သက္ကရာဇ် ၇၈ - ခု တွင် မြင်းကျွေး မင်းဖြစ်သည်။ မင်းမျိုးရိုးမဟုတ်၊ ကုက္ကိုတောင်ပရွာသား၊ သူကြွယ်ကျွန်ဖြစ်၏။ ထိုမင်း မိခင်ကို ယာစောင်ထည့်ရာမှာ ဘီးလူးနှ့င် သံဝါသ (မျိုးပွားဆက်ဆံ)မိ၍ ထိုမင်းကို ဖွားမြင်ခဲ့သည်။ တနေ့တွင် သူ၏သခင် သူကြွယ်မက မြင်းကျောင်းလွတ်ရာ၌ မြင်းပျောက်သွားခဲ့၏။ မင်းထံသို့ သွားရောက်ခစားရာ နီးကပ်စွာ စေပါးရသည်။ ခွန်အားကြီး၍ မြင်းခံအကြီးပြုစေ၏။ မင်းငခွေးသည် မြင်းချစ်လှ၍ မြင်းတင်းကုပ်သို့ နေ့စဉ်လာ၏။ မိဖုရား တယောက်နှင့် အတူနေ၏။ လာဖန်များသော် မြင်းခံအကြီး နှင့် မိဖုရား စကားကို ယုံကြည်လာ၏။ မင်းငခွေး တောကစားတော်မူသော အချိန်တွင် တောအုပ်ထဲ ရောက်ခိုက် မှူးမတ်၊ ဗိုလ်ပါတို့နှင့် ကွဲသွား၏။ ထိုအခိုက် မင်းငခွေးကို မြင်းခံက လုပ်ကြံလေ၏။ မင်းဝတ်တန်ဆာ တို့ကို ဝတ်ဆင်ပြီး မြင်းစီး၍ မြို့သို့ ပြန်လာ၏။ နန်းတော်သို့ ရောက်သော် အလိုသို့ မလိုက်ပါသော မိဖုရားတယောက်ကို လုပ်ကြံပြလိုက်ရာ ၎င်းအလိုသို့ချည်း လိုက်ပါလာကြ၏။ ထိုမင်းကား အိမ်နိမ့် ၂၁-နှစ်၊ စည်းစိမ် ၁၀-နှစ်၊ သက်တော် ၃၁-နှစ် တွင် အနိစ္စ ရောက်၏။ ရောက်လိုသော် ကြသပတေးကြယ် လတွင် ဖောက်ထွင်း ချင်းနင်း၏။ နံတော် စနေသားတည်း။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. အရိယဝံသ၊ အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော စေတိယကထာ မည်သော ရာဇဝင်ချုပ် (၂၀၀၃) သီတဂူကမ္ဘာ့ဗုဒ္ဓသက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာနက စီစဉ်ပုံနှိပ်ထုတ်ဝေသည်။