မြင်းခြံ ကိုးဆောင်တိုက်ဆရာတော်
ဘဒ္ဒန္တသောဘိတမဟာထေရ် (၁၉၁၀-၂၀၀၄) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ဦးဖြစ်ကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၏ ဒုတိယမြောက် ဥက္ကဋ္ဌဆရာတော်ဖြစ်ခဲ့သည်။သက်တော်ရှည် မြင်းခံမြို့၊ကိုးဆောင်တိုက် ဆရာတော်ကြီး ဟူ၍ ထင်ရှားသည်။ ဆရာတော် အား မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့နယ်၊ သီရိပစ္စယာရွာ တွင် ခမည်းတော် ဦးဘိုးခစ်၊မယ်တော် ဒေါ်ကျော့ တို့က ၁၂၇၁-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၃)ရက်၊ သောကြာနေ့ တွင် ဖွားမြင်ခဲ့သည်။ [၁]
ဘဒ္ဒန္တသောဘိတမဟာထေရ် | |
---|---|
ဘာသာ | ဗုဒ္ဓဘာသာ |
ကျောင်းတိုက် | မြင်းခြံမြို့၊ ကိုးဆောင်တိုက် ပခုက္ကူကျောင်းသစ် စာသင်တိုက် |
ဘွဲ့တံဆိပ် | |
အခြားအမည်များ | မြင်းခံမြို့၊ကိုးဆောင်တိုက်ဆရာတော်ကြီး |
ပုဂ္ဂိုလ်ရေးရာ | |
မွေးဖွား | မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့နယ်၊ သီရိပစ္စယာရွာ | ဖေဖော်ဝါရီ ၂၅၊ ၁၉၁၀
ကွယ်လွန် | ၁၇ နိုဝင်ဘာ၊ ၂၀၀၄ | (အသက် ၉၄)
မိဘ | ဦးဘိုးခစ်၊ဒေါ်ကျော့ |
ရာထူး တာဝန် | |
ဌာန | နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ |
ဂုဏ်ဒြပ် | ဥက္ကဋ္ဌဆရာတော် |
ယခင် | ပဲခူးမြို့မ ဆရာတော် |
ဆက်ခံ | ဘဒ္ဒန္တကုမာရ (မကွေးဆရာတော်) |
ရဟန်းပြုခြင်း
ပြင်ဆင်ရန်သက်တော် ၁၂ နှစ် အရွယ် ၁၂၈၃-ခုနှစ်တွင် သီရိပစ္စယာသာယာဝတေ့ကျောင်း ဆရာတော်ဦးပညာဝံသကို ဥပဇ္ဈာယ်ပြု၍ မိဘ နှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်သည်။သက်တော် ၂၀ အရွယ် ၁၂၉၁-ခုနှစ်သို့ ရောက်သောအခါ မြင်းခြံမြို့၊ ဈေးကြီးရပ်၊ သမာဓိဝန်မင်းဆန်ကုန်သည်ကြီး ဦးထွန်းခိုင်၊ ကျောင်းဒါယိကာမကြီး ဒေါ်နန်းစိန် မိသားစု၏ ပစ္စယာနုဂ္ဂဟကိုခံယူပြီး ကိုးဆောင်တိုက် ခဏ္ဍသိမ် ၌ ဟင်္သာတမြို့ တလုတ္ထော် သမိုင်ထန်းတောကြီး ဆရာတော်ကြီး အား ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။
စာသင်သားဘဝ
ပြင်ဆင်ရန်ရဟန်းသိက္ခာ(၂)ဝါ အရ ၁၂၉၃-ခုနှစ်တွင် ပခုက္ကူမြို့ ဆရာတော်အရှင်ပညာ နှင့် အရှင်သုန္ဒရတို့ထံတွင် ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ ကင်္ခါဋီကာသစ်၊ အဘိဓမ္မာပါဠိတော်များ ကို ဆိုဝါဖြင့် သင်ယူတော်မူခဲ့သည်။ ရဟန်း(၅)ဝါအရောက်တွင် ပိဋကတ်စာပေများအား နှံ့စပ်ကျွမ်းကျင်စွာ သင်ယူပြီးမြောက်ခဲ့သည်ဆိုသော မှတ်တမ်းရှိသည်။
အောင်မြင်တော်မူခဲ့သည့် စာမေးပွဲများ
ပြင်ဆင်ရန်- အစိုးရ ငယ်
- အစိုးရ လတ်
- အစိုးရ ကြီးတန်း တို့အား တစ်ဆင့်ပြီး တစ်ဆင့်အောင်မြင်ခဲ့။
- အစိုးရဓမ္မာစရိယစာမေးပွဲ (၁၃၁၂-ခုနှစ်) ဂုဏ်ထူးဆောင်ကျမ်းများ နှင့်တကွ ထူးမြတ်စွာအောင်မြင်ခဲ့၍ သာသနဓဇ သိရီပဝရ ဓမ္မာစရိယဘွဲ့တံဆိပ်တော် နှင့် အောင် လက်မှတ်တော် ရရှိ။
ထမ်းဆောင်ခဲ့သည့် သာသနာရေးတာဝန်များ
