်လှန်ရေး ကာလ အတွင်း ဒေသခံတို့၏ တီထွင်ကြံဆမှုကြောင့် ပေါ်ထွက်လာသည်ဟု ယုံကြည်ကြသည်။ [၆][၇] ထို့အတွက်ကြောင့် ချန်တီယာခေတ် (ဘီစီ ၃၆၀၀ မှ ၃၀၀၀ အတွင်း) အချို့သော ဘုရားကျောင်းများကို တည်ဆောက်ခဲ့ပြီး တာရှန် ဘုရားကျောင်း အဆောက်အဦး အစုအဝေး တစ်ခု ဖြစ်လာခဲ့ကာ ဘီစီ ၂၅၀၀ အထိ အသုံး ပြုခဲ့ကြသည်။ ထို့နောက်တွင် ဘုရားကျောင်း တည်ဆောက်သည့် ယဉ်ကျေးမှုမှာ ကွယ်ပျောက်ခဲ့သည်။ [၈][၉]

မော်လတာရှိ ကျောက်ဆစ်ဘုရားကျောင်းတော်ကြီးများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  မော်လတာ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iv
ကိုးကား ၁၃၂
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၀  (စတုတ္ထအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ချန်တီယာ ဘုရားကျောင်းများ အနက် ၂ ခုကို ၁၉၈၀ တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။ [၁၀] ၁၉၉၂ ခုနှစ်တွင် ယူနက်စကိုမှ အခြားသော ကျောက်ဆစ်ဘုရားကျောင်းတော်ကြီး ၅ ခုအား စာရင်းတွင် ထပ်မံ ထည့်သွင်းခဲ့သည်။ ၎င်းတို့မှာ ကရန်ဒီ ရှိ ဟာဂျာအင် နှင့် နိုင်ဒရာ ၊ ယား ရှိ တာဟဂျရတ် ဘုရားကျောင်းတော်များ ၊ ဇီးဘစ်ရှိ စကော်ဘာဘုရားကျောင်းတော်များ ၊ တာရှန်ရှိ တာရှန် ဘုရားကျောင်းတော်များ တို့ ဖြစ်ကြသည်။ [၁၀] ယခုအချိန်တွင် ထိုဒေသများအား မော်လတာ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ စီမံခန့်ခွဲပြီး ပတ်ဝန်းကျင် နေရာများ၏ မြေပိုင်ဆိုင်မှုမှာမူ ဒေသ တစ်ခုနှင့် တစ်ခု ကွဲပြားသည်။[၁၁][၁၂] ထို့အပြင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် မပါဝင်သော အခြား ကျောက်ဆစ်ဘုရားကျောင်းတော်များလည်း ရှိသေးသည်။

ကိုးကား ပြင်ဆင်ရန်

  1. 21 World Heritage Sites you have probably never heard of။ Daily Telegraph။
  2. Megalithic Temples of Malta – UNESCO World Heritage Centre။ Whc.unesco.org။ 2011-10-09 တွင် ပြန်စစ်ပြီး။
  3. The Prehistoric Archaeology of the Temples of Malta။ Bradshawfoundation.com။ 2009-07-22 တွင် ပြန်စစ်ပြီး။
  4. The Archaeological Site of Göbeklitepe။ Whc.unesco.org။ 2013-04-23 တွင် ပြန်စစ်ပြီး။
  5. For comparison, the oldest Egyptian pyramids date from approximately 2630 BC–2611 BC, nearly 1000 years younger than the oldest of the Maltese megalithic temples.
  6. Blouet၊ The Story of Malta၊ p. 22
  7. Prehistoric Temples of Malta။ 2008-09-16 တွင် ပြန်စစ်ပြီး။
  8. Blouet၊ The Story of Malta၊ p. 28
  9. Malta: Ancient Home to Goddesses and Fertility Cults။ 2006-12-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-09-16 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ Megalithic Temples of Malta။ 2008-09-16 တွင် ပြန်စစ်ပြီး။
  11. Malta Temples and The OTS Foundation။ Otsf.org။ 2009-07-22 တွင် ပြန်စစ်ပြီး။
  12. David Trump et al., Malta Before History (2004: Miranda Publishers)