မြင့်မြတ်သော ရောမအင်ပါယာ အော့တိုး ၄

မြင့်မြတ်သော ရောမအင်ပါယာ ပြည့်ရှင် (၁၂၀၉ မှ ၁၂၁၈ ခုနှစ်ထိ)

စတုတ္ထ အော့တိုးဘုရင်သည် ဗာဗေးရီးယားနှင့် ဆက္ကဆိုနီနယ်စား ဟင်နရီ၏ ဒုတိယသားတော်ဖြစ်၍၊ ဦးရီးတော် အင်္ဂလန်ပြည့် ရှင် ပထမရစ်ချတ်၏ နန်းတော်၌ ကြီးပြင်းလာခဲ့ရသည်။ ၁၁၉၈ ခုနှစ်တွင် ဂျာမန်ဘုရင်အဖြစ် ရွေးကောက်တင်မြေ|ာက် ခြင်းခံရသည်။ ထို့နောက် ၁၂ဝ၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ရောမမြို့၌ ဧကရာဇ်ဘွဲ့ကို ခံယူရရှိသည်။ သို့ရာတွင် အော့တိုးဘုရင်သည် ပုပ်ရဟန်းမင်းကို ဆန့်ကျင် ဖက်ပြုသဖြင့် ၁၂၁ဝ ပြည့်နှစ်၌ ရဟန်းမင်းက သာသနာမှ ထုတ်ပယ်၍ ဒုတိယ ဖရက်ဒရစ်ကို နန်းတင်လေသည်။ ၁၂၁၄ ခုနှစ်တွင် အော့တိုးဘုရင်သည် ပြင်သစ်နိုင်ငံ မြောက်ပိုင်း ဗူးပင်းတိုက်ပွဲ၌ အင်္ဂလန်ဘုရင် ဂျွန်နှင့်အတူ စစ် ရှုံးခဲ့ပြီးနောက်၊ ၁၂၁၈ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)