မြန်မာဘလော့ဂါ ခေတ်ဦးပိုင်းကို ၂၀၀၆ အစောပိုင်းမှာ ထင်ထင်ရှားရှားမြင်နိုင်သည်။ ပထမဆုံး မြန်မာဘလော့ ဂါများသည် သူတို့၏စာမျက်နှာများတွင် အင်္ဂလိပ်ဘာသာနှင့်ရေးသားခဲ့ကြပြီး အများအားဖြင့် တကိုယ်ရေသက်ဆိုင်သော အကြောင်းအချက်အလက်များကို တင်ပြထားခဲ့ကြသည် ကိုတွေ့ရသည်။ ဥပမာအားဖြင့် ခရီးသွားဆောင်းပါး၊ အတွေ့အကြုံနှင့် အခြားမျှဝေချင်သည်များကို တင်ပြထားကြသည်။ ၂၀၀၆ ခုနှစ်ထက် စောကောင်းစော နိုင်သော်လည်း ၎င်းနှစ်သည် မြန်မာဘလော့ဂါများ၏အချိုးအကွေ့ကိုစတင်ခဲ့တယ်ဆိုရင်တော့မမှားချေ။

ခေတ်ဦးပိုင်း ပြင်ဆင်ရန်

မြန်မာဘာသာနှင့်စမ်းသပ်ရေးသားသူများရှိလာသော်လည်း ပြည်တွင်းအင်တာနက်အသုံးပြုသူများသည် ဘလော့များကို ဖတ်ရှုခြင်းနှင့် အများအပြားရေးသားခြင်းမရှိသေးသောအတွက် ၂၀၀၆ မတိုင်ခင် ဘလော့ဂါ ဟူ၍ ထင်ထင်ရှားရှား နာ မည်ရသူများမရှိသေးချေ။ ဇော်ဂျီဖောင့် ( ZawGyi font) ပေါ်ထွက်လာပြီးနောက်မှာ blogger ၏ blogspot ပလက်ဖောင်းကို အသုံးပြုခဲ့ကြသော မြန်မာဘလော့ဂါအချို့သည် သူတို့စာမျက်နှာများပေါ်မှာ မြန်မာဘာသာနှင့် ရေးသားနိုင်မည့် စနစ်ကိုစတင်တွေ့ရှိစမ်းသပ်အောင်မြင်ခဲ့ကြပြီး ညီလင်းဆက်၊မောင်လှနှင့်ပုဂံနက် တို့သည် ထင်ရှားသော မြန်မာဘလော့ ဂါတွေအဖြစ် စတင်ပေါ်ထွက်လာသည်။ ၂၀၀၆ ခုနှစ်၏ ဩဂုတ် ၃၁ ရက်နေ့တွင်မူ ကမ္ဘာ့ ဘလော့ဂါနေ့ အဖြစ် ရန်ကုန်မြို့ မြေနီကုန်းမှာရှိသော service+ computer training center ကကြီးမှူးပြီး မြန်မာ့အင်တာနက်အသုံးပြုသူများကို ကျယ်ကျယ်ပြန့်ပြန့်စတင်မိတ်ဆက်ပေးနိုင်ခဲ့သည်။ ဒါသည် မြန်မာ့ဘလော့လောက၏ ပထမဆုံးသော လှုပ်ရှားမှုဖြစ် ခဲ့သည်။ service+ computer training center ၏တည်ထောင်သူ ကိုရဲထွန်းအောင် သည် မြန်မာ့ ဘလော့ရေးသား သူများ၏ ခေတ်ဦးမှာ ပါဝင်ခဲ့သူတယောက်ဖြစ်ခဲ့ပြီး သူရေးသားခဲ့သော ဘလော့များသည် အချိန်အတိုင်းအတာတခုထိ အောင်မြင်ခဲ့သည်။ သူသည် မြန်မာပြည်မှာ ဘလော့ရေးသားသူများတိုးပွားလာအောင်လုပ်ဆောင်ရာမှာ ဦးစွာ ပထမ ဖြစ်ခဲ့သူဖြစ်ပြီး နောက်ပိုင်း ဘလော့ဂါ လောက ထွန်းတောက်လာချိန်မှာလည်း သူတည်ထောင်ထားသော service+ center သည် နာမည်ကြီး ဘလော့ဂါများ စုပေါင်းဝင်ထွက်သွားလာခဲ့ရာ ရပ်ဝန်းတခုဖြစ်လာခဲ့သည်။

