မြန်မာပို့စ်သည် ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ်တွင် အခြေတည်၍ အပါတ်စဉ်ထုတ်ဝေသော သတင်းစာတစ်စောင်ဖြစ်သည်။ မြန်မာပို့စ်သတင်းစာကို မြန်မာဘာသာဖြင့် ထုတ်ဝေပြီး စာမျက်နှာ ၄၀ ပါရှိကာ အပါတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ဝေသည်။ မြန်မာပို့စ် သတင်းစာကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဝင်းအောင်မှ ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အဆိုပါသတင်းစာကို United Media Group Co. Ltd. (UMG) မှ တစ်ဦးတည်းပိုင်ဆိုင်ပြီး ၁၀၀ ရာခိုင်နှုန်း ပြည်တွင်းရင်းနှီးမြုပ်နှံမှုဖြစ်သည်။ ထိုသတင်းစာသည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထူးသတင်းထောက်လှမ်းရေးတပ်ဖွဲ့ခွဲ၏ ကြိမ်ဖန်များစွာ စုံစမ်းစစ်ဆေးခြင်းခံရသော သတင်းစာများထဲမှ တစ်စောင်ဖြစ်သည်။ [၁][၂]

မြန်မာပို့စ်
အင်္ဂလိပ်: The Myanmar Post
အမျိုးအစားအပတ်စဉ်ထုတ် သတင်းစာ
ပုံစံအချိုးအစားBerliner
ပိုင်ဆိုင်သူUnited Media Group Co. Ltd. (UMG)
တည်ထောင်သူဝင်းအောင်
အယ်ဒီတာသန်းထိုက်သူ (Chief Editor)
ဇင်သော်နိုင် (Editor-in-charge)
ဘာသာစကားမြန်မာဘာသာ
ဌာနချုပ်များအမှတ် ၁၃၈၊ ၄၉ လမ်း၊ ပုဇွန်တောင်မြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ

ကိုးကား ပြင်ဆင်ရန်

အခြားကြည့်ရန် ပြင်ဆင်ရန်


ပြင်ပလင့်များ ပြင်ဆင်ရန်