မြင်းခုန်တိုင်မင်းသားကို ခမည်းတော် သီရိပဝရ ဇယာ နန္တယသပဏ္ဍိ တြိဘဝနာဒိတျာဓိပတိ မဟာဓမ္မရာဇာ ဓိရာဇာ တံဆိပ်နာမံ ခံတော်မူသော ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီး မင်းတုန်းမင်း နှင့် မယ်တော် တောင်ရွှေရေး မိဖုရားကြီး ရတနာဒေဝီမှ ဖွားမြင်ပြီး မြင်ကွန်းမင်းသား၏ ညီတော်ဖြစ်သည်။ ငယ်မည်မှာ ဖိုးထင် ဖြစ်သည်။ [၁]

ဆိုးသွမ်းမှု ပြင်ဆင်ရန်

  • ညီတော် မြင်းခုန်တိုင်မင်းသားကလည်း သက်တော် ၁၆နှစ်၊ ၁၇နှစ်တိုင်အောင် တောင်ဥယျာဉ်တော်အတွင်းရှိ ရေကန်တွင် ငှက်ပျောတုံးကို ဖောင်ဖွဲ့၍ တက်စီးပြီး ရှေ့ကကြိုးတတ်လျက် လူနှစ်ယောက်က ဆွဲရလေသည်။ နေ့စဉ် ပြုလုပ်ရသောကြောင့် မှူးမတ်ကြီးများမှစ၍ အရာရှိများက ကွယ်ရာတွင် မြင်းခုန်တိုင်ဟု မခေါ်ဘဲ လူတေလေးဟု ခေါ်လေသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း ရေး ညောင်ရမ်းမင်းသား၏ နောက်ဆုံးနေ့များနှင့် အခြားစာတမ်းများ၊ စာ-၁၅၅
  2. ဒဂုန်ခင်ခင်လေး၏ မြင်ကွန်းညီအစ်ကိုနှင့် ပတိမ်းမင်းသားပုံကန်မှု (အဋ္ဌာရသ မဂ္ဂဇင်း၊ အမှတ်တစ်)