မျက်ဖြေလင်္ကာ
ရေပွက်ပမာ ခဏတာ
- သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊ သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း ။
- ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းစံ ၊ မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ် ၊ စည်းစိမ်မကွာ ၊ မင်းချမ်းသာကား ၊ သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊ ခဏတက်သည် ၊ ရေပွက်ပမာ ၊ တစ်သက်လျာတည်း ။
- ကြင်နာသနား ၊ ငါ့အားမသတ် ၊ ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကြည် ၊ အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊ မချွတ်စသာ ၊ သတ္တဝါတည်း ။
- ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊ ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက် ၊ သံသာစက်၌ ၊ ကြိုက်လတ်တွန်မူ ၊ တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊ သခင်မွန်ကို ၊ ချန်ဘိစင်စစ် ၊ အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏ ၊ သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း ။
ရေးစပ်သူ။ ။ အနန္တသူရိယ အမတ်ကြီး
ခေတ်။ ။ မြန်မာ - ၄၇၄ - ၅၃၅ ခန့်