မြတ်စောညီနောင်စေတီတော် သည် တောင်ငူမြို့နယ်ရှိ စေတီတော် တစ်ဆူ ဖြစ်သည်။ တောင်ငူမြို့ရှိ ပေါင်းလောင်းမြစ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ညီတော်စေတီနှင့် နောင်တော်စေတီတို့ ဖြစ်ကြသည်။[၁]

စေတီတော်

သမိုင်းကြောင်း ပြင်ဆင်ရန်

စူဠပုံ၊ မဟာပုံညီနောင်တို့က လျှောက်ထားသဖြင့် မြတ်စွာဘုရားသည် သုနာပရန္တတိုင်းသို့ ကြွတော်မူ၏။ ထို့နောင် ပေါင်းလောင်းမြစ်ဖျားတွင် ရပ်တန့်ကာ ကြက်မင်းဖြစ်စဉ်အခါက ကျက်စားတော်မူသည့်နေရာဖြစ်ကြောင်း မိန့်ကြားတော်မူ၏။

သီရိဓမ္မာအသောကမင်းကြီးသည် အဇာတသတ်မင်း မြှုပ်နှံထားသည့် ဓာတ်တော်များကို ဖော်ထုတ်ကာ စေတီတော်တည်ရန် အကြီးအကဲတို့ကို ဓာတ်တော်များ ဖြန့်ဝေခဲ့သည်။ ထိုအခါ တောင်ငူဒေသရှိ မြတ်လှရွာ၊ စောလှရွာအုပ်၊ ကျောက်ဖားရွာအုပ်တို့သည် ဓာတ်တော်များကို ပူဇော်ခွင့် ရခဲ့ကြသည်။ ထို့နောက် မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့သည့်နေရာတွင် စေတီတော်တည်ကာ ဓာတ်တော်များကို ဌာပနာ ထည့်ခဲ့ကြသည်။[၁]

အမည် ပြင်ဆင်ရန်

အစ်ကိုဖြစ်သူ နောင်တော်မြတ်လှ (မြတ်လှရွာအုပ်) တည်သော နောင်တော်စေတီနှင့် ညီတော် စေလှ (စေလှရွာအုပ်) တည်စော စေတီတော်တို့ကို မြတ်စောညီနောင်စေတီတော်ဟု ခေါ်ကြသည်။ မြတ်လှ၊ စောလှတို့၏ မိခင်တည်သည့် စေတီတော်ကိုမူ “မယ်တော်စေတီ” ဟု ခေါ်ခဲ့ကြသည်။ ဦးရီးတော် ဦးကျောက်ဖားတည်ခဲ့သည့် စေတီတော်ကိုမူ “ရှင်ပင်ကျောက်ဖား” ဟု ခေါ်ခဲ့ရာမှ “ရှင်ပင်ကျောက်ဆောက်” ဟု တွင်ခဲ့သည်။[မှတ်စု ၁][၁]

ပြုပြင်မွမ်းမံခြင်း ပြင်ဆင်ရန်

အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်သောအခါ မြတ်စောညီနောင်စေတီနှင့် ရှင်ပင်ကျောက်ဆောက်စေတီတို့ကိုလည်း ပြုပြင်ခဲ့သည်ဟု ဆိုကြသည်။[၁]

ရုပ်ပုံများ ပြင်ဆင်ရန်

မှတ်စု ပြင်ဆင်ရန်

  1. သမလနှင့် ဝိမလညီနောင်တို့ တည်သည်ဟုလည်း မှတ်သားကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၈၁၊ ၁၈၂။