မြန်မာနိုင်ငံ ရေနံလုပ်ငန်း

မြန်မာနိုင်ငံ ရေနံလုပ်ငန်းပြင်ဆင်

ပြည်ထောင်စု မြန်မာနိုင်ငံ၏ စီးပွားရေး အင်အားကို အဓိကအားဖြင့် ဖြည့်တင်းပေးနေသော မြန်မာ့ထွက်ကုန် ပစ္စည်းသုံးမျိုးအနက် ရေနံသည် တစ်မျိုးအပါအဝင်ဖြစ်၍ အခြားနှစ်မျိုးမှာ ဆန်စပါးနှင့် သစ်မာ အမျိုးမျိုးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက မြန်မာ့ရေနံသည် နိုင်ငံခြားငွေ ဒုတိယ အများဆုံး ရရှိစေခဲ့သော ထွက် ကုန်ဖြစ်ခဲ့သည်။ သို့သော် ရေနံလုပ်ငန်းမှ ရရှိသော အကျိုးအမြတ်ကို ထိုစဉ်က နိုင်ငံခြားသား အရင်းရှင်များပိုင် ကုမ္ပဏီကြီး များကသာ ခံစားစံစားခဲ့ကြ၍ ရေနံကို ကိုယ်ထိလက်ရောက် ထုတ်လုပ်ပေးကြရသော တိုင်းရင်းသားများ အပါအဝင် ရေနံ လုပ်သားများမှာ စီးပွားရေး၊ လူမှုရေးတို့၌ အလွန် အနှိမ်ခံရပြီးလျှင်၊ ဗလငါးတန်၌ ဗလာဖြစ်၍ လူတမ်းစေ့ မနေနိုင်အောင် လူလုံးမလှခဲ့ ဖြစ်ခဲ့ကြရပေသည်။ ယင်းတို့ကြောင့်လည်း ဗြိတိသျှအစိုးရနှင့် အရင်းရှင် ကုမ္ပဏီကြီးများ၏ အာဏာပိုင်များ တုန်လှုပ်ချောက်ချားခဲ့ရသော မြန်မာ့ ရေနံမြေလုပ်သားများ၏ တော်လှန်ရေးကြီး ဖြစ်ပေါ်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရက မြန်မာ့ဆိုရှယ်လစ် စီးပွားရေး စနစ်နှင့်အညီ အရင်းရှင် ကုမ္ပဏီများ၏ ရေနံလုပ်ငန်း အရပ်ရပ်ကို ပြည်သူပိုင် ပြုလုပ်ခဲ့ရာ၊ ထိုနေ့ထိုရက်သည် မြန်မာနိုင်ငံသမိုင်းတွင် မော်ကွန်းတင် ထိုက်သော နေ့ထူးရက်ထူး တစ်ရက်ဟု ဆိုထိုက်ပေသည်။ စက်မှုလက်မှု ထွန်းကားသော ခေတ်တွင် လေယာဉ်ဆီ၊ ဓာတ်ဆီ၊ ရေနံဆီ၊ ဓာတ်မြေဩဇာ၊ အဝတ်အထည် စသော ရေနံမှ ထုတ်လုပ်နိုင်သည့် လူသုံး၊ စက်သုံးကုန်ပစ္စည်းမြောက်မြားစွာတို့သည် လူနေမှု အဆင့်အတန်းကို အများဆုံး အကျိုးပြု နိုင်သဖြင့် ရေနံလုပ်ငန်းသည် ကမ္ဘာအရပ်ရပ်တွင် အရေးပါသော စီးပွားရေး မဏ္ဍိုင်တစ်ခု ဖြစ်သည်။ ယင်းသို့ အရေးပါးမှု ကြောင့် မြေဆီမှ ရွှေရည် ဟု တင်စားခေါ်ဝေါ်ကြသော အဖိုးတန်ရေနံကို နိုင်ငံခြားသား အရင်းရှင် ကုမ္ပဏီကြီးများက မြန်မာ့မြေဆီမှ ခေတ်အဆက်ဆက် ထုတ်ယူခဲ့၍ တစ်နှစ်ထက်တစ်နှစ် ကုဋေကဋာ ချီပြီးလျှင် ရအပ်သော အကျိုးအမြတ်တို့ ကို အမြိုင့်သား စားကာ၊ ရေနံလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့သည့် ဖြစ်ရပ်တို့ကို ပြန်လည် ဆန်းစစ်ရသော် မြန်မာ့ ရေနံသမိုင်းကို လေ့လာရန် လိုအပ်ပေလိမ့်မည်။

မြန်မာ့ရေနံ သမိုင်းအစပြင်ဆင်

မြန်မာ့ရေနံသမိုင်းဟု ဆိုလျှင် ရေနံကို မည်သည့်ခေတ်ကာလက စတင်တွေ့ရှိကြ၍ မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက် ခဲ့ကြပုံကို ဖော်ပြရပေမည်။ ရာဇဝင် ကောက်နုတ်ချက်များ၊ ရေနံချောင်း သခေသ္မပ စာတမ်း စသည်တို့ကို ည|ိနှိုင်းတင်ပြရလျှင်၊ မြန်မာနိုင်ငံတွင် ရေနံကို ပုဂံခေတ် စလေငခွေမင်း၏ လက်ထက်၌ စတင်တွေ့ရှိသည်ဟု ယူဆရသည်။ ထိုမင်းသည် ပုဂံပြည့် ရှင်မင်း၏ မိဖုရား တိမ်းရှောင် ထွက်ပြေးရာသို့ ပါခဲ့သူ မိဖုရား၏ နောက်ပါအဆွေအမျိုး အခြံအရံတို့အနက်မှ ၁၂ ဦးတို့ သည် ရေနံထွက်ရာ အရပ်ကို စတင်တွေ့ခဲ့ကြသည်ဟု ဆိုသည်။ ထို ၁၂ ဦးတို့သည် ထိုစဉ်က ဆိပ်သာကွန်းထောက်ဟု ခေါ်သောဒေသ ( နောင်အခါ ရေနံများ ချောင်းပေါက်အောင် ထွက်ရှိ၍ ရေနံချောင်းဟု ခေါ်တွင်လာသော ရေနံမြေဒေသ ) ဆိုင်ရာသူကြီးထံ မြေတိုင်းစာခံယူ၍ ထိုအရပ်၌ပင် နေထိုင်ပြီးလျှင် ရေနံတို့ကို ရောင်းချ စားသောက်နေခဲ့ကြ လေသည်။ ရေနံကို မင်းသုံးစိုးသုံးအဖြစ် စတင်ခဲ့သော ကာလသည် အနော်ရထာမင်း လက်ထက် ဖြစ်ပေသည်။ သထုံပြည်မှ အနော်ရထားမင်း စစ်ခင်း၍ ရရှိခဲ့သော ပိဋကတ် ကျမ်းတို့ကို ခြ၊ ပရွက်ဆိတ်စသော ပိုးမွှားများ မဖျက်ဆီးနိုင်အောင် ရှင်အရဟံ၏ အကြံပေးချက်အရ ရေနံဖြင့် သုတ်လိမ်းရာမှ ဆက်သွင်းခဲ့သော မူလရေနံတွင်းရိုး အိမ်ထောင်စုတို့ကို ဘွဲ့ထူး ဂုဏ်ထူးတို့ဖြင့် ချီးမြှင့်ခဲ့သည်။ တွင်းရိုး အိမ်ထောင်စုတို့သည် အခြားတစ်ပါးသော မျိုးရိုးတို့နှင့် မဆက်နွှယ်ဘဲ သီးသန့် နေထိုင်ကြ၍ အနော်ရထာမင်းလက်ထက်တွင် တွင်းရိုး ၂၄ ဦး ရှိခဲ့လေသည်။ ထိုခေတ် ထိုအခမှစ၍ မင်းတုန်းမင်းတရားကြီး လက်ထက်တိုင်အောင် မြန်မာနိုင်ငံ၌ ရေနံကို သစ်ဝါးစသည်တို့ဖြင့် ပြုလုပ်သော အဆောက်အအုံနှင့် လူသုံးပစ္စည်းများ မဆွေးမမြေ့စေရန်၊ ပိုးကိုက် ခြစားခြင်းမှ ကာကွယ်ရန်အတွက်သာလျှင် အသုံးပြုခဲ့ကြလေသည်။ ထို့ကြောင့် ရေနံလုပ်ငန်းသည် မြန်မာနိုင်ငံ၌ ရှေးပုဂံခေတ်တိုင်အောင် ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့လှချေ။ ရွှေဘိုမင်း ( သာယာဝတီမင်း ) ၏ လက်ထက်တွင်မူ ရေနံပိဿာချိန် တစ်ရာလျှင် ဒေါင်းဒဂသ္မါး တစ်ကျပ်ခွဲနှုန်းဖြင့် ဘုရင်မင်းမြတ်ထံ သွင်းကြ၍၊ ရေနံအရောင်းအဝယ်သည် ဘုရင့်လွှတ်တော်က ကြပ်မတ်ဆောင်ရွက်မှု ခံရသည်။ ထိုအချိန် တွင် အနောက်နိုင်ငံသားတို့သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ထွက်ရောင်းဝယ်မှု ရှိလာကြ၍ ရေနံလုပ်ငန်း၌လည်း စူးစမ်းလေ့လာ မှုများကို ပြုလာကြလေသည်။ ရွှေဘိုမင်း လက်ထက်၌ပင် ရေနံချောင်းမှ တွင်းရိုးအနွယ်များကို သူကောင်းပြုသဖြင့် ယင်းတို့ သည် ရွှေနန်းတော်၌ အဝင်အထွက်ရှိခဲ့ကြလေသည်။ တွင်းရိုးတွင်းစားဟူသော အသုံးအနှုန်းမှာ သားစဉ်မြေးဆက် ရေနံတွင်း များကို တစ်ဆင့်ဝယ်ယူ လုပ်ကိုင်သူများကို တွင်းစာဟု ခေါ်သည်။ မင်းတုန်းမင်းတရားကြီးသည် ရေနံချောင်း မင်းကြီး၏ သမီး တွင်းရိုးအနွယ်ဖြစ်သူ မှန်နန်းအပျိုတော် ကြေးမြှင် တိုက်စားကို သုသီရိပဘာဟူသော ဘွဲ့ဖြင့် မိဖုရား မြေ|ာက်သည်။ ပျဉ်းမနား မင်းသားကြီးသည် မင်းတရားကြီးနှင့် ထိုမိဖုရားတို့၏ သားတော်ဖြစ်သည်။ ကြေးမြှင် မိဖုရားဟု လူသိများသော ထိုမိဖုရား၏ မိဘဘိုးဘွားပိုင် မြေကွက်များတွင် ရေနံတွင်း များ တူးဖော်စေရာ၊ တွင်းပေါင်း ၁၂ဝ ရှိ၍ ဘုရင်နှင့် မိဖုရားပိုင် ဖြစ်သဖြင့် တော်တွင်းများဟု ခေါ်ဝေါ်သည်။ မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်ခန့်မှ စ၍ တွင်းရိုးတွင်းစားများပိုင် တွင်းကုန်း၊ ဘေးမဲ့ရှိ ရေနံတွင်းများမှထွက်သော ရေနံစိမ်းများကို အင်္ဂလိပ်ကုမ္ပဏီ ကိုယ်စားလှယ်တို့ထံ ဘုရင်မင်းမြတ်၏ အရာထမ်း အမှုထမ်းတို့၏ ကွပ်ကဲမှုဖြင့် ရောင်းချစေသည်။ ထိုအချိန် ကာလသည် အာသံ၊ မဏိပူရ၊ ရခိုင်နှင့် အောက်မြန်မာပြည်တို့ အင်္ဂလိပ် လက်အောက်သို့ ကျရောက်ပြီးချိန်ဖြစ်၍ အမေရိကန် ကုမ္ပဏီတစ်ခုမှ ရောင်းချသော ရေနံဆီကို အသုံးပြုနေကြ ပြီဖြစ်သည်။ ထို့ကြောင့် ခရစ် ၁၈၇၁ ခုနှစ် ( မြန်မာ ၁၂၂၃ ခုနှစ် ) ၌ အောက်မြန်မာပြည်၊ ရန်ကုန်မြို့၊ သံလျက်စွန်းအနီး ဓနိတောအရပ်တွင် နိုင်ငံခြားသားပိုင် ရန်ကုန် ရေနံ ကုမ္ပဏီ ( အာအိုစီ ) က ရေနံချက် စက်ရုံတစ်ခုကို တည်ဆောက်၍ ရေနံမြေမှ ရေနံစိမ်းများကို ဝယ်ယူပြီးလျှင် ရေနံချက် လုပ်လေသည်။ ရေနံစိမ်းကို အနုတ်အသိမ်း များလာသဖြင့် အရောင်းအဝယ် သွက်လာသောကြောင့် တွင်းရိုးတွင်းစားများနှင့်တကွ ရေနံမြေရှိ အများပြည်သူတို့မှာ လုပ်ငန်းကိုင်ငန်းတိုးတက်၍ စီးပွားရေး ဖွံ့ဖြိုးလာသည်။ ထိုအခါ စီးပွားရေးသမား နိုင်ငံခြား သား တရုတ်ကုလားတို့ကလည်း ရေနံမြေသို့ ရောက်လာကြကာ၊ ရေနံလုပ်ငန်းတွင် မသိမသာ ဝင်ရောက် အရင်းအနှီး မြှုပ်နံ ကြလေသည်။ သီပေါမင်း လက်ထက်တွင်လည်း ရေနံ အရောင်းအဝယ်ကောင်းသည်။ သို့သော် ဓနိတော ရေနံချက် စက်ရုံသို့ ရေနံချောင်းမှ ရေနံစိမ်း မှန်မှန်မပို့နိုင်သဖြင့် ရေနံချက်လုပ်ငန်းကို မှန်မှန် မလုပ်နိုင်သောကြောင့် ကုမ္ပဏီကို ဖျက်သိမ်းလိုက် ရာ ထိုကုမ္ပဏီတွင် အစုရှင်တစ်ဦးဖြစ်သော ဒေးဗစ်ဆိုင်းကာဂျီးက ကုမ္ပဏီ၏ လုပ်ငန်းကိစ္စ အဝဝကို ဝယ်ယူ၍ ရေနံလုပ်ငန်း ကို မိမိစွမ်းဆောင်နိုင်သမျှ ဆက်လက် ဆောင်ရွက်နေခဲ့သည်မှာ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ မတိုက်မီကာလအထိ ဖြစ်ပေသည်။

