မြန်မာတို့၏ကျင့်ဝတ်များ

တပည့်ကျင့်ဝတ် ငါးပါး

ပြင်ဆင်ရန်
ညီညာထကြွ၊ ဆုံးမနာယူ၊
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊ တပည့်ဝတ်၊
မချွတ်ငါးခုသာ။
(သင်္ဂဇာဆရာတော်)

ဆရာ့ဝတ္တရား ငါးပါး

ပြင်ဆင်ရန်
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။
(သင်္ဂဇာဆရာတော်)

လင်ကျင့်ဝတ်ငါးပါး

ပြင်ဆင်ရန်
မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊
မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊
မြတ်နိုးကျင်၊ ငါးအင်လင့်ကျင့်ရာ။
(သင်္ဂဇာဆရာတော်)

မယားဝတ္တရား ငါးပါး

ပြင်ဆင်ရန်
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊
ပျင်းရိမမူ၊ ဝတ်ငါးဆူ၊
အိမ်သူကျင့်အပ်ရာ။
(သင်္ဂဇာဆရာတော်)

သားသမီးကျင့်ဝတ် ငါးပါး

ပြင်ဆင်ရန်
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။

မိဘကျင့်ဝတ် ငါးပါး

ပြင်ဆင်ရန်
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊
အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊
ဖခင်မယ်တို့တာ။

မိတ်ဆွေကျင့်ဝတ် ငါးပါး

ပြင်ဆင်ရန်
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊
ကျင့်လေမိတ်သဟာ။

ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ငါးပါး

ပြင်ဆင်ရန်
မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊
ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊
သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊
ဝတ်ငါးဆင့်၊ ပြုကျင့် မိတ်ဆွေများ။

အလုပ်ရှင်ကျင့်ဝတ် ငါးပါး

ပြင်ဆင်ရန်
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊
နာလျှင်ကုစေ၊ ငှဝေရသာ၊
အခါကိုလွှတ်၊ အရှင်ဝတ်၊
မချွတ် ငါးခုသာ။

အလုပ်သမားကျင့်ဝတ် ငါးပါး

ပြင်ဆင်ရန်
အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊
ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊
ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

ဒါယကာကျင့်ဝတ် ငါးပါး

ပြင်ဆင်ရန်
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊ ဝတ်ငါးထွေ၊
ပြုလေ ဒါယကာ။

ရဟန်းကျင့်ဝတ်ခြောက်ပါး

ပြင်ဆင်ရန်
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊
အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊
ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

နာယကကျင့်ဝတ် ခြောက်ပါး

ပြင်ဆင်ရန်
ထကြွနိုးကြား၊ သနားသည်းခံ၊
ဝေဖန်ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူ့ ကျင့်ရာတရားတည်း။
  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ စာအုပ်