အသုံးပြုရာနည်းပညာ ပြင်ဆင်ရန်

Blogspot နှင့်ဘလော့ရေးသားသူများစတင်တိုးတက်လာခဲ့ပြီး ၂၀၀၆ ဒီဇင်ဘာမှာ မြန်မာဘာသာဖြင့် ဘလော့ရေး သားသူများ ၄၀၀ မှ ၈၀၀ ခန့်ရှိလာတယ်လို့ခန့်မှန်းနိုင်ခဲ့သည်။ ထိုသို့ အများအပြားအလွယ်တကူမြန်မာလိုရေး သား နိုင်ရန်အတွက် နည်းပညာဖြန့်ဝေပေးသူများထဲမှာ ညီလင်းဆက်၊မောင်လှနှင့်စေတန်ဂေါ့ တို့ဟာထင်ရှားသည်။ သူတိုက ဘလော့စာမျက်နှာများတွင် မြန်မာဘာသာဖြင့် ဘလော့ရေးသားခြင်းဆိုင်ရာ အထောက်အကူပြုအချက် အလက်များကို တင်ပြထားခဲ့ပြီး အများစုသည် လက်တွေ့အသုံးတည့်အောင်ရေးသားထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသူများသည် forum များတွင်လည်း နာမည်ရှိရေးသားကြသူများဖြစ်သောအတွက် သူတို့မိတ်ဆွေအများစုသည် ဘလော့ရေး သောအလေ့အထကို အလျင်အမြန် ကူးပြောင်းနိုင်လာခဲ့သည်။ ဒါ့အပြင် အခြားဘလော့ရေးသားနိုင်သော ပလပ်ဖောင်း များဖြစ်သော wordpress, iblogger စသော မူကွဲနည်းပညာရပ်များပိုမိုပြန့်နှံ့လာခဲ့ပြီး ဘလော့ရေးသားခြင်းသာမက ဘလော့ဂါများသည် web 2.0 လို့ခေါ်သောခောတ်မှာ web developer များ ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။

၂၀၀၇ နှစ်ဦးပိုင်းတွင်မူ မြန်မာဘာသာဖြင့် ဘလော့ရေးသားသော အရေအတွက်ပိုမိုတိုးပွားနေပြီး ထိုသူများ၏ လိပ်စာ များကို တစုတစည်းထဲ ဖော်ပြနိုင်ရန်အတွက် Myanmar bloggers directory ကို ညီလင်းဆက်မှ စတင်တည်ထောင်ပေး ခဲ့ပြီး မြန်မာလိုရေးသားလိုသူတိုင်း ၎င်းနေရာကနေ တဆင့်အများအပြားသိနိုင်ရန်အတွက်အားထုတ် ဆောင်ရွက်ပေးခဲ့သည်။