[[

  • ]]==အရင်းရှင်ကုမ္ပဏီများ၏ စာကျက်ဖြစ်လာခြင်း==

တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး၌ ဗြိတိသျှအစိုးရက မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက်တွင် ဒေးဗစ်ကာဂျီး သည် ၁၈၈၆ ခုနှစ်၌ ဘီအိုစီကုမ္ပဏီကို ထူထောင်လိုက်၍ ရေနံလုပ်ငန်းအရပ်ရပ်ကို ချဲ့ထွင်သည်။ အခြားအကြံတူများ လက်မဦးမီ အစိုးရထံမှ ရေနံမြေ ရှာဖွေတူးဖော်ခွင့်ကိုလည်း အရယူလိုက်သည်။ ဓနိတော ရေနံချက်စက်ရုံကို ဖြန့်ချိရေးဌာနတစ်ခု အဖြစ်သုံး၍ သံလျင်ဘက်တွင် ဗိုလ်ချုပ်ရွာအနီး၌ ရေနံချက် စက်သစ်တလုံးကို တည်ဆောက်၍ ရေနံချက်လုပ်စေသည်။ ရေနံမြေတွင်လည်း တွင်းတူးစက်ကိရိယာများကိုသုံး၍ ရေနံတူးဖော်စေပြီးလျှင် ကျွမ်းကျင်သော အလုပ်သမားများကိုလည်း ကမ္ဘာအရပ်ရပ်မှ ခေါ်ယူအသုံးပြုလေသည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကို သိမ်းယူပြီးနောက်တွင် တော်တွင်း ၁ဝ၂ နှင့် အခြား ပိုင်ရှင်မပေါ်သော တွင်း ၂၇ တွင်းကို သိမ်းယူပြီးလျှင် ဘီအိုစီသို့ အငှားစာချုပ် ပြုလုပ်၍ လွှဲအပ်လိုက်သည်။ တွင်းရိုး တွင်းစားများ အစဉ်အဆက် ပိုင်ဆိုင်ခဲ့သော တွင်းကုန်းနှင့် ဘေးမဲ့အရပ်ရှိ ရေနံမြေများကိုလည်း နယ်နိမိတ်သတ်မှတ် အတည်ပြု၍ ရေနံတွင်းရာများကိုပါ တပါတည်းဂဏန်း ချစေပြီးလျှင် မှတ်တမ်းတင်စေသည်။ ထိုမှတ်တမ်းများအရ တွင်းကုန်း ရေနံမြေ၏ ဧရိယာသည် ၂၉၅ ဧကဖြစ်၍ လက်တွင်းပေါင်း ၂ဝဝ ခန့်ရှိသည်။ ဘေးမဲ့ရေနံမြေသည် ဧရိယာ ၁၈၅ ဧက ဖြစ်၍ လက်တွင်း ၅ဝ ကျော်ရှိသည်။ တွင်းရာတစ်ခုနှင့် တစ်ခု ပေ ၆ဝ ခန့်ခွာ၍ တူးဖော်နိုင်သည်။ တော်တွင်းများ အပါအဝင် ဘီအိုစီက တူးဖော်ခွင့် ရရှိသော ရေနံမြေ ဧရိယာသည် ၄…၉၄၄ ဧက ဖြစ်၍ သုံးစတုရန်းမိုင်ခန့် ရှိသည်။ တွင်းရိုး တွင်းစားတို့၏ တွင်းများသည် လက်တွင်းများဖြစ်သည်။ ခရစ် ၁၈၈၈ ခုနှစ်ခန့်မှစ၍ ဘီအိုစီသည် စက်ကိရိယာသုံးသော စက်တွင်းများဖြင့် ရေနံတူးဖော်ခြင်းကို စတင်လုပ်ကိုင်လေသည်။ ရေနံချောင်း၌ ဘီအိုစီသည် အခြေတည်မိပြီးသည့်နောက်တွင် တွင်းရိုး တွင်းစားများ၏ တွင်းရာများကိုလည်း အငှားယူ၍ တွင်းသစ်များ ဖောက်လုပ်ရေးသို့ ရှေးရှူခဲ့သည်။ အချို့တွင်းရာများကိုလည်း တိုက်ရိုက် ဝယ်ယူလိုက်သည်။ အငှားယူရာ၌လည်း အငှား စာချုပ်များကို တစ်ဖက်စောင်းနင်း ကျလှသော စည်းကမ်းချက်များဖြင့် ချုပ်ဆိုခဲ့ရာ၊ တွင်းရိုးတွင်း စားများမှာ တွင်းရာကို ငှားရလျှင်၊ ဆိုင်သာဆိုင်မပိုင်သော အဖြစ်သို့ ရောက်ကြရသည်။ ထိုသိ့ ပြုခြင်းမျိုးကို ဘီအိုစီသာမက နောင်ပေါ်ပေါက်လာသော အခြားနိုင်ငံခြား ကုမ္ပဏီကြီး များကလည်း ထိုလမ်းရိုးအတိုင်း လိုက်၍လျှောက်ကြသည်။ ဘီအိုစီသည် မြန်မာပြည်၌ လုပ်ငန်းစတင်စက အရင်းအနှီး စတာလင်ပေါင်တစ်သန်းခွဲဖြင့် လုပ်ငန်းတည်ခဲ့သည်။ နောင်အခါ စတာလင် ပေါင် ၁၈ သန်းအထိ တိုးတက်၍ အရင်းအနှီး မြှုပ်နှံခဲ့သည်။ ထိုကုမ္ပဏီသည် အိန္ဒိယပြည်၌သာမက ကမ္ဘာပေါ်ရှိ အခြားရေနံလုပ်ငန်း ကြီးများနှင့်လည်း အဆက်အသွယ်ရှိသည်။ အထူးသဖြင့် ရွိုင်ယယ်ဒပ်ချရှဲ ကုမ္ပဏီ၊ အင်္ဂလို -အီရေးနီးယန်း ရေနံကုမ္ပဏီကြီးတို့နှင့် ပို၍နီးစပ်စွာ ဆက်ဆံခဲ့သည်။ အင်္ဂလို-အီရေးနီးယန်း ရေနံကုမ္ပဏီတွင် ဗြိတိသျှအစိုး ရက အစုရှယ်ယာ စတာလင်ပေါင် ၁၁ သန်းပါဝင်ထားလေသည်။ ဘီအိုစီသည် ၁၅ နှစ်ခန့် ရေနံမြေတွင် တစ်ဦးတည်း ပြိုင်ဘက်ကင်းစွာဖြင့် ရေနံထုတ်လုပ်ကာ ကြီးပွားနေခဲ့သည်။ နောင်အခါ နိုင်ငံခြား ကုမ္ပဏီများသည် ရေနံလုပ်ငန်းအတွင်းသို့ အလျှို အလျှို ဝင်ရောက်လာခဲ့ရာ၊ ရေနံကုမ္ပဏီပေါင်း ၃ဝ ခန့်ရှိသည်။ ယင်းတို့အနက် (၁) အိုင်ဘီပီ ကုမ္ပဏီနှင့် (၂) ဘီဘီပီ ကုမ္ပဏီတို့သည် ထင်ရှားသော ကုမ္ပဏီကြီးများ ဖြစ်ကြသည်။ အိုင်ဘီပီ ကုမ္ပဏီသည် ၁၉ဝရ ခုနှစ်ခန့်က မြန်မာ့ ရေနံလုပ်ငန်းလောကထဲသို့ ဝင်ရောက်လာသည်။ စတီးဘရားသားကုမ္ပဏီက တည်ထောင်၍ အရင်းအနှီးငွေ တစ်ကုဋေဖြင့် စတင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီကာလက ရေနံချက်စက်ရုံ တစ်ခုကို ဆိပ်ကြီး၌ ဆောက်လုပ်ခဲ့သည်။ ရေနံတင် သဘေသ္မာတစင်း ပိုင်၍ဗဟို ရေနံသိုလှောင်ရေးနှင့် ထုတ်ဝေရေးဌာနကို အိန္ဒိယ၌ဖွင့်လှစ် ဆောင်ရွက်သည်။ ဘီဘီပီ ကုမ္ပဏီသည် ၁၉၁ဝ ပြည့်နှစ်မှ စတင်၍ မြန်မာ့ရေနံ လုပ်ငန်း၌ ဝင်ရောက်ကျက်စားသည်။ စတာလင်ပေါင် နှစ်သန်းခွဲဖြင့် အရင်းအနှီး စတည်ခဲ့သော်လည်း နောင်တစ်သန်းခွဲသို့ လျော့ချခဲ့သည်။ သီလဝါ၌ ရေနံချက်စက်ရုံတစ်ခု ဆောက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီ ကာလအထိ ထိုကုမ္ပဏီမှ ထုတ်လုပ်သော ရေနံထွက် ပစ္စည်းများကို ဘီအိုစီကပင် နှစ်ပေါင်းများစွာ တာဝန်ယူ၍ ထုတ်ဝေရောင်းချခဲ့လေသည်။ အထက်ဖော်ပြပါ ကုမ္ပဏီကြီများသည် ရေနံထုတ်လုပ်မှုကို ဗြိတိသျှအစိုးရ၏ အရိပ်အာဝါသကို ခိုလှုံ၍ တွင်တွင် ကျယ်ကျယ် ဆောင်ရွက်နိုင်ခဲ့ကြသည်။ အခြား ကုမ္ပဏီကလေးများမှာ ကုမ္ပဏီကြီးများ၏ အရှိန်အဟုန်ကို မခံနိုင်ဘဲ နောက်ဆုတ် သွားခဲ့ကြရသည်လည်း ရှိသည်။ ကုမ္ပဏီကလေးများ၏ အစုရှယ်ယာများကို ကုမ္ပဏီ ကြီးများက ဝယ်ယူ၍ လက်ဝါးကြီး အုပ်ခဲ့သည်လည်း ရှိသည်။ တွင်းရိုးတွင်းစားများ၏ တွင်းရာများကိုလည်း နိုင်ငံခြား အရင်းရှင်များက ငှားယူ သည့်ပြင် အပိုင်ဝယ်ယူခြင်းလည်း ပြုကြသည်။ တွင်းရာများကို ကုမ္ပဏီများက အပြိုင်ဝယ်ယူ ကြရာ၊ မြန်မာမင်း လက်ထက်က ၁၅ ကျပ်သာ တန်ဖိုးရှိခဲ့သော တွင်းရာတစ်ခုသည် ကျပ်ငါးသောင်းအထိ ဈေးတက်ခဲ့သည်။ ထိုကုမ္ပဏီသည် အမေရိကန် ဓာတ်ဆီအကောင်းစားများကိုလည်း မြန်မာနိုင်ငံ၌ ဈေးပေါပေါဖြင့် ရောင်းချခဲ့သည်။ ထိုအကြောင်းများကြောင့် ဗြိတိသျှအစိုးရက ထိုကုမ္ပဏီကို ကန့်သတ်ချက်များ၊ တားမြစ်ချက်များဖြင့် လုပ်ငန်းများ ဆောင်ရွက်စေခဲ့ရလေသည်။

