မြန်နှုန်းမြင့်ရထားသည် ပုံမှန်ရထားများထက် ပိုမြန်သည့် နှုန်းဖြင့် ခုတ်မောင်းသည့် ခရီးသည်တင် ရထားဖြစ်သည်။ ယနေ့အထိ ကမ္ဘာပေါ်တွင် မြန်နှုန်းမြင့်ရထား၏ နှုန်းထားအား တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးပေ။ ဥပမာ ဥရောပနှင့် ဂျပန်ရှိ မြန်နှုန်းမြင့် ရထားများမှာ အများအားဖြင့် တစ်နာရီလျှင် မိုင် ၁၆၀ နှုန်း ပြေးဆွဲကြသည်။ တရုတ်နိုင်ငံတွင်မူ တစ်နာရီလျှင် မိုင် ၂၂၀ ခန့် ခုတ်မောင်းနိုင်ပြီး ရှန်ဟိုင်းမြို့ရှိ သံလိုက်ရထားမှာ တစ်နာရီလျှင် ၂၆၈ မိုင်အထိ ခုတ်မောင်းနိုင်သည်။

ချက်သမ္မတနိုင်ငံတွင် အစမ်းပြေးဆွဲနေသည့် မြန်နှုန်းမြင့်ရထား။
ဂျပန်နိုင်ငံမှ ရှင်းကန်ဆဲ့ ရထားတွဲ။
ဂျာမနီနိုင်ငံမှ ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားသည့် ICE ရထား။

ကိုးကား ပြင်ဆင်ရန်