မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်


မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် (Myanmar Women's Affairs Federation) သည် မြန်မာအမျိုးသမီးများ လုံခြုံမှုဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် ဖွဲ့စည်းထားသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်သည် အမျိုးသမီးတိုင်း လူမျိုးမရွေး၊ ဘာသာမရွေး အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်သော စေတနာ့ဝန်ထမ်း လူမှုအဖွဲ့အစည်းဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်
Myanmar Women's Affairs Federation
ဆောင်ပုဒ်အမျိုးသမီးဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စို့
ဖွဲ့တည်ချိန်၂၀ ဒီဇင်ဘာ ၂၀ဝ၃
အမျိုးအစားNGO
ဌာနချုပ်နေပြည်တော်
ဝန်ဆောင်မှုဒေသ
 မြန်မာ
ဝက်ဘ်ဆိုဒ်mwaf.org.mm

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် မြန်မာအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့် ယန္တရား (National Mechanism) ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာကော်မတီ (Myanmar National Committee for Women's Affairs) ကို ဖွဲ့စည်းခဲ့ပြီး ဘေဂျင်းကြေညာစာတမ်းပါ လုပ်ငန်းစဉ် (Beijing Platform for Action) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာလုပ်ငန်း ကော်မတီကို တိုင်း/ပြည်နယ်အဆင့်မှ ရပ်ကွက် ကျေးရွာအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းခဲ့သည်။

အမျိုးသမီးတိုင်း ပါဝင်နိုင်ရေးနှင့် အခြားသော လူမှုရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို အစိုးရမဟုတ်သော အဖွဲ့အစည်း (Non - government Organisation - NGO) အဖြစ် ၂၀ဝ၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ [၁]

ရည်မှန်းချက် ပြင်ဆင်ရန်

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်သည် အမျိုးသမီးများဘဝ လုံခြုံမှုဖြင့်ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား ဦးတည်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကောင်စီ၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းစဉ်များကို လုပ်ငန်းသဘော သဘာဝခြင်းတူညီသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ပြည်တွင်းရှိ လူမှုရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်ဖြစ်သည်။[၁]

ရည်ရွယ်ချက် ပြင်ဆင်ရန်

  1. အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်။
  2. အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်။
  3. အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်။
  4. တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် အမျိုးသမီးများကို လေ့ကျင့်ပျိုးထောင်ပေးရန်။
  5. အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်။
  6. အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှု လျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ် အသွင်ဖြင့် ဆောင်ရွက်နိုင်ရန်။
  7. အမျိုးသမီးများ၏ အခွင့်အရေးများကို တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးစံ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်။

[၁]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ About us။ Myanmar Women's Affairs Federation။ 23 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃-၇-၂၀၁၅ တွင် ပြန်စစ်ပြီး။