မြန်မာ့မြေဆီမှ ထုတ်လုပ်ခဲ့သော ရွှေရည်ပြင်ဆင်

ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး သည့်အချိန်မှ စ၍ ရေနံမြေဒေသများကို စူးစမ်းရှာဖွေ လေ့လာခြင်း၊ တိုင်းတာခြင်းများကိုပြုလုပ်စေခဲ့သည်။ ထိုကြောင့် မြန်မာပြည်တွင် ရေနံချောင်းတွင်းသာမက၊ ချောက်နှင့် စဉ့်ကူးဒေသတို့ အပြင် ပခုက္ကူခရိုင်အတွင်းရှိ ရေနံချပ်၊ လမ်းရွာ၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ ဖလံရုံ၊ ရွာသာယာ(ရသယာ)၊ သရက်ခရိုင် အတွင်းရှိ သံတိုင်း၊ ပိတောက်ပင်၊ ရေနံမ၊ အထက် ချင်းတွင်းခရိုင် (ယခု မော်လိုက်ခရိုင်)ရှိ အင်းတော်၊ ရခိုင်ပြည်ဘက်ရှိ ကျောက်ဖြူခရိုင်မှ ရမ်းဗြဲကျွန်း၊ စစ်တွေခရိုင် တောင်ဘက် ကျွန်းငယ်တို့မှလည်း ရေနံထွက်သည်ကို တွေ့ရှိရလေသည်။ ရေနံထုတ်လုပ်ရေးသည် ခရစ် ၁၈၉ဝ ပြည့်နှစ်အထိ ရေနံချောင်း၌သာ အချက်အချာ ဖြစ်သော်လည်း နောင်အခါ ဘီအိုစီသည် ရေနံချပ်နှင့် မင်းဘူးဘက်သို့လည်း လုပ်ငန်းတိုးချဲ့သည်။ အိုင်ဘီပီကုမ္ပဏီသည် ရေနံချောင်း၊ လမ်းရွာ၊ အင်းတော်နှင့် သရက်ခရိုင်တွင် ရေနံ ထုတ်လုပ်သည်။ ဘီဘီပီ ကုမ္ပဏီသည် ရေနံချပ်၊ မင်းဘူးနှင့် ချောက်တို့တွင် ရေနံထုတ်လုပ်လေသည်။ မြန်မာ့ ရေနံမြေမှ အဖိုးတန် ရတနာရည် ဖြစ်သော ရေနံကို အရင်းရှင် ကုမ္ပဏီကြီးများသည် ရနိုင်သမျှ ခြစ်ကုတ်၍ ထုတ်ယူကြသည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီက ဗြိတိသျှ အင်ပိုင်ယာအတွင်း၌ မြန်မာပြည်သည် ဒုတိယ ရေနံအထွက် အကောင်းဆုံး ဖြစ်ခဲ့သည်။ ဗြိတိသျှ ကုမ္ပဏီကြီးများက ရေနံလုပ်ငန်း၌ လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့ကြရာ ပြည်တွင်းထွက် ရေနံ၏ ၉၇ ရာခိုင်နှုန်းကို ကုမ္ပဏီကြီးများက ထုတ်လုပ်ခဲ့ကြသည်။ ထုတ်လုပ်ခဲ့သော အချိုးအစားမှာ ဘီအိုစီက ၇၅ ရာခိုင်နှုန်း၊ အိုင်ဘီပီ ကုမ္ပဏီက ၁၂ ရာခိုင်နှုန်း၊ ဘီဘီပီကုမ္ပဏီက ကိုးရာခိုင်နှုန်းဖြစ်၍ နတ်ဆင် ရေနံကုမ္ပဏီစသော ကုမ္ပဏီငယ်များနှင့် မြန်မာလက်ယက်တွင်းများမှ ရေနံအထွက် စုစုပေါင်းသည် သုံးရာခိုင်နှုန်းခန့်သာ ဖြစ်လေသည်။ ဗြိတိသျှ ခေတ်မတိုင်မီက မြန်မာ လက်ယက်တွင်းများ မှ တစ်လလျှင် ရေနံစိမ်း ပိဿာချိန် ၁၆ သိန်းခန့် ထွက်သည်။ ခရစ်နှစ် ၁၈၈၈ ခုနှစ်တွင် ဘီအိုစီက စက်ဖြင့်တူးဖော်ရရှိသော ရေနံစိမ်းမှာ ၁၇၄၆၈ ဂါလံဖြစ်သည်။ သို့သော် ၁၈၉၃ ခုနှစ်မှ စ၍ စက်တွင်းများမှ ရေနံထွက် ပိုကောင်းလာသည်။ ရေနံချောင်းမှ ရေနံအများဆုံး ထွက်သောနှစ်မှာ ၁၉၈၁ ခုနှစ်ဖြစ် ၍ ရေနံစိမ်းဂါလံပေါင်း ၂ဝ၃၆၃၈ဝ၄၃ ထွက်ရှိခဲ့သည်။ သို့သော် ထိုတစ်နှစ်အတွင်သာ ဂါလံသန်း ၂ဝဝကျော် ထွက်ခဲ့သော်လည်း နောင်တွင် ရေနံထွက်တစ်ဖြည်းဖြည်း လျော့ပါးလာပြီးလျှင် ဂါလံ သန်း ၁ဝဝ ကျော်မျှသာ ထွက်လေတော့သည်။ မြန်မာနိုင်ငံထွက် ရေနံစိမ်းကို ၁၈၅၇ ခုနှစ်တွင် ဖယောင်းနှင့်ချောဆီ ထုတ်ယူရန်အတွက် နိုင်ငံခြားသို့ တင်ပို့ခဲ့သည်။ ၁၈၅၉ ခုနှစ်တွင်မူ အမေရိကန် ပြည်ထောင်စုသို့ လည်း တင်ပို့ခဲ့သေးသည်။ ထိုနှစ်အတွင်း၌ အမေရိကန် ပြည်ထောင်စု၊ ပင်ဆီလဗေးနီးယား ပြည်နယ်၌ ရေနံတွေ့ရှိ၍ အမေရိကန် ရေနံသမိုင်း စတင်ခဲ့လေသည်။ ဗြိတိသျှအစိုးရ၏ အရိပ်အာဝါသကိုခိုလှုံ၍ နိုင်ငံခြားရေနံကုမ္ပဏီကြီးများသည် ရေနံလုပ်ငန်းကို စိတ်ဆန္ဒ ရှိသလောက် တိုးချဲ့ခဲ့ကြသည်။ ဘီအိုစီသည် သံလျင်တွင် ရေနံချက်စက်ကြီး တစ်ခုကို တည်ဆောက်၍ ၁၉ဝရ ခုနှစ်၌ ရေနံချောင်းမှ သံလျင်သို့ ရေနံစိမ်း ပို့ဆောင်ရေးအတွက် မိုင် ၃ဝဝ နီးပါး ရှည်လျားသော ပိုက်လိုင်းကြီးတစ်ခုကို တည်ဆောက်သည်။ ၁၉ဝ၂ ခုနှစ်ခန့်မှစ၍ ချောက်၌လည်း ရေနံတူးဖော်ရေးကို လုပ်ကိုင်ခဲ့ရာ၊ ထိုပိုက်လိုင်းကြီးကို နောင်အခါ ချောက်အထိ တိုးချဲ့ခဲ့ရ၍ ပိုက်လိုင်းအရှည်စုစုပေါင်း ၃၂၇ မိုင်ရှိခဲ့သည်။ ချောက်မြို့သည် ၁၉၃၇ ခုနှစ်မှစ၍ ရေနံလုပ်ငန်း၏ အချက်အချာ ဖြစ်လာလေသည်။ ၁၉၁၉န္ထ၂ဝ ပြည့်နှစ်တွင် ရေနံမြေ၌ လျှပ်စစ်ဓာတ်အားကို စတင် အသုံးပြုခဲ့ရာ ကမ္ဘာ၌ လျှပ်စစ်ဓာတ်အား ပထမဆုံး သုံးနိုင်သော ရေနံလုပ်ငန်းကြီး ဖြစ်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ချောက်မြို့သို့ လျှပ်စစ်ဓာတ်အား တိုးချဲ့ပေးပို့ခဲ့လေသည်။ ကုမ္ပဏီကြီးများသည် ဧရာဝတီမြစ်၏ ဝဲယာနှစ်ဘက်ကမ်းတွင် တာရိုးကြီးများဆောက်၍ မြစ်ဝှမ်း၏ တစ်စိတ်တစ်ဒေသကို သဲသောင်အဖြစ်ပြောင်းလဲလိုက်ကြပြီး နောက် ရေနံတွင်းများ တူးဖော်ကြသည်။ ယင်းသို့ ဆောင်ရွက်ရာ၌ အိုင်ဘီပီ ကုမ္ပဏီက ရှေ့ဆောင်ဖြစ်၍ ဘီအိုစီက နောက်လိုက်ဖြစ်သည်။ အိုင်ဘီပီ ကုမ္ပဏီသည် ၁၉၂၇ ခုနှစ်တွင် လမ်းရွာ၏ အောက်ဆွယ်၌ တာရိုးပြုလုပ်ကာ၊ ရေနံတွင်းပေါင်း ၁၂၇ တွင်း တူးဖော်၍ ရေနံထုတ်လုပ်ခဲ့ရာ၊ ဒုတိယ ကမ္ဘာစစ် မတိုင်မီက လမ်းရွာသည် စည်ကားသော ရေနံမြေတစ်ခု ဖြစ်ခဲ့သည်။ ထိုကြောင့် ၁၉၃၃န္ထ၈ ခုနှစ်အတွင်း စဉ့်ကူချောင်းမှ အစပြု၍ ဧရာဝတီမြစ်၏ လက်ဝဲဘက်ကမ်းတွင် တာရိုး ဆောက်ပြီးလျှင် ရေနံတွင်းများ တူးဖော်သည်။ ယင်းသို့ဖြင့် မိမိပိုင်နက် ရေနံမြေ နယ်နိမိတ်အတွင်းမှ ရေနံများ အခြားသူ တစ်ပါးထံမရောက်ရန် တားဆီးခြင်းလည်း မည်လေသည်။ နိုင်ငံခြားကုမ္ပဏီကြီးတို့သည် ဤသို့ဖြင့် မြန်မာ့ ရေနံမြေမှ ရေနံကို ရနိုင်သမျှ ကုတ်ကုတ်ခြစ်ခြစ် ကြိုးပမ်း ထုတ်ယူခဲ့ကြ ပေသည်။

