မြန်မာနိုင်ငံမှ ထူးဆန်းသောပုဂ္ဂိုလ်များ

မပုပ်မသိုးသော ဆရာတော်များ ပြင်ဆင်ရန်

မြန်မာနိုင်ငံတွင် ထူးဆန်းသော ပုဂ္ဂိုလ်များစွာပေါ်ထွက်လျက် ရှိရာ ထိုပဂ္ဂိုလ်များစွာအနက်မှ ပျံလွန်တော်မူသည်မှာ နှစ်ပေါင်းများစွာကြာသော်လည်း ရုပ်ကလာပ်တော်မှာ မပုပ်မပွ ၊မပုပ်မသိုးဘဲ တည်ရှိနေသော ဆရာတော်များကို ဆိုလိုသည်။

ဆရာတော် ဦးကဝိ (စွန်းလွန်းဆရာတော်) ပြင်ဆင်ရန်

 
ဆရာတော် ဦးကဝိ(စွန်းလွန်း ဆရာတော်ဘုရားကြီး)

ဆရာတော် ဦးကဝိ (စွန်းလွန်းဆရာတော်) ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၃၉ ခုနှစ်၊ တစ်ပေါင်းလဆန်း ၂ ရက်၊ တနင်္လာနေ့ နံနက် ၃ ချက်တီးကျော်အချိန်၌ အထက်မြန်မာပြည်၊မြင်းခြံမြို့အနီး စွန်းလွန်းရွာ အဖဦးသန့်၊ အမိ ဒေါ်တုတ်တို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။ ဆရာတော်ဘုရားကြီးသည်ထွက်သက်၊ ဝင်သက်၊ အာနာပါဏ မှစ၍ ထိ၊ သိ၊ သတိ အစရှိသော တရားအားထုတ်မှုများကို သဒ္ဓါဝိရိယ၊ ဇွဲသန်သန်နှင့် နေ့ညမပြတ် အားထုတ်သွားရာ ၁၂၈၂ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ကြာသပတေးနေ့ ည ၁ဝနာရီအချိန်တွင် ပထမအကြိမ် တရားထူးကို တွေ့ရလေ သည်။ ၁၂၈၂ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၃ ရက်၊ စနေနေ့ည ၁ဝ နာရီအချိန်တွင် ဒုတိယအကြိမ် တရားထူးကို တွေ့ရပြန်သည်။ ၁၂၈၂ ခုနှစ် တော်သလင်းလပြည့် ကျော် ၁၃ ရက်၊ တနင်္လာနေ့ည ၁ဝ နာရီအချိန်တွင် မိမိခန္ဓာ ကိုယ်၌ ပြင်းပြလှသော ဝေဒနာများကို ခံစားရပြီးနောက် တတိယအကြိမ်မြောက် တရားထူးကို တွေ့ရပြန်၏။၁၂၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အင်္ဂါနေ့ ည ၁ဝ နာရီအချိန်တွင် စတုတ္ထအကြိမ်မြောက် တရား ထူးကို တွေ့ရပြန်လေသည်။၁၃၁၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် စနေနေ့ညနေ၄:၄၅ အချိန်တွင် ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုးတည်ရှိနေပါသည်။

 


ဆရာတော် ဦးကေသရ ပြင်ဆင်ရန်

 
ဆရာတော် ဦးကေသရ

ဆရာတော်အရှင်ကေသရသည် ရန်ကုန်တိုင်း၊ ထန်းတစ်ပင်မြို့နယ်၊ နဲသမိန်စံပြကျေးရွာ မြောက်ဘက်ကျောင်းတွင် မြန်မာသက္ကရာဇ် ၁၃၃၃ ခုနှစ် သက်တော် ၇၇ နှစ်၌ ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုး တည်ရှိနေပါသည်။

ဗီဒီယိုဖိုင်ကို ဤမှာကြည့်ပါ[[၁]]

   


ဆရာတော် ဦးသုဇာတ ပြင်ဆင်ရန်

 
ဆရာတော် ဦးသုဇာတ

ဆရာတော်ဦးသုဇာတသည် ရခိုင်ပြည်နယ်သံတွဲမြို့ ၊ သံတွဲ - ဂွလမ်းပေါ်ရှိ ဇလွန်-မဒေး ကျောင်းတိုက်တွင်တည်ရှိပြီး သက်တော် ၈၀ ၊ဝါတော် ၆၀ ၊ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ၊မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုး တည်ရှိနေပါသည်။

ဗီဒီယိုဖိုင်ကို ဤမှာကြည့်ပါ[[၂]]

   

ကိုးကား ပြင်ဆင်ရန်

  1. https://www.facebook.com/photo.php?v=723554387656780&set=vb.100000066751980&type=2&permPage=1
  2. https://www.facebook.com/photo.php?v=766751333337085&set=vb.100000066751980&type=2&permPage=1
  3. http://www.mmdailystar.com/2013/06/blog-post_1515.html?m=1 Archived 7 March 2016 at the Wayback Machine.
  4. https://www.facebook.com/photo.php?fbid=724591914219694&set=a.508988139113407.125049.100000066751980&type=3&theater