အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (ဧအင်္ဂလိပ်: National Reconciliation and Peace Centre; အတိုကောက် NRPC ယခင်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (အတိုကောက် MPC ) သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို အကောင်အထည်ဖော် စီမံခန့်ခွဲခြင်းနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ကူညီပံ့ပိုးခြင်းများ အပါအဝင်[၁] မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအတွက် ပံ့ပိုးကူညီမှုပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။[၂] မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဟု သမ္မတ ဦးထင်ကျော် က အမိန့် ၅၀/၂၀၁၆ ဖြင့် အမည်ပြောင်းလဲခဲ့သည်။[၃] [၄] ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဤဌာနကိုဖျက်သိမ်းခဲ့သည်။ [၅]

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန
National Reconciliation and Peace Centre
အတိုကောက်NRPC
ဖွဲ့စည်းခြင်း၃ နိုဝင်ဘာ ၂၀၁၂; ၁၁ နှစ် အကြာက (၂၀၁၂-၁၁-03)
အမျိုးအစားအစိုးရမဟုတ်သော အဖွဲ့အစည်း
ဦးတည်ချက်ငြိမ်းချမ်းရေးထိန်းသိမ်းရန်
ဌာနချုပ်ကမာရွတ်မြို့နယ်ရန်ကုန်မြို့
ဝန်ဆောင်မှုဒေသ
မြန်မာနိုင်ငံ
ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်
အရေးကြီးပုဂ္ဂိုလ်များ
ဦးကျော်တင့်ဆွေ၊ ဦးတင်မျိုးဝင်း
နှီးနွယ်အဖွဲ့အစည်းPeace Support Donor Group
ဝန်ထမ်း
၁၂၀
ဝက်ဘ်ဆိုဒ်nrpc.gov.mm

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနသည် ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်တွင် တည်ရှိပြီး နော်ဝေဥရောပသမဂ္ဂဂျပန် နှင့် ကုလသမဂ္ဂ အေဂျင်စီများ ပါဝင်သော ငြိမ်းချမ်းရေး အလှူရှင် ပံ့ပိုးကူညီမှုအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။


ကိုးကား ပြင်ဆင်ရန်

  1. Peace Centre to open this month။ Mmtimes.com (8 October 2012)။ 28 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2014 တွင် ပြန်စစ်ပြီး။
  2. in Myanmar။ UNOPS။ 13 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2014 တွင် ပြန်စစ်ပြီး။
  3. MPC to Be Renamed ‘National Reconciliation and Peace Center’ (2016-04-28)။ 2021-02-18 တွင် ပြန်စစ်ပြီး။
  4. NRPC » Myanmar Peace Monitor (2017-01-29)။ 2021-02-18 တွင် ပြန်စစ်ပြီး။
  5. Myanmar Ethnic Armies Wary After Peace Talks Body Scrapped By Junta။ 2021-02-18 တွင် ပြန်စစ်ပြီး။