• စေတီပုထိုးအမှတ် = ၁၃၂၈/၆၅၂

မြင်းကပါစေတီသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံမြင်းကပါအရပ်တွင် တည်ရှိသည်။ မြင်းကပါစေတီကို ခရစ်(၁၁)ရာစုတွင် အနော်ရထာမင်း (အေဒီ ၁၀၄၄−၁၀၇၇) တည်ခဲ့သည်။ အနော်ရထာနှင့် နောင်တော် စုက္ကတေး စီးချင်းထိုးရာတွင် စုက္ကတေးသည် အနော်ရထာ၏ အရိန္ဒမာလှံချက်ဖြင့် မြင်းနှင့်တကွ မြစ်နားသို့ပါ၍ အနိစ္စရောက်ခဲ့သည်။ စုက္ကတေးမင်း အနိစ္စရောက်ပြီးနောက် အနော်ရထာသည် ပုဂံထီးနန်းကို ဆက်ခံခဲ့သည်။ အနော်ရထာသည် နောင်တော် စုက္ကတေးမင်းကို သတ်မိသည့် မကောင်းမှု ပြေပျောက်ရန် မြင်းကပါရွာ၊ မြင်းကပါချောင်းအနီးတွင် မြင်းကပါစေတီ တည်ခဲ့သည်။ နောင်တော် စုက္ကတေးမင်းအားလည်း အမျှအတမ်းဝေခဲ့သည်။

မြင်းကပါစေတီ၏ ထိပ်ဖူး၊ ဖောင်းရစ်၊ ရင်ဖွဲ့ခါးပတ်၊ ခေါင်းလောင်းပုံတို့တွင် အဆင်တန်ဆာ မွမ်းမံမှု အရှိဘဲ၊ ရိုးရိုးရှင်းရှင်း တည်ဆောက်ထားသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