မျက်နှာကြီးရာ ဟင်းဖတ်ပါ သည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ဧည့်သည်ချင်းအတူတူ မျက်နှာကြီးသူအား ဟင်းဖတ်များများ ပိုထည့်ပေးသည် ဆိုသကဲ့သို့ ဆက်ဆံသူချင်း အတူတူ ဂုဏ်ရှိသူအား မျက်နှာလိုက်၍ ဦးစားပေးသည်။

(ယောင်းမကြီးရာ ဟင်းဖတ်ပါ- ဟူ၍လည်း အသုံးရှိသည်။)

  1. "မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သော လောကကြီးမှာ သွေးသားအရင်း ခေါင်းနင်းဆင်းပင် ဖြစ်စေကာမူ၊" [၁၂၉၈] ဒဂုန်၊ ၁၇၊ ၁၉၆။ ၁၇၁။
  2. "အများထုံစံကဲ့သို့ မျက်နှာကြီးရာ ဟင်းဖတ်ပါသည့် စိတ်မျိုးမဟုတ်။" [၁၂၉၈] စာအု။ ၁၉၉။

ကိုးကား ပြင်ဆင်ရန်