ကုမ္ပဏီကြီးများ၏ လုပ်ငန်းဆောင်ရွက်ပုံပြင်ဆင်

အရှိန်အဟုန် ကောင်းစွာဖြင့် ရေနံလုပ်ငန်းကို တိုးချဲ့ နိုင်သော ကုမ္ပဏီများတွင် ဘီအိုစီသည် ထိပ်ဆုံးဖြစ်၍ ခေတ်မီ စနစ်များကို ဗွေဆော်ဦး သုံးနိုင်ခဲ့သည်။ ဘီအိုစီ တည်ထောင်စ က အစပြု၍ ရောင်းဝယ်ဖောက်ကားမှုကို ဖင်လေအင် ဖလင်မင် ကုမ္ပဏီက ဆောင်ရွက်ပေးခဲ့သည်မှာ ၁၉၃၉ ခုနှစ်တိုင်အောင် ဖြစ်သည်။ မြန်မာပြည်သည် ၉၁ ဌာန အုပ်ချုပ်ရေးရရှိ၍ အိန္ဒိယပြည်မှ ခွဲထွက်ပြီးနောက်တွင် ၁၉၃၉ ခုနှစ်မှစ၍ ဘီအိုစီ သည် ကုမ္ပဏီအုပ်ချုပ်ရေး ပုံစုံကိုတစ်မျိုး ပြောင်းလိုက်သည်။ ယခင်က ဘီအိုစီ၏ ဌာနအသီးအသီးသည် အောက်ပါအတိုင်း သီးသန့် ကုမ္ပဏီများ ဖြစ်လာလေသည်။ ၁။ ဘီအိုစီ (တူးဖော်ခွင့်) ကုမ္ပဏီ၊ ၂။ ဘီအိုစီ (ရေနံပိုက်လမ်း) ကုမ္ပဏီ၊ ၃။ ဘိုအိုစီ (ချက်လုပ်ရေး) ကုမ္ပဏီ၊ ၄။ ဘီအိုစီ (ကူးသန်း ရောင်းဝယ်ရေး) ကုမ္ပဏီ၊ ၅။ ဘီအိုစီ (ရေနံတင် သင်္ဘော) ကုမ္ပဏီ၊ သယ်ယူပို့ဆောင်ရေးသည် ရေနံလုပ်ငန်းတွင် အရေးပါ သော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ရှေးခေတ်က ရေနံမြေမှ ရေနံစိမ်းကို သယ်ယူနည်းမှာ ဝါးဖြင့် ယက်သော ရိုင်များကို နွားချေးသရိုး မွမ်းမံ၍ ပိုက်လုံးသဖွယ် အသုံးပြုခြင်းဖြစ်သည်။ လောင်းထည့်လိုက်သော ရေနံများကို မြစ်ကမ်းနဖူးမှနေ၍ အိုးများဖြင့် ခံယူသည်။ ထိုခေတ်က ရေနံစိမ်းကို ပိဿာချိန်ဖြင့် အရောင်းအဝယ်ပြုကြသဖြင့် ရေနံထည့်သော စဉ့်အိုးများမှာ များသောအားဖြင့် ၁ဝ ပိဿာဝင်အိုးများဖြစ်သည်။ ထိုအိုးများကို အထက်အောက် ကျေးရွာများသို့ လှေများဖောင်များဖြင့် သယ်ယူ၍ ရောင်းဝယ်ဖောက်ကားသည်။ ကုန်းပိုင်းကျသော ဒေသများသို့ ပို့ဆောင်ရာ၌ လှည်းလုပ်ခဲ့၍ ထိုစဉ်က တန်ဖိုးငွေသည် ကျပ်ခြောက်ကုဋေဖြစ်သည်။ ရေနံစိမ်းမှ ထုတ်လုပ်သော ရေနံထွက်ပစ္စည်း တန်ဖိုးသည် ကျပ် ၁၅ ကုဋေဖြစ်သည်။ ထိုစဉ်က ပြည်တွင်းသုံးမှာ ၁၂ ရာခိုင်နှုန်း ခန့်သာရှိ၍ ၈၈ ရာခိုင်နှုန်းကို နိုင်ငံခြားသို့ တင်ပို့နိုင်ခဲ့သည်။ ရေနံထွက်ပစ္စည်း အားလုံးလိုလိုကို အိန္ဒိယပြည်သို့ တင်ပို့ရ၍ ဘီအိုစီမှ တစ်ဆင့်လည်းကောင်း၊ ယင်းကုမ္ပဏီ၏ အဆက် အသွယ်များအားဖြင့်လည်းကောင်း နိုင်ငံခြား၌ ရောင်းချသည်။ မြန်မာ ဖယောင်းများကို အိန္ဒိယပြည်မှတစ်ဆင့် ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုသို့ တင်ပို့ရလေသည်။