ဘလော့ဂါအမှတ်တရစာအုပ် ပြင်ဆင်ရန်

အကြောင်းအရာ အချက်အလက်တွေစုံလင်အောင်ရေးသားလာသောမြန်မာဘလော့ဂါများသည် မြန်မာပြည်တွင်းမှာသာ မက စင်္ကာပူ၊ မလေးရှား၊ အင်္ဂလန်၊ အမေရိကန်၊ အာဖရိက၊ ကနေဒါ၊ ရှရှား၊ စသောကမ္ဘာ့ မြို့ကြီးတွေမှ နေပြီး ရေးသား လာနိုင်ခဲ့သည်။ ထိုသူများသည် online ကနေတဆင့် အသိအကျွမ်းဖြစ်လာခဲ့ကြပြီး ပြည်တွင်းနှင့်ပြည်ပက မြန်မာ ဘလော့ဂါများသည် စုပေါင်းပြီး သူတို့၏ကောင်းနိုးရာရာ ပိုစ်များကို ကဏ္ဍ အလိုက်ရွေးထုတ်ပြီး မြန်မာပြည်မှာ စာအုပ်တခု အမှတ်တရထုတ်ဝေဖို့ စတင်စီစဉ်ခဲ့ရာက အပြင်မှာမတွေ့မမြင်ဘူးဘဲ တဦးကိုတဦး online မှာသာ သိကျွမ်းခဲ့ ကြသော မြန်မာဘလော့ဂါများသည် သမိုင်းဝင်မယ့် ပထမဆုံး တွေ့ဆုံမှုကို ၂၀၀၇ မတ်လအတွင်း ရန်ကုန်မြို့ပေါ်က ကော်ဖီဆိုင်တခုမှာ ပြုလုပ်ခဲ့သည်။ ၎င်း တွေ့ဆုံမှုအတွင်း အမှတ်တရ စာအုပ်ထုတ်ဝေဖို့အတွက် စိုးဇေယျ မှစတင် အကြံပြုခဲ့ပြီး ကမ္ဘာအရပ်ရပ်က မြန်မာဘလော့ဂါများ၏ ကောင်းမွန်သော ပိုစ်များကို ရွေးထုတ်နိုင်ဖို့ရာ ပထမဆုံး ဆောင်ရွက်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲကို ဘာညာဘာညာ၊ညီလင်းဆက်၊နေဘုန်းလတ်၊ဇင်ကိုလတ်၊ညီညီ၊ဘလာဂေါက်၊မြန်မာအိုအေစစ်၊စိုးဇေယျ၊ မျက်လုံး၊ တက်စလာ၊ စည်းအပြင်ဘက်ကလူ စသောမြန်မာဘလော့ဂါများ တက်ရောက်ခဲ့ကြသည်။

နောက်ပိုင်း မကြာမကြာအစည်းဝေးများပြုလုပ်ခဲ့ပြီး အကောင်းဆုံးပိုစ်တွေရွေးထုတ်ခြင်းအတွက် မြေနီကုန်းက service+ မှာ စုပေါင်းရွေးချယ်ခဲ့သည်။ ထိုသို့ရွေးချယ်ရန်အတွက် ကမ္ဘာအနှံက မြန်မာဘလော့ဂါများကနေပြီး အမှတ်ပေး စနစ်နှင့် စုပေါင်းရွေးချယ်စေခဲ့သည်။ ထိုစာအုပ်၏အမည်ကို “အနာဂတ်လှိုင်း၏ဆုံမှတ်များ”လို့အမည်ပေးခဲ့ကြသည်။

အမှတ်တရစာအုပ်ထုတ်ဝေရေးသည် လက်ရှိ အစိုးရပေါ်လစီများအရ စာရေးသူ၏ ကိုယ်ရေးကိုယ်တာ အချက် အလက်များကိုပေးရမှာဖြစ်သောအတွက် နိုင်ငံရပ်ခြားမှာရှိနေသော အချို့စာရေးသားသူများက ကန့်ကွက်ရာကနေပြီး မပြီး မပြတ်ဘဲဖြစ်ခဲ့ရသည်။

MBS ပြင်ဆင်ရန်

 

