မြစ်မခမီဒီယာဂရု
မြစ်မခမီဒီယာဂရုသည် လွတ်လပ်သော သတင်းအေဂျင်စီတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ၌ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အယ်ဒီတာချုပ်မှ မေသင်္ကြန်ဟိန်းဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွက် Knight International Journalism Award ကို ရရှိခဲ့သူဖြစ်သည်။[၁][၂]
အမျိုးအစား | Privately held company |
---|---|
လုပ်ငန်း | မီဒီယာ |
တည်ထောင်သည့်နှစ် | ဇန်နဝါရီ ၂၀၀၈ |
ဌာနချုပ် | ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ |
ဝက်ဘ်ဆိုက် | [၁] |
ဝန်ဆောင်မှုများ
ပြင်ဆင်ရန်မြစ်မခမီဒီယာသည် နေ့စဉ်သတင်းများကို ရုပ်သံလိုင်းများ၊ ရေဒီယိုလိုင်းများနှင့် ဂျာနယ်များမှတဆင့် ထုတ်လွှင့်လျက်ရှိသည်။ မြစ်မခမီဒီယာဝက်ဘ်စာမျက်နှာကို ၂၀၁၁ ခုနှစ်၊ ဩဂုတ်လတွင် အဝေးရောက်မြန်မာစာဖတ်ပရိသတ်များကို ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည်။ နိုင်ငံတကာစာဖတ်ပရိသတ်များအတွက် အင်္ဂလိပ်ဘာသာဖြင့် စာမျက်နှာကို ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် လွှတ်တင်နိုင်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ နိုင်၊ စောရန်။ "Has Burma's Glasnost Begun"၊ ဧရာဝတီသတင်းမီဒီယာ၊ ၁၆ ဖေဖော်ဝါရီ ၂၀၁၂။ ၁၀ စက်တင်ဘာ ၂၀၁၃ တွင် ပြန်စစ်ပြီး။ Archived from the original on 25 February 2012။
- ↑ "Burmese investigative reporter given KIJ award"၊ Burma News International၊ ၂၈ ဩဂုတ် ၂၀၀၇။ ၁၀ စက်တင်ဘာ ၂၀၁၃ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
ပြင်ဆင်ရန်- မြစ်မခမီဒီယာဂရုဝက်ဘ်ဆိုဒ် Archived 11 September 2017 at the Wayback Machine.
- မြစ်မခမီဒီယာဂရုဝက်ဘ်ဆိုဒ် (အင်္ဂလိပ်ဘာသာ) Archived 27 September 2013 at the Wayback Machine.