ပြင်ဆင်ရန်- ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ပွဲကြီး၏ (၆၆)ပါး ကိုယ်စားလှယ်
- ၁၉၈၀-ခုနှစ်မှ ၁၉၈၁-ခုနှစ်အထိ နိုင်ငံတော်သံဃမဟာနာယက
- ၁၉၈၁-ခုနှစ်မှ ၁၉၉၃-ခုနှစ်အထိ ဒုတိယဥက္ကဋ္ဌ
- ၁၉၉၃-ခုနှစ် မှ ၂၀၀၄-ခုနှစ် အထိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ
- မြင်းခြံခရိုင်ဝိနည်းဓိုရ်
- ပါဠိပညာရေး အဖွဲ့နာယက
- ပါဠိတက္ကသိုလ် ဗဟိုကိုယ်စားလှယ်
- ဆဌသင်္ဂါယနာ သင်္ဂီတိကာရကနှင့် ဘာဏက
- ဆဋ္ဌသင်္ဂါယနာ ပါဠိဝိသောဓက
- ဂျပန်ပြည် သာသနာပြုအဖွဲ့ဝင်
- သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးဦးစီး အဖွဲ့ဝင်
- သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ (၆၆)ပါး၊ ကိုယ်စားလှယ်အဖွဲ့ဝင်
- သမ္မုတိရ သံဃာ့ကိုယ်စားလှယ်
- နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ
- နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ
- နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ကြီးများ (ရန်ကုန်၊ မန္တလေး)တို့၏ အဓိပတိ
- အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် အဓိပတိ
- မဟာဝိသုတာရာမ ဂဏ ဝါစကနိကာယအဖွဲ့ကြီး၏ အဓိပတိ
ရေးသားခဲ့သော ကျမ်းများ
ပြင်ဆင်ရန်- ဝါကျသံသယဝိသောဓနီကျမ်း
- ဝိနယဗဟုသုတ ပကာသနီကျမ်း
- မြင်းခြံ ကိုးဆောင်ကံဆောင် ကမ္မဝါစာကျမ်း
- မဟာပရိတ်တော်ကြီး နိဿယသစ် [၂]
ဆက်ကပ်ပူဇော်ခြင်းခံရသောဘွဲ့တံဆိပ်များ
ပြင်ဆင်ရန်- အဘိဓဇမဟာရဋ္ဌဂုရု(၁၉၈၆)
- အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက(၁၉၉၅)
ဘဝနတ်ထံ ပျံလွန်တော်မူခြင်း
ပြင်ဆင်ရန်ဆရာတော်ကြီး သည် သက်တော်-၉၅ နှစ်၊ သိက္ခာတော်-၇၆ ဝါ အရ ၁၃၆၆-ခု၊ တန်ဆောင်မုန်းလဆန်း (၆) ရက် (၁၇-၁၁-၂၀၀၄)ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၁) နာရီ (၃၅)မိနစ်တွင် တစ်ဘဝခန္ဓာ ဇာတ်ကင်းပြတ် ချုပ်ငြိမ်း၊ ရုပ်သိမ်းပျံလွန်တော်မူခဲ့သည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ ခေတ်အဆက်ဆက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သော ဆရာတော်ကြီးများ၏ ထေရုပတ္တိအကျဉ်းချုပ်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့။ 3 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြင်းခြံမြို့၊ ကိုးဆောင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘိတ။ Song Chan Moe (၇ ဖေဖော်ဝါရီ ၂၀၁၉)။ 26 January 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဘဝနတ်ထံဝင်စံတော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မြင်းခြံဆရာတော် ဘဒ္ဒန္တသောဘိတ ဥတုဇရုပ်ကလာပ်တော်အား အန္တိမဈာပနသာဓုကီဠနပူဇာသဘင်ကျင်းပပြီးတေဇောဓာတ်ဖြင့်မီးပူဇော်။ မြန်မာအလင်းသတင်းစာ၊၂၈ နိုဝင်ဘာ ၂၀၀၄ ထုတ် စာမျက်နှာ(၉) (၂၇ နိုဝင်ဘာ ၂၀၀၄)။ 19 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။