အပို့အသွင်းနှင့် အမြတ်အစွန်းပြင်ဆင်

နိုင်ငံခြားသို့ မြန်မာ့ရေနံထွက်ပစ္စည်းများ တင်ပို့ ရောင်းချခဲ့ရသည် ဆိုသော်လည်း ထိုစဉ်က မြန်မာပြည်တွင် မချက်လုပ်သော အချို့ဓာတ်ဆီများနှင့် ချောဆီအမျိုး အစားတို့ကိုမူ နိုင်ငံခြားမှ တင်သွင်းခဲ့ရာ၊ အထူးသဖြင့် အမေရိကန် စတင်းဒတ် ရေနံကုမ္ပဏီသည် ဘီအိုစီ ကုမ္ပဏီနှင့် အစီအစဉ်ပြုလုပ်၍ မြန်မာပြည်သို့ ရေနံထွက် ပစ္စည်းများ တင်သွင်းရောင်း ချခဲ့သည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီက မြန်မာပြည်မှ နိုင်ငံခြားသို့ တင်ပို့ရသော ရေနံထွက်ပစ္စည်းများ၏ တန်ဖိုးသည် နှစ်စဉ် ဒေါ်လာ ၄၅သန်းနီးပါးမှ သန်း ၅ဝ ခန့်အထိဖြစ်သည်။ မြန်မာပြည်အတွင်းသို့ တင်သွင်းခဲ့သော ရေနံထွက်ပစ္စည်း တန်ဖိုးမှာ နှစ်စဉ် ဒေါ်လာ တစ်သန်းကျော် နှစ်သန်းနီးပါး ခန့်ရှိသည်။ ထိုစဉ်က အမေရိကန် ဒေါ်လာ ၁ဝဝ သည် မြန်မာငွေကျပ် ၃၃ဝနှင့် ညီမျှသည်။ ရေနံထွက် ပစ္စည်းများကို မြန်မာပြည်မှ နိုင်ငံခြားသို့ တင်ပို့ခြင်း၊ တင်သွင်းခွင့်စသော ရေနံရောင်းဝယ် ဖောက်ကားမှု့မှ ဘီအိုစီက နှစ်စဉ်ရရှိသော စုစုပေါင်း အမြတ်ငွေသည် စတာလင်ပေါင် ၃ သန်းခွဲမှ ၅ သန်းနီပါးဖြစ်သည်။ ထိုစဉ်က စတာလင် ၁ ပေါင်သည် မြန်မာငွေ ၁၃ိန္ထ၅ဲန္ထ၄ ပိုင်နှင့် ညီမျှသည်။ ဘီအိုစီ တစ်ခုတည်းကပင် တစ်နှစ်လျှင် ဤမျှလောက် အမြတ်အစွန်း ရရှိခဲ့ပေရာ ခရစ် ၁၈၈၆ ခုနှစ်မှစ၍ ဒုတိယ ကမ္ဘာစစ်ကာလ မတိုင်မီအထိ နှစ်ပေါင်း ၅ဝ ကျော်မှှ နိုင်ငံခြား ကုမ္ပဏီကြီးများသည် မြန်မာ့ မြေဆီမှ ရွှေရည်ကို ည|စ်ထုတ်၍ ရရှိခဲ့သော အကျိုးအမြတ်များ မည်မျှ များပြားမည်ကို ချင့်တွက်ကြည့်နိုင်ပေမည်။ ဘီအိုစီနှင့် အခြား ကုမ္ပဏီများသည် ထိုမျှလောက်သော အကျိုးအမြတ်များ ခံစားနိုင်အောင် မြန်မာပြည် အရပ်ရပ်၌ တူးဖော်ခဲ့သော ရေနံတွင်း စုစုပေါင်းသည် ၆၉၉ တွင်းဖြစ်သည်။ ယင်းတို့တွင် လက်ယက်တွင်းများ မပါဘဲ စက်တွင်းများသာ ဖြစ်သည်။ ဗြိတိသျှအစိုးရသည် တွင်းရိုးတွင်းစား ၂၄ ဦးသို့ တူးဖော်ခွင့် ထုတ်ပေးခဲ့သော ရေနံတွင်း ရာပေါင်း ၄၂၃၅ ခုဖြစ်သော်လည်း သုံးပုံနှစ်ပုံကို နောင်အခါ ဘီအိုစီနှင့် အခြား နိုင်ငံခြားသား ကုမ္ပဏီများသို့ အပိုင် ရောင်းချခြင်း၊ အငှား ချခြင်း၊ ဘက်စပ်လုပ်ကိုင်ခြင်း ပြုခဲ့ကြ၍ တွင်းရိုးတွင်းစာတို့၏ လက်တွင် သုံးပုံတစ်ပုံခန့်သာ ကျန်တော့သည်။ ထိုတွင်းများသည်လည်း လက်တွင်းများသာဖြစ်ကြလေသည်။

ရေနံမြေလုပ်သားတို့၏ လှုပ်ရှားမှုပြင်ဆင်

ရေနံကုမ္ပဏီကြီးများသည် တစ်ဆင့်ထက်တစ်ဆင့် စီးပွားရေးဖွဲ့ဖြိုးတိုးတက် မြင့်မားလာခဲ့ကြသော်လည်း မိမိတို့ အကျိုး အမြတ် ကြီးမားရေးကိုသာ ရှေးရှူကြပြီးလျှင် မိမိတို့၏ လုပ်ငန်းတွင် အရေးပါသော ကဏ္ဍမှ ပါဝင်နေသည့် လုပ်သား တို့၏ စားဝတ်နေရေးအတွက် တရားမျှတစွာ တုံ့ပြန်ဆောင်ရွက် ပေးခြင်း မရှိခဲ့ချေ။ ထိုကြောင့် မြန်မာ့ ရေနံလုပ်ငန်း၏ အလုပ်သမား ကဏ္ဍတွင် လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ရာ၊ လှုပ်ရှားမှုတို့သည် အသွင်သဏ္ဌာန်အားဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသည်ကို တွေ့ရသည်။ ပထမဆုံး လှုပ်ရှားမှုသည် ၁၉၁၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ရာ အလုပ်သမားချင်းတူတူ စကော့လူမျိုးများကို ပို၍ အခွင့်အရေး ပေးသဖြင့် အမေရိကန် တွင်းတူးသမား များက သပိတ်မှောက်ခြင်းဖြစ်သည်။ မြန်မာတိုင်းရင်းသား အလုပ်သမားများ၏ လှုပ်ရှားမှု သည် ၁၉၂ဝ ပြည့်နှစ်မှစတင်ခဲ့သည်။ သပိတ်မှောက်ရခြင်းမှာ တိုင်းရင်းသား အလုပ်သမားများသည် အိန္ဒိယအလုပ်သမား များလောက်မှပင် အခွင့်အရေး မရခြင်း၊ ထိခိုက်နစ်နာမှုလျော် ကြေး မရခြင်း၊ ကရုဏာကြေး မရခြင်း စသည်တို့ကြောင့် ဖြစ်ပေသည်။ ၁၉၂၃ ခုနှစ်တွင်လည်း အလားတူ သပိတ်မျိုး မှောက်ခဲ့သော်လည်း ရှေးနည်းတူပင် ကုမ္ပဏီက လိုက်လိုက် လျောလျော မပြုခဲ့ပေ။ ၁၉၂၆ ခုနှစ်တွင် နိုင်ငံရေးသမားများ ဦးဆောင်၍ တွင်းတူးသမားအချို့ သပိတ်မှောက်ခဲ့သော်လည်း အကျိုးမထူးလှချေ။ ယင်းသည့် နောက်ပိုင်းတွင်မူ အလုပ်သမား လှုပ်ရှားမှု မည်မည်ရာရာ မရှိလှတော့ချေ။ သို့သော် မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် (ခရစ် ၁၉၃၈န္ထ၃၉)တွင်မူကား မြန်မာတစ်ပြည်လုံး တုန်ဟီးသွားသော ရေနံမြေ သပိတ်ကြီး ပေါ်ပေါက်ခဲ့လေသည်။ အာ။ာဝက သခင်ဘိုးလှကြီး ခေါင်းဆောင်သော သပိတ်တပ်သား မြန်မာ ကုလားအလုပ်သမား ၁ဝဝဝ ကျော်တို့သည် မိုင် ၄ဝဝ ကျော်ဝေးသော ရန်ကုန်မြို့သို့ ခြေလျင် ချီတက်ပြီးလျှင် ရေနံမြေ အလုပ်သမားများ၏ နစ်နာချက်များကို တင်ပြလာကြသည်။ အခြားသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား အစရှိသော အများပြည်သူတို့ကလည်း ရေနံမြေသပိတ်ကြီးအား သောင်းသောင်းဖြဖြ ထောက်ခံအားပေးကြသည်။ ဗြိတိသျှ အစိုးရနှင့် ကုမ္ပဏီအာဏာပိုင်များ တုန်လှုပ်ချောက်ချားခဲ့ရသော သပိတ်ကြီးတည်။ ယင်းသို့ လုပ်သားထုကြီး၏ ပြင်းထန်သော လှုပ်ရှားမှုကြောင့် အစိုးရက အရေးတယူ ဆောင်ရွက်ခဲ့ သော်လည်း ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာသဖြင့် အကောင်အထည် မပေါ်နိုင်ခဲ့ချေ။

စစ်မီးနှင့် ရေနံမြေပြင်ဆင်

ဥရောပ၌ ဒုတိယကမ္ဘာစစ်မီးကြီး စတင်တောက် လောင်စဉ်က မြန်မာ့ ရေနံမြေမှ လုပ်ငန်းများကို သိသိသာသာ မထိခိုက်သေးပေ။ သို့သော် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်သည် စစ်ပြိုင်နိုင်ငံတစ်ခု ဖြစ်လာသောအခါ မြန်မာပြည်၌ အခြေအနေတို့ ရုတ်ခြည်း ပြောင်းလဲသွားသည်။ ဗြိတိသျှ အစိုးရ၏ မြေလှန်စနစ်အရ ဘီအိုစီ၏ သံလျင်မှ ရေနံချက် စက်ရုံ၊ အိုင်ဘီပီ၏ ဆိပ်ကြီးစက်ရုံ၊ ဘီဘီပီ၏ သီလဝါစက်ရုံတို့ ကို ၁၉၄၂ ခုနှစ် မတ်လတွင် အကြီးအကျယ်ဖောက်ခွဲ ဖျက်ဆီး၍ အချို့ကို ဖြုတ်ပစ်ခဲ့သည်။ ဧပြီလအတွင်း၌မူ ရေနံတွင်းများ၊ ရေနံထုတ်လုပ်သော ပစ္စည်းကိရိယာများ၊ တွင်းတူးစက်များနှင့် တန်ဆာပလာများ၊လျှပ်စစ် ဓာတ်အားပေး ရေးဆိုင်ရာ ပစ္စည်းများ၊ ချောက်ရေနံချောင်း ရေနံပိုက်လိုင်းကြီး၊ ရေနံစုတ်စက်ရုံများ၊ မရွေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် အဆောက်အအုံများကိုလည်း တတ်နိုင်သလောက် ဖျက်ဆီး ပစ်ခဲ့ရာ၊ အပျက်အစီး တန်ဖိုးသည် စတာလင် ပေါင်သန်း ၄ဝ (မြန်မာငွေ ၅၃ ကုဋေ)ခန့် ဖြစ်သည်။ ထိုတန်ဖိုးထဲတွင် မြန်မာ သယံဇာတ ရေနံတွင်းများနှင့် စပ်လျဉ်း၍ ယင်းတို့ ဖျက်ဆီး ခဲ့သော တန်ဖိုးစာရင်း မပါသေးချေ။ ဖော်လည်း မဖော်ပြချေ။ ဂျပန်များ မြန်မာပြည်တွင်းသို့ ဝင်ရောက် လာသောအခါ ပျက်စီးနေသော ရေနံလုပ်ငန်းကို ဖြစ်သလို ဆက်လက် ဆောင်ရွက်ကြသည်။ ဖြစ်သည့်နည်းဖြင့် ထုတ်လုပ်ရရှိသော ရေနံများကို စည်များတွင် ထည့်၍လည်း ကောင်း၊ ရေနံတွဲသဘောများဖြင့် တင်ဆောင်၍လည်းကောင်း သံလျင်သို့ သယ်ယူပြီးလျှင် ဖြစ်သလို တည်ဆောက်ထားသော ရေနံချက် ဖိုတွင် ရေနံပစ္စည်းများကို ထုတ်လုပ်ကြသည်။ သံလျင်၌ ပျက်စီးနေသော သံကန်ကြီး ၆ဝ ခန့်အနက် လေးခုမျှသာ ပြင်ဆင် အသုံးပြုနိုင်သည်ဟု ဆိုလေသည်။

