မြန်မာတိုင်း(မ်)

မြန်မာ​နိုင်ငံရှိ သတင်းစာ

မြန်မာတိုင်း(မ်) (အင်္ဂလိပ်: The Myanmar Times) သည် မြန်မာနိုင်ငံတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသည့် အပတ်စဉ်ဂျာနယ် တစ်စောင်ဖြစ်သည်။ ၆၈ မျက်နှာပါ မြန်မာဘာသာ ဂျာနယ်စာကို သောကြာနေ့တွင် လည်းကောင်း၊ မျက်နှာ ၄၀ ပါ အင်္ဂလိပ်ဘာသာ ဂျာနယ်ကို တနင်္လာနေ့တွင် လည်းကောင်း ပုံနှိပ်ထုတ်ဝေသည်။

The Myanmar Times
အမျိုးအစားအပတ်စဉ်ထုတ် သတင်းစာ
ပုံစံအချိုးအစားBerliner
ပိုင်ဆိုင်သူMyanmar Consolidated Media Co. Ltd. (MCM)
တည်ထောင်သူရော့စ် ဒန်ကလေ နှင့် ဦးဆန်နီဆွေ
အယ်ဒီတာဒေါက်တာတင်ထွန်းဦး (မြန်မာဘာသာ)
Bill Clough (အင်္ဂလိပ်ဘာသာ)
ဘာသာစကားမြန်မာ၊ အင်္ဂလိပ်
ဌာနချုပ်များအမှတ် ၃၇၉/၃၈၃၊ ဗိုလ်အောင်ကျော်လမ်းကျောက်တံတားမြို့နယ်ရန်ကုန်မြို့
ဝက်ဘ်ဆိုဒ်mmtimes.com
ရန်ကုန်မြို့ရှိ မြန်မာတိုင်း(မ်) ရုံးဌာနချုပ်

မြန်မာတိုင်း(မ်)ကို ဩစတြေးလျနိုင်ငံသား ရော့စ် ဒန်ကလေ (Ross Dunkley) နှင့် တပ်မတော် ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သိန်းဆွေ၏သား ဦးဆန်နီဆွေတို့က ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ Myanmar Consolidated Media Co. Ltd. (MCM) ပိုင်ဆိုင်သည့် မြန်မာတိုင်း(မ်)သည် လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် တစ်ဦးတည်းသော ဂျာနယ်ဖြစ်သည်။[] သို့သော်လည်း Myanmar Consolidated Media ရှယ်ယာ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ၄၉ % သာရှိပြီး ကျန် ၅၁ % မှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် ဦးဆန်နီဆွေအဖမ်းခံရပြီးနောက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ၅၁ % ကို မီဒီယာလုပ်ငန်းရှင် ဒေါက်တာ တင်ထွန်းဦးမှ ဆက်ခံခဲ့သည်။

2022 တွင် ဖျက်သိမ်းခဲ့သည်။

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်