ဆရာကြီး မြဇင်ကို မဟာသရေစည်သူ ဦးဘိုးအုံးနှင့် ဒေါ်ထားရင်တို့က ၁၂၈၉ ခုနှစ်၊ နယုန်လဆုတ် ၈ ရက် (၁၅၊ ၆၊ ၁၉၂၇) နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ B.A. (Hons.) Yangon, Master Of Public Administration (Harvard) ဘွဲ့များ ရရှိခဲ့သည်။

မြဇင် (ဦးဝင်းဖေ)
မြဇင် (ဦးဝင်းဖေ)
မြဇင် (ဦးဝင်းဖေ) နှင့် ဇနီး ဒေါ်ခင်မြလှိုင်
အမည်ရင်း ဦးဝင်းဖေ
မွေးသက္ကရာဇ် ၁၅၊ ၆၊ ၁၉၂၇

ကွယ်လွန် ၁၀၊ ၁၁၊ ၂၀၂၁
နိုင်ငံသား မြန်မာနိုင်ငံ
ပညာရေး B.A. (Hons.) Yangon, Master Of Public Administration (Harvard)
အလုပ်အကိုင် ညွှန်ကြားရေးမှူးချုပ်
မွေးရပ်ဇာတိ ရန်ကုန်မြို့
ကြင်ဖော် ဒေါ်ခင်မြလှိုင်
သားသမီး သားမောင်သက်ဝင်း၊ သမီး ဇင်ဇင်
မိဘ ဦးဘိုးအုံး + ဒေါ်ထားရင်


အထွေထွေ အုပ်ချုပ်ရေးဌာန၊ အမျိုးသား စီမံကိန်းဌာန၊ တော်လှန်ရေး အစိုးရအဖွဲ့ ဥက္ကဋ္ဌရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ တော်လှန်ရေး လုပ်ငန်းဆိုင်ရာ မူဝါဒ ညွှန်ကြားရေးအဖွဲ့၊ ပြန်ကြားရေးနှင့် အသံလွှင့် ဦးစီးဌာန၊ အနုပညာ ဦးစီးဌာနနှင့် ယဉ်ကျေးမှု ဗိမာန် ဦးစီးဌာန၊ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနများတွင် ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အငြိမ်းစား ယူခဲ့သည်။


ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ် (ပထမအဆင့်)၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမအဆင့်) များ ချီးမြှင့်ခြင်း ခံရသည်။ The working People’s Daily, Editorial Writer, Weekly columnist အဖြစ် A pot of plain tea (Po YaZa), The Banboo Clipper (Zagadaungzar), Science and Technology (Epsilon) တို့ အပတ်စဉ် ရေးသားခဲ့သည်။ စွန်းလွန် ဝိပဿနာ၊ Shwe Dagon Pagoda (1972)၊ Emerald Lake (Classical Myanmar Poems)၊ Modern Burmese Poetry (Translations)၊ ကဗျာ့နရီနှင့် နိမိတ်ပုံ၊ The Yellow Robe and Other Poem’s (Original)၊ ရာမနှင့် ဆုံဆည်းခြင်း၊ (Translation of AuThur Darks Novel)၊ Do’s and Don’ts in Myanmar Yangon၊ Green City of Grace (Coffee-Table Book for YCDC)၊ စစ်တောင်းတံတားကြီး ချိုးခဲ့စဉ်က (ဘာသာပြန် ဝတ္ထုရှည်) များကို ရေးသားခဲ့သည်။


ဇနီး ဒေါ်ခင်မြလှိုင်နှင့် သားမောင်သက်ဝင်း၊ သမီး ဇင်ဇင်တို့ မွေးဖွားခဲ့သည်။ ယခုအခါ ရန်ကုန်မြို့၌ နေထိုင်လျက် စာပေများကို ပြုစု ရေးသားလျက် ရှိသည်။ နေရပ်လိပ်စာမှာ တိုက် ၅၀၇-ဒီ၊ ၆-လွှာ၊ ပုလဲကွန်ဒို၊ ဗဟန်းမြို့နယ်ဖြစ်သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ ပြင်ဆင်ရန်

  1. စွန်းလွန်းဝိပဿနာ ၁၉၆၈
  2. Shwe Dagon Pagoda(1972) ၁၉၇၂
  3. Emerald Lake(Classical Myanmar Poems) ၁၉၇၃
  4. မြကန်သာ ၁၉၇၃
  5. ကဗျာ့နရီနှင့် နိမိတ်ပုံ ၁၉၇၃
  6. The Yellow Robe and Other Poems ၁၉၇၃
  7. စစ်တောင်းတံတားကြီး ချိုးခဲ့စဉ်က ၁၉၇၇
  8. Modern Burmese Poetry (ခေတ်ပေါ်မြန်မာ့ကဗျာ) ၁၉၇၈
  9. Yangoon Green City Of Grace ၁၉၇၉ (Coffee-Table Book for YCDC)
  10. ဝေဖန်ရေး စာပေစာတမ်းများ (တက်တိုးနှင့် တွဲရေး) ၁၉၈၆
  11. ရာမနှင့် ဆုံစည်းခြင်း ၁၉၉၃
  12. Do’s and Don’ts in Myanmar ၁၉၉၄
  13. ဘာသာပြန်ရည်ညွှန်း (အခြားငါးဦးနှင့် တွဲ၍) ၁၉၉၅

[၁]

ကိုးကား ပြင်ဆင်ရန်

  1. အားမာန်သစ် စာပေမှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' နဲ့ ရွှေဟင်္သာ စာအုပ်တိုက်၊ ၂၀၀၈ စက်တင်ဘာ၊ ပထမအကြိမ်ထုတ် 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ပဉ္စမတွဲ)' စာအုပ်တို့မှ