ရေနံလုပ်ငန်း ပြန်လည်ထူထောင်ရေးပြင်ဆင်

ဘက်ဆစ် ဂျပန်တို့ကို တော်လှန်၍ ဂျပန်တို့ မြန်မာ့မြေမှ ဆုတ်ခွာရပြီးနောက်တွင် ဗြိတိသျှ အစိုးရတို့ ပြန်လည်ဝင် ရောက်လာသောအခါ၊ ဗြိတိသျှရေနံ ကုမ္ပဏီများ သည်လည်း တစ်စတစ်စဖြင့် ရေနံမြေသို့ ပြန်လာကြသည်။ သို့သော် စစ်ပြီး ကာလဖြစ်၍ စစ်အုပ်ချုပ်ရေး လက်အောင်ခံ၊ မြန်မာ့ရေနံမြေ ပြန်လည်ထူထောင်ရေးအဖွဲ့ အသွင်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။ ထိုအဖွဲ့က ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ရေနံမြေ ကိစ္စများကို ဆောင်ရွက်သည်။ ၁၉၄၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မြန်မာပြည်အတွင်း ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရေးကို ကက်စဘီခေါ် မြို့ပြ အုပ်ချုပ်ရေးဌာနက လုပ်ကိုင်သည်။ ထိုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းတွင် ဘီအိုစီ (တွင်းတူးရေး)နှင့် ဘီအိုစီ (ကုန်သွယ်ရေး)တို့က ရေနံထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးတို့ကို ကက်စဘီထံမှ လွှဲပြောင်းယူလိုက်လေသည်။ ရေနံမြေမှာ မြေလှန် စနစ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သဖြင့် ကုမ္ပဏီများအတွက် ရေနံလုပ်ငန်း ပြန်လည် ထူထောင်ရေးမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် စရိတ်စက ကြီးလေးနေသည်။ ထို့ပြင် မြန်မာနိုင်ငံရေး အခြေအနေသည် အချုပ်အချာ အာဏာပိုင်နိုင်ငံအဖြစ်သို့ ကူးပြောင်းရန် လှုပ်ရှားနေသဖြင့် အရင်းရှင် ကုမ္ပဏီများသည် ရေနံမြေထူထောင်ရေး၌ အခြေအနေကို အကဲခတ်ကာ နှောင့်နှေး ဖင့်နွှဲနေကြသည်။ ထိုကြောင့် ဒုတိယကမ္ဘာစစ်ပြီးကာလ၌ မြန်မာပြည်နည်းတူ စစ်ဒဏ် အနည်းအများ ခံကြရသော တိုင်းပြည်နီးချင်းဖြစ်သည့် အင်ဒိုနီးရှား၊ ဗြိတိသျှဗော်နီယိုတို့တွင် ရေနံအထွက် ပိုနေချိန်၌ မြန်မာပြည်တွင် ရေနံထွက် လျော့နည်းနေဆဲ ဖြစ်လေသည်။ ဘီအိုစီသည် ပြန်လည် ထူထောင်ရေး အတွက် ချောက်ရေနံမြေ၌ ရေနံချက်စက်ငယ် တစ်လုံးကို ၁၉၄၇ ခုနှစ် တွင် တည်ဆောက်သည်။ ချောက်န္ထသံလျင် ရေနံပိုက်လိုင်းကို ပြန်၍ ပြုပြင်ရာ၊ ချောက်မြို့မှ မိုင် ၆ဝ ခန့်အထိ ပြန်၍ အသုံးပြု နိုင်ခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ်၌ အချုပ်အချာ အာဏာပိုင်လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ရောက်လာ ပြီးသည့်နောက်ပိုင်းတွင် ပြည်တွင်းရေး အခြေအနေ မငြိမ်မသက် ဖြစ်လာ၍ ဘီအိုစီသည် ပြန်လည် ထူထောင် ရေးလုပ်ငန်း များကိုရပ်ဆိုင်းထားခဲ့သည်။ အခြားနိုင်ငံခြား ရေနံကုမ္ပဏီများကလည်း ဘီအိုစီအား ခေါင်းဆောင်ထားကာ တစ်စိတ် တစ်ဝမ်းတည်းပြု၍ ပူးပေါင်းလိုက်ကြလေသည်။

ရေနံ ဘက်စပ်လုပ်ငန်းပြင်ဆင်

ရဲဘော်ဖြူများ သိမ်းပိုက်ထားခဲ့သော ရေနံမြေကို ပြည်ထောင်စုအစိုးရ တပ်များက ၁၉၄၉ ခုနှစ် ဇွန်လတွင် ပြန်လည် သိမ်းပိုက်ပြီးနောက်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် အရင်းရှင် ရေနံကုမ္ပဏီများက ပြည်တွင်းရေး အခြေအနေ အရပ်ရပ်တို့ကြောင့် လုံခြုံမှု မရှိသဖြင့် ရေနံလုပ်ငန်း ဆောင်ရွက် ရန် မဖြစ်ဟူသော အကြောင်းပြချက်၊ ဘဏ္ဍာရေး မလုံ မလောက်ဟူသော အကြောင်းပြချက်တို့ဖြင့် ရေနံချောင်းရှိ ရေနံလုပ်ငန်းအရပ်ရပ်ကို လုံးဝပိတ်ပစ်ကာ၊ အလုပ်သမား ၂ဝဝဝ ကျော်တို့ကို လူလျော့ပစ်လိုက်လေသည်။ မြန်မာအစိုးရက အလုပ်သမားများ မနစ်နာစေရန် ကုမ္ပဏီများကို ဘဏ္ဍာရေး အကူအညီပေးသော်လည်း ကုမ္ပဏီများက ဆိုလေကဲလေ ဖြစ်လာသည်။ မြန်မာအစိုးရသည် မူအမျိုးမျိုးကိုချ၍ စဉ်စားပြီးနောက် ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာအစိုးရနှင့် ဗြိတိသျှ ရေနံကုမ္ပဏီကြီးတို့သည် ရေနံဘက်စပ် လုပ်ငန်းအတွက် သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးကြသည်။ စာချုပ် လက်မှတ်ရေးထိုးကြသော ကုမ္ပဏီကြီးများမှာ ဘီအိုစီ၊ အိုင်ဘီပီနှင့် ဘီဘီပီတို့ ဖြစ်ကြ သည်။ ထိုစဉ်က မြန်မာ အစိုးရသည် အစုရှယ်ယာ ၃၃န္ထရာခိုင် နှုန်းပါဝင်၍ နောင်တွင် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပါဝင်ရ မည်ဖြစ်သည်။ ထိုဘက်စပ် ရေနံလုပ်ငန်းကို ဘီအိုစီ (၁၉၅၄) လီမိတက်ဟုခေါ်သည်။ ရေနံလုပ်ငန်း ကိစ္စ အဝဝကို ဘီအိုစီ (ကုန်သွယ်ရေး) လီမိတက်က ဆောင်ရွက်၍ လုပ်ငန်းကြီးကြပ် ကွပ်ကဲမှုကို ဒါရိုက်တာ ငါးဦးပါဝင်သော အဖွဲ့က အုပ်ချုပ်သည်။ ဒါရိုက်တာ သုံးဦးကို ဘီအိုစီက ခန့်၍နှစ်ဦးကို အစိုးရက ခန့်သည်။

