ငယ်ဘဝ ပြင်ဆင်ရန်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ ဇာတိဖြစ်သည်။ ၁၉၅၆ တွင် မိဘများနှင့်အတူ ဟင်္သာတမြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ဖခင်မှာ ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ဟင်္သာတတွင် တယောဝိုင်း ထူထောင်ခဲ့သည်။ ဟင်္သာတမြို့ အထက (၁) တွင် ပညာသင်ယူခဲ့ပြီး ကဗျာကို ဝါသနာပါသူဖြစ်သည်။ ကျောင်းနံရံကပ်စာစောင်များတွင် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ဟင်္သာတမောင်မြင့်ငွေ ကလောင်ဖြင့် ဟင်္သာတမြို့ထုတ် မဂ္ဂဇင်း၊ သတင်းစာနှင့် စာစောင်များတွင်လည်းကောင်း ရန်ကုန်ထုတ် သင့်ဘဝ၊ သွေးသောက်၊ ချိုတေးသံ၊ ရုပ်ရှင်စာစောင်များတွင် လည်းကောင်း ကဗျာများ ရေခဲ့သည်။

ကိုယ်ရေးဖြစ်စဉ် ပြင်ဆင်ရန်

၁၉၆၂ တွင် ရန်ကုန်သို့ ရောက်ရှိပြီး ဂီတလောကတွင် စတင် အခြေချခဲ့သည်။ လက်ဦးဆရာများမှာ ညောင်တုန်းသား စန္ဒရားချိုတေးဆက် ဦးအောင်ကိုးနှင့် ဂီတစာဆို ကိုလေးလွင်တို့ ဖြစ်ကြသည်။ မြန်မာ့အသံတွင် ပုရစ်ဖူး တေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူရင်း ကာလပေါ်၊ ဓာတ်ပြားသီချင်းများ ရေးဖွဲ့သည်။

နိုင်ငံအကျိုးပြုသီချင်းများကို ရေးဖွဲ့သည်။ ၁၉၉၂ တွင် ကျင်းပသော ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ဖွင့်ပွဲသီချင်း (အာရှမြန်မာ)၊ ပိတ်ပွဲသီချင်း (သွေးချင်းတို့ရေ နှုတ်ဆက်သည်) နှင့် အောင်ပွဲခံ သီချင်းတို့ကို ရေးဖွဲ့ခဲ့သည်။ သီချင်းပြိုင်ပွဲဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ရာ အဆိုပါ သီချင်း ၃ ပုဒ်ဖြင့် ပထမဆု ၃ ဆု တစ်ဦးတည်း ရရှိခဲ့ခြင်း ဖြစ်သည်။

၁၉၉၃ တွင် အာရှမြန်မာ သီချင်း အောင်မြင်မှုအတွက် နတ်ရေကန်ရွှေစောင်းဆု ကို ရရှိခဲ့သည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကြိုဆိုလှုံ့ဆော်ရေးသီချင်း "နေ့သစ်များရဲ့မြန်မာပြည် " ပိတ်ပွဲသီချင်း "ရင်နှီးချစ်ကြည် နှုတ်ဆက်သည် " သီချင်းတို့ကို ရေးဖွဲ့ခဲ့သည်။

နောင်အင်းလေး အချစ်ချောင်းလေးခြားမှာစိုးတယ် သမုဒ္ဒရာခြားလို့နေမလား၊ လောကကြီးကိုခါးစောင်းတင်မယ့်လူစား၊

အချစ်ဦးသို့ရွှေနားတော်သွင်း မဖုရားလေးစိမ်းတယ် မိနွေမ စုံတောမြိုင် ရွှေမင်းသမီးအတွက်လက်ဖွဲ့ပစ္စည်း (ဟင်္သာတထွန်းရင်)၊

ငပလီကမျှော်နေမယ် တောင်ပြာတန်းကမောင်စစ်သည်တို့ (စိမ်းမို့မို့)၊

ရွှေညောင်ကားလမ်း၊ အချစ်တိုင်းပြည်ကအမုန်းမရှိတဲ့အသည်း၊ မောမြေ မောနှမ မောအလှ (ကိုလေးလွင်နှင့်တွဲဖက်ရေးသားသည်)၊ လေကိုဆန်ပျံစို့လား၊ ချစ်အလွမ်းလေးများ ပန်းသို့ခြွေ၊ ကျွန်မမေတ္တာအလျော်ပြန်ပေး (မြို့မကြည်ကြည်ဌေး)၊ ချစ်တိုင်းညားရပါစေဘုရား (မာမာအေး)၊ မီးခဲလေးနဲ့တူတဲ့အချစ် (သန်းသန်းနွယ်)၊ တက္ကသီလာမှလွမ်းတေးတစ်ပုဒ်၊ လူစိမ်းကားကြီး (မို့မို့ဇော်ဝင်း)၊


စ‌သော သီချင်းအမြောက်အမြားကိုလည်း ရေးစပ်သီကုံးခဲ့ပါသည်။

အကိုးအကား ပြင်ဆင်ရန်

တင့်လွင်ဦး(စီးပွားရေတက္ကသိုလ်)၏ ဟင်္သာတသားဂီတစာဆို။ ကြေးမုံသတင်းစာ၊ ၁၉ ဇန်နဝါရီ ၂၀၁၅။