မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်အက်ဥပဒေ

၁၉၅၂ခုနှစ် မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ငွေကြေးအုပ်ချုပ်မှုအဖွဲ့၏ တစ်ဦးတည်းငွေကြေးထုတ်ဝေခွင့်ကို မြန်မာနိုင်ငံပြည်သူ့ဘဏ် ငွေကြေးဌာနသို့ အသစ်ဖွဲ့စည်း လွှဲပြောင်းခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ ဗဟိုဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ ငွေကြေးအုပ်ချုပ်မှုအဖွဲ့ပိုင်ဆိုင်သော ရရန်နှင့် ပေးရန်ပိုင်ခွင့်များကို မြန်မာနိုင်ငံပြည်သူ့ဘဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံပြည်သူ့ဘဏ်လက်ထက် ငွေကြေးစနစ်သစ်တွင် အခြားအရေးပါသောပြောင်းလဲမှုမှာ ဒဿမစိတ်ငွေကြေးစနစ်သို့ ပြောင်းလဲစေခဲ့ခြင်းပင်ဖြစ်သည်။