ပြည်သူ့ ရေနံလုပ်ငန်း အဖြစ်သို့ ။ ။

ရေနံလုပ်ငန်း ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရာ၌ ၁၉၅၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် သံလျင် ရေနံချက်စက် ကြီးကို ပြန်လည် ထူထောင်ခဲ့ရာ၊ ၁၉၅၇ ခုနှစ် မတ်လတွင် တစ်နေ့လျှင် ရေနံဂါလံ တသိန်း ခြောက်သောင်း ချက်လုပ်နိုင် သော စက်တစ်လုံးနှင့် ထိုလုပ်ငန်းနှင့် ဆက်စပ်သည့် အခြားစက်များကို ဆောက်လုပ်ပြီးစီးသည်။ သို့သော် ရေနံမြေမှ ရေနံစိမ်း အဆက်မပြက် အလျင်မှီအောင် ရနိုင်ရန်မှာ ပြသာနာတစ်ခု ဖြစ်လာပြန်သည်။ သံလျင်န္ထချောက် ရေနံပိုက်လိုင်းကြီးကို ပြန်လည် မပြုပြင် နိုင်သေးသဖြင့် ပြည်တွင်းရေကောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင် ရေနံတွင် တွန်းသင်္ဘောများဖြင့်ပင် ကြိုးစား သယ်ပို့ခဲရလေသည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီကာလက ပြည်တွင်းထွက် ရေနံထွက် ပစ္စည်းများမှာ ပြည်တွင်းအတွက် ဖူလုံရုံသာမက၊ နိုင်ငံခြားသို့ အများအပြား တင်ပို့နိုင်ခဲ့သော်လည်း စစ်ပြီးခေတ်တွင် ရေနံထုတ်လုပ်မှုအင်အား လျော့ခြင်း၊ ရေနံထွက် ပစ္စည်း သုံးစွဲမှု ပိုမိုလာခြင်းတို့ကြောင့် နိုင်ငံခြားမှ ရေနံထွက် ပစ္စည်းများကို ပိုမို တင်သွင်းရသည့် အခြေအနေသို့ ရောက်လာ သည်။ ရှိရင်းစွဲစက်များကို ဆက်လက် တိုးချဲ့ရန်လည်း မဖြစ်တော့သဖြင့်၊ ၁၉၆ဝ ပြည့်နှစ် အောက်တိုဘာလတွင် မြန်မာအစိုးရသည် ဘီအိုစီ(၁၉၅၄) လီမိတက်၌ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းအထိ တိုးတက် ပါဝင်ပြီးလျှင်၊ ရေနံချက် စက်သစ်ကြီး တစ်လုံးကို သံလျင်တွင် ထပ်မံတည်ဆောက်ရန် သဘောတူလိုက်သည်။ ထိုကြောင့် ၁၉၆၂ ခုနှစ် မေလတွင် ထိုစက်သစ်ကြီးကို တည်ဆောက်ခဲ့ရာ ၁၉၆၃ ခုနှစ် ဇူလိုင်လ၌ ပြီးစီး၍ တစ်ရက်လျှင် ရေနံစိမ်းဂါလံ ငါးသိန်းချက်နိုင်လေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ လက်ထက်တွင် ဆိုရှယ်လစ် စီးပွားရေး စနစ်နှင့်အညီ ဖြစ်စေရန် မြန်မာနိုင်ငံ ရေနံဖက်စပ်လုပ်ငန်း ကိစ္စအဝဝကို ၁၉၆၃ ခုနှစ် ဇဎ္0x046ဝါရီလ ၁ ရက်နေ့မှစ၍ ဘီအိုစီ (၁၉၅၄) ကုမ္ပဏီအား လျော်ကြေး ပေးပြီးလျှင် ပြည်သူပိုင် ပြုလုပ်လိုက်လေသည်။ လျော်ကြေး ပေးရသော ငွေမှာ မြန်မာငွေ ကျပ် ၆၂၅ သိန်း ဖြစ်လေသည်။ ရေနံမြေ၌ ကုမ္ပဏီကြီးများအပြင် ရေနံလုပ်ငန်းကို လုပ်ကိုင်နေသော ကုမ္ပဏီငယ်များ၊ တွင်းရိုးတွင်းစားများ ရှိသေး ကြောင်းဖော်ပြခဲ့သည်။ ကုမ္ပဏီကြီးများသည် စစ်ပြီးခေတ် ရေနံမြေသို့ ပြန်ရောက် လာသည်မှစ၍ ကုမ္ပဏီကြီးများနှင့် တွင်းရိုးတွင်းစားများ ပြသာနာပေါ်ခဲ့သည်။ တွင်းရိုးတွင်းစားတို့သည် မိမိတို့ပိုင်တွင်းများကို ကုမ္ပဏီကြီး ငယ်များသို့ အငှား ချခြင်း၊ ဘက်စပ် လုပ်ကိုင်ခြင်း စသဖြင့် ပြုခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်အရေးကြောင့် မြေလှန်စနစ် သုံးသောအခါ တွင်းရိုး တွင်းစားတို့၏ တွင်းများလည်း ဖျက်ဆီးခံရသည်။ ကုမ္ပဏီကြီးများသည် စစ်ပြီးကာလ၌ ရေနံမြေပြန်လည် ထူထောင်ရေး ပြုရာ၌ တွင်းရိုး တွင်းစားများ၏ တွင်းများကို ပြုပြင်ပေးရန် လက်နှေးခဲ့ကြ သည်။ အစိုးရက တွင်းရိုး တွင်းစားတို့အား ယင်းတို့၏ရေနံတွင်းများ ပြုပြင်ရန် ငွေနှစ်သိန်း ထုတ်ချေးသော်လည်း မလုံလောက်ချေ။ တွင်းပိုင်ရှင်များကလည်း ကုမ္ပဏီကြီး များကငှားယူခဲ့သော တွင်းများကို ကုမ္ပဏီကြီး များကပင် ပြန်လည် ပြုပြင်ရန် လိုလားကြရာ၊ တွင်းရိုး တွင်းစားများနှင့် ကုမ္ပဏီကြီးများ၏ ပြသာနာမှာ မပြေမလည် ဖြစ်နေခဲ့လေသည်။ ၁၉၅၆ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်မူ တော်လှန်ရေး အစိုးရသည် ဆိုရှယ်လစ် စီးပွားရေး စနစ်နှင့်အညီ တွင်းရိုးတွင်းစားတို့၏ ရေနံတွင်းများကိုလည်း လျော်ကြေး ပေးကာ ပြည်သူပိုင် သိမ်းလိုက်လေသည်။ ရေနံမြေသစ် ရှာဖွေခြင်း ။ ။

ရေနံတွင်းတစ်တွင်းမှ ရေနံစိမ်းသည် အမြဲတစေ ထွက်နေမည်ဟု မဆိုနိုင်ချေ။ တစ်နေ့တွင် ခန်းခြောက် သွားနိုင်သည်။ ထို့ပြင် စစ်ပြီးခေတ်တွင် ရေနံထွက်ပစ္စည်း သုံးစွဲမှုသည် အလွန်တိုးတက် များပြားလာသော်လည်း ရေနံစိမ်း အထွက်သည် အကြောင်းအမျိုးမျိုးကြောင့် လျော့လာသည်။ ထိုကြောင့် နိုင်ငံခြား ကုမ္ပဏီကြီးများသည် ဗြိတိသျှခေတ်ကပင် ရေနံမြေ သစ်များကို စူးစမ်းရှာဖွေခြင်း၊ ရေနံအစမ်းတွင်းတူးခြင်းများကို ဦးစားပေး၍ ဆောင်ရွက်ခဲ့ကြ သည်။ ယင်းသို့ ရေနံမြေသစ် ရှာခြင်းစသည်တို့သည် အလွန်စရိတ်စက ကြီးလေးလှသော်လည်း ရေနံလုပ်ငန်း ကြာရှည်တည်တံ့နိုင်ရေးအတွက် ထိုလုပ်ငန်းတို့သည် ပြုသင့်ပြုထိုက်သော လုပ်ငန်းများ ဖြစ်ကြသည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီကာလက ထိုကြောင့်ပင် ချင်းတွင်းမြစ် အထက်ပိုင်း အင်းတော်၊ ပန်းသာ အစရှိသောဒေသနှင့် ရေနံမစသော ဒေသတို့တွင် ရေနံ စမ်းသပ်ရှာဖွေယင်း ရေနံတွေ့ခဲ့ကြသည်။ ထို့ပြင် ငရှန်တောင်၊ အုန်းတွဲ၊ ကျွန်းတော်၊ ရင်းအိုင်၊ အောင်လန်း၊ မိုးနတ်ကုန်း၊ မြောင်းကုန်း အစရှိသော ဒေသများ၌လည်း ရေနံရှာဖွေခြင်းကို ပြုလုပ်ခဲ့သည်။ စစ်ပြီးကာလ ၁၉၅၇ ခုနှစ်မှစ၍ ဒေးဒရဲ၊ ကျိုက်လတ်၊ သာယာဝတီ၊ ကျွန်းညိုကြီး၊ အောင်လံ၊ ပုဂံ စသည်တို့၌လည်း ရေနံ ရှာခဲ့သေးသည်။ သို့သော် လွတ်လပ်ရေး ခေတ်တွင် အရင်းရှင်ကုမ္ပဏီကြီးများသည် ရေနံမြေသစ်ရှာဖွေရေးကို အားကြိုး မာန်တက် မပြုခဲ့ကြပေ။ ရေနံလုပ်ငန်းကို ပြည်သူပိုင် လုပ်ပြီးနောက် ၁၉၆၄ ခုနှစ်မှစ၍ ပြည်၊ မြန်အောင် ဒေသတို့၌ ရေနံစမ်းသပ်ရှာဖွေခဲ့ရာ၊ ၁၉၆၅ ခုနှစ် နောက်ပိုင်းတွင် မြန်အောင် အစမ်းတွင်းများမှ ရေနံများအောင်မြင်စွာ ထွက်ရှိခဲ့သည်။ ၁၉၆၅ ခုနှစ် ဒီဇင်လာလအတွင်း၌ မြန်အောင် အစမ်းတွင်းအချို့မှ တစ်လလျှင် ရေနံစိမ်းဂါလံ ရှစ်သိန်းကျော် ထွက်နိုင်ကြောင်း စမ်းသပ်တွေ့ရှိရလေသည်။ ထိုကြောင့် မြန်အောင်ရေနံမြေတွင် တွင်းသစ်များ ဆက်လက် တူးရေး၊ သိုလှောင်ရေး၊ ဆိပ်ကမ်းအရောက် ပိုက်သွယ်ရေးတို့ကို စီစဉ် ဆောင်ရွက်လျက်ရှိလေသည်။ ရေနံချောင်း ရေနံမြေ၌လည်း တွင်းသစ်များ တူးဖော်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိလေသည်။

ရေနံနှင့် ရေနံထွက်ပစ္စည်း ထုတ်လုပ်ခြင်း ။ ။

ကမ္ဘာပေါ်တွင် မည်သည့် အရပ်ဒေသ၌ ရေနံစတင်တူး ဖော်ခဲ့သည်ဟု တပ်အပ် မပြောနိုင်သော်လည်း ရေနံ စတွေ့ သည့်ခုနှစ် သက္ကရာဇ်ကို ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံ၌ ရေနံတူးဖော်ခြင်းသည် ရှေးအကျဆုံးဟု ဆိုဖွယ်ရာရှိသည်။ ရေနံသည် ဖိနှိပ်အားအနည်းအမျာ၊ နေရာအနိမ့်အမြင့်၊ မြေလွှာ အပွအကျစ်စသော အခြေအနေအလိုက် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းပြီးလျှင် အသင့်လျော်ဆုံးမြေလွှာ ကျောက်လွှာ၌ စုဝေးနေတတ်သည်။ ရေနံအောင်းမြေလွှာသည် မြေငလျင်ကြောင့် လည်းကောင်း၊ ရေတိုက်စားခြင်းကြောင့်သော် လည်းကောင်း အပေါ်ယံလွှာသို့ ရောက်လာတတ်ပြီးလျှင် ရေနံစိမ့်ထွက်သောနေရာများ ရှိတတ်သည်။ ပုံစံပြရလျှင် ချင်းတွင်းမြစ်အနီး ရွာနန်းချောင်း၊ အင်းတော်နှင့် ရခိုင်ပြည် မာန်အောင်ကျွန်း စသည့် နေရာတို့၌ ရေနံစိမ့်ထွက်သည်ကို တွေ့ရသည်။ အချို့နေရာများတွင် ပေ ၅ဝ မှ ၁ဝဝ အထိ ရေတွင်းတူးသကဲ့သို့ တူးယူနိုင်သည်။ ရေနံချောင်းမှ လက်ယက်တွင်းများသည် ယင်းကဲ့သို့ တူးယူသော တွင်းမျိုးဖြစ်လေသည်။ သို့သော် ခေတ်မီရေနံချက် စက်ကြီးများဖြင့် ချက်နိုင်အောင် အလျင်မီမီ ရနိုင်ရန် သဘာဝ အစိမ့်ထွက်သော ရေနံကို စောင့်ယူနေ၍ မဖြစ်ပေ။ ထိုကြောင့် ရေနံကြောရှိရာ မြေလွှာထဲသို့ မိုင်ဝက်မှသည် တစ်မိုင်ကျော်အထိ နက်အောင် စက်ဖြင့် တူးရသည်။ စက်ဖြင့်တူးသည့် စနစ်ကို ၁၈၅၉ ခုနှစ်တွင် စတင်အသုံးပြုခဲ့လေသည်။ စက်ဖြင့် တူးခြင်းသည် သစ်သားကို လွန်ဖြင့် ဖောက်သည့်သဘောအတိုင်းဖြစ်သည်။ မြေကိုထွင်းဖောက်ရသော ကိရိယာကို မြန်မာရေနံလုပ်သားကြီး များက ……စိန်နားပန်ဟုခေါ်၍ စိန်သွား တပ်ထားသော တူရွင်းဖြစ်သည်။ ထိုတူရွင်းကို မြေအပွအကျစ်လိုက်၍ သံပိုက်လုံး ထိပ်တွင် တပ်ပြီးနောက် ရေနံမျှော်စင်ရှိ စက်အားဖြင့် လည်ပတ်နေသော ဆုံလည်တွင် ထိုသံပိုက်လုံးကို ထောင်၍တပ်ကာ မြေသားကို လှည့်ပတ်ဖောက်ထွင်းခြင်း ဖြစ်သည်။ သံပိုက်တစ်ဆုံး တူးပြီးသောအခါ ရေနံမတွေ့သေးက နောက်ထပ်သုံပိုက်တစ်လုံးပြီးတစ်လုံး ဆင့်ကာ၊ ရေနံတွေ့သည်အထိ အဆင့်ဆင့် တူးရသည်။ ယင်းသို့ တူးနေဆဲတွင် သံပိုက်အေးနေစေရန်နှင့် ဖော်စပ်ထားသော ဓာတုဗေဒရွှံ့ကို သုံးရသည်။ မြေမပြိုစေရန် တူးပြီးသား မြေသားကို ဗိလပ်မြေကိုင်ရသည်။ ယင်းသို့ တူးခြင်းဖြင့် ရေနံရှိရာ မြေကြောသို့ ရောက်သောအခါ ရေနံသည် တွန်းကန်အားကြီးမားခဲ့သော် မြေပြင်ပေါ်သို့ အလိုအလျှောက် တက်လာ၍ တွန်းကန်အားနည်းလျှင်မူ ရေနံကို စက်ဖြင့် စုတ်ထုတ်ယူရလေသည်။ ရေနံသည် တွင်းထဲမှ တူးဖော်လိုက်သည့်အတိုင်း အသုံးမပြုနိုင်ဘဲ ကုန်ကြမ်းတစ်ခုသာ ဖြစ်သည်။ ထိုကုန်ကြမ်း ကို အသုံးဝင်သော ကုန်ချောများရရှိရန် ပြုပြင်ပြောင်းလဲရခြင်း ကို ရေနံချက်လုပ်သည်ဟုခေါ်သည်။ ရေနံချက်နည်း အမျိုးမျိုး ရှိရာ မြန်မာနိုင်ငံရေနံချက် လုပ်ငန်းတွင် ပေါင်းတင်ခြင်း၊ ခွဲချေခြင်း၊ သန့်စင်အောင် ချက်လုပ်ခြင်း နည်းတို့ကို ချောက်နှင့် သံလျင် ရေနံချက် စက်ရုံတို့တွင် အသုံးပြုသည်။ ချောက် ရေနံချက် စက်ရုံတွင် ရေနံချောင်း၊ ချောက်ရေနံမြေမှထွက်သော ရေနံ တစ်နေ့လျှင် ဂါလံ နှစ်သိန်း နှစ်သောင်းချက်လုပ်၍ ပြည်သူပိုင် လုပ်ပြီးနောက်တွင် ကုန်ထုတ်မှု အင်အားသည် ၂၆ ရာခိုင်နှုန်း တိုးတက် လာခဲ့ရာ၊ ယခုအခါ (၁၉၆၃-၆၄)၌ တစ်ရက်လျှင် အောက်ပါ ရေနံထွက် ပစ္စည်းကို ထုတ်လုပ် ဖြန့်ဖြူးလျက် ရှိသည်။ ၁။ မော်တော်ယာဉ် ဓာတ်ဆီ ့ ၄၈ဝဝဝ ဂါလံ ၂။ ရေနံဆီဖြူ ့ ့ ့ ့ ၃၉၆ဝဝ ။ ၃။ ရေနံဆီနီ ့ ့ ့ ့ ၁၂ဝဝ ဂါလံ ၄။ ဒီဇယ်ဆီကြဲ ့ ့ ့ ့ ၅၈၉ဝဝ ။ ၅။ ဒီဇယ်ဆီပျစ် ့ ့ ့ ့ ၄၄ဝဝ ။ ၆။ ဂုံလျော်ရောဆီ ့ ့ ့ ့ ၉ဝဝ ။ ရ။ မီးထိုးဆီ ့ ့ ့ ့ ၃၅၉ဝဝ ။ ဂ။ မီးထိုးဆီပျစ် ့ ့ ့ ့ ၅၃ဝဝ ။ ၉။ အိမ်သုတ် ရေနံချေး ၂၄ဝဝ ။ ၁ဝ။ ဖယောင်းဖြူ အမျိုးမျိုး (တန်ချိန်) ၅၂ ။ သံလျင်ရေနံချက် စက်ရုံသည် ချောက်ရေနံချက်စက်ရုံ ထက် ပို၍ ကြီးကျယ်သည်။ ယခင်က ချောက်၊ ရေနံချောင်း ရေနံမြေတို့မှ ထွက်သောရေနံကိုသာ တွန်းသင်္ဘောများဖြင့် သယ်ယူကာ သံလျင် ရေနံချက်စက်ရုံတွင် ချက်လုပ်ခဲ့သော် လည်း ယခုအခါ ပြည်တွင်း၌ ရေနံထွက် ပစ္စည်းများ အသုံးပိုမို များပြားလာခြင်း၊ ပြည်တွင်းမှရေနံကို လိုသလောက် မရရှိခြင်း တို့ကြောင့် အခါအားလျော်စွာ နိုင်ငံခြားများမှ ရေနံကိုလည်း တင်သွင်း ချက်လုပ်ရသည်။ ယခုအချိန်တွင် (၁၉၆၄ ခုနှစ်) ပြည်တွင်းထွက် ရေနံအပြင် အင်ဒိုနီးရှားနိုင်ငံနှင့် ဆိုဗီယက်ရုရှ နိုင်ငံတို့မှ တင်သွင်းသော ရေနံတို့ကို ချက်လုပ်လျက်ရှိ၍ တစ်နေ့လျှင် ရေနံဂါလံ သုံးသိန်းလေးသောင်းချက်လုပ် နိုင်သည်။ တစ်ရက်လျှင် အောက်ပါ ရေနံထွက် ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးနိုင်သည်။ ၁။ ဖျော်ဆီ ့ ့ ့ ့ ့ ့ ့ ့ ၂ဝဝ ဂါလံ ၂။ မော်တော်ယာဉ် ဓာတ်ဆီ ့ ့ ့ ့ ၇၉၂ဝဝ ။ ၃။ စစ်သုံး ဂျက်လေယာဉ်ဆီ ့ ့ ့ ့ ၁၈ဝဝ ။ ၄။ ဂျက်လေယာဉ်ဆီ ့ ့ ့ ့ ့ ့ ့ ့ ၂၁၈ဝဝ ။ ၅။ တာပင်တိုင်ဆီ ့ ့ ့ ့ ့ ့ ့ ့ ၃ဝဝ ။ ၆။ ရေနံဆီဖြူ ့ ့ ့ ့ ့ ့ ့ ့ ၆၃၃ဝဝ ။ ရ။ ရေနံဆီနီ ့ ့ ့ ့ ့ ့ ့ ့ ၂၈ဝဝ ။ ဂ။ ဒီဇယ်ဆီကြဲ ့ ့ ့ ့ ့ ့ ့ ့ ၈၅၇ဝဝ ။ ၉။ ဒီဇယ်ဆီပျစ် ့ ့ ့ ့ ့ ့ ့ ့ ၇၇ဝဝ ။ ၁ဝ။ ခြင်သတ်ဆီ ့ ့ ့ ့ ့ ့ ့ ့ ၄ဝဝ ။ ၁၁။ မီးထိုးဆီ ့ ့ ့ ့ ့ ့ ့ ့ ၅၉ဝဝဝ ။ ၁၂။ လောင်စာ ဓာတ်ငွေ့ (ကုဗပေ) ၇၃၅ဝဝဝ န္ထ ၁၃။ ရေနံမီးသွေး (တန်ချိန်) ့ ့ ့ ့ ၃၃ န္ထ ပြည့်သူရေနံလုပ်ငန်း ဖြစ်လာပြီးနောက်၊ ချောက်နှင့် သံလျင် ရေနံချက်စက်ရုံကြီး နှစ်ခုလုံးမှ (၁၉၃၆-၆၄)ခုနှစ်တွင် ချက်လုပ်ခဲ့သည် ရေနံပမာဏသည် လွန်ခဲ့သော ခုနှစ်ကျော်ကာလက (၁၉၅၇-၅၈)ကထက် ၇၂ ရာခိုင်နှုန်းမျှ တိုးတက် လာသည်။ တော်လှန်ရေး အစိုးရက ချမှတ်ထားသော ……လက်မှု လယ်ယာမှ စက်မှု လယ်ယာသို့ စီမံကိန်းအတွက် လယ်ထွန်စက်များ၊ သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ကား ကြီးငယ်များ တိုးတက် များပြားလာသည်နှင့်အမျှ လိုအပ်လာမည့် ရေနံထွက်ပစ္စည်းများ၊ အထူးသဖြင့် ဒီဇယ်ဆီနှင့် စက်မှုလုပ်ငန်းများတွင် လောင်စာအဖြစ် အသုံးပြုရမည့် မီးထိုးဆီများကို မူလထား၍ ရေနံချက်စက်ရုံကြီးများက တိုးတက် ထုတ်လုပ်ပေးလျက်ရှိသည်။ ကုန်ထုတ်လုပ်ရေးတွင် တိုးတက်လာသည်နှင့်အမျှ ရေနံလုပ်သားများ၏ စားဝတ်နေရေး ဖူလုံမှု၊ သက်သာချောင်ချိမှု၊ ဘဝလုံခြုံမှုတို့အတွက်လည်း တော်လှန်ရေး အစိုးရက အဘက်ဘက်မှ ဆောင်ရွက်ပေးလျက် ရှိလေသည်။[၁]


ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)