တွေ့ဆုံပွဲများ၏ နောက်ပိုင်းရလဒ်အနေဖြင့် မြန်မာဘလော့ဂါများအချင်းချင်း ပိုမိုညီညွတ်စွာပေါင်းစည်းပြီး ပညာရေးလူမှုရေးကဏ္ဍများတွင်စိတ်တူကိုယ်တူရည်မှန်းချက်များနှင့် ဆောင်ရွက်နိုင်ဖို့ မြန်မာဘလော့ဂါ အသိုက်အမြုံလို့ခေါ်သော MBS ကိုစတင်ဖွဲ့စည်းရန်အတွက် ဆောင်ရွက်ခဲ့သည်။ ဖွဲ့စည်းပြီးနောက်မှာ MBS အဖွဲ့ခွဲများ အနက် ထူးခြားစွာစုစည်းဆောင်ရွက်နိုင်သူတို့မှာ အစိုးရပညာတော်သင်များရှိသော ရုရှားမှ မော်စကို MBS ဖြစ်သည်။ MBS member အများအပြားရှိခဲ့သော စင်္ကာပူသည် အစဦးပိုင်းမှာထူးထူးခြားခြား အနီးကပ်ဆက်ဆံ ရေးရှိခဲ့ပြီး ၂၀၀၇ စက်တင်ဘာနောက်ပိုင်းတွင်မူ လက်ရှိအချိန်အထိ လှုပ်ရှားဆောင်ရွက်မှုမရှိတော့ချေ။

ဦးစည်းဦးဆောင်မရှိဘဲ တယောက်ကိုတယောက် နားလည်မှုယုံကြည်မှုတို့နှင့်တည်ဆောက်ခဲ့သော MBS သည် ၂၀၀၇ အစောပိုင်းကာလများတွင် စုစည်းသောလှုပ်ရှားမှုတို့နှင့် နည်းပညာတိုးတက်ရေးများကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ သည်။

၂၀၀၇ ခုနှစ်၏ စက်တင်ဘာ ၁ ရက်နေ့တွင်မူ ပထမဆုံး MBS ၏ ကြီးမားသော လှုပ်ရှားမှုအဖြစ် မြန်မာဘလော့ ဂါနေ့ကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝင်းအတွင်းက Myanmar information and technology park( Myanmar info-tech) အဆောက်အဦးမှာ တနေကုန်တိုင်သောဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာကွန်ပျုတာ ရပ်ဝန်းမှ နာမည်ကြီး ဆရာများနှင့်တကွ မြန်မာဘလော့ဂါများမှနေပြီး နည်းပညာတိုးတက်လာခြင်းနှင့် အင်တာနက်ပေါ်မှ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေးဆိုင်ရာအခွင့်အလမ်းများအကြောင်းကို ဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲသည် မြန်မာ ပြည်အတွက် ပထမဆုံးဖြစ်ပြီး တက်ရောက် သူ ၆၀၀ ရှိသောအနက် အများစုသည် လူငယ်များဖြစ်ပြီး သက်ကြီးဝါသနာ ရှင်များလည်းတက်ရောက်လာခဲ့သောအောင်မြင်သောပွဲတခုဖြစ်ခဲ့သည်။

၂၀၀၆ ခုနှစ်မှ ၂၀၀၇ စက်တင်ဘာလအတွင်းမြန်မာဘလော့ဂါ လောကသည် ထင်ထင်ရှားရှားအောင်မြင်လာခဲ့ပြီး မြန်မာ့စာနယ်ဇင်းများမှနေ ဖော်ပြလာသောအထိ မြန်မာဘလော့ဂါများမှာ အချိန်တိုအတွင်းတိုးတက်အောင်မြင်လာ ကာ စီးပွားရေးကြော်ငြာများရရှိလာသောဘလော့များပေါ်ထွက်လာသောအထိ အောင်မြင်လာခဲ့သည်။

၂၀၀၇ စက်တင်ဘာ လကုန်ပိုင်းမှာဖြစ်ပျက်ခဲ့သောအခြေအနေများအရ မြန်မာဘလော့ဂါလောကသည် နိုင်ငံတကာမှာ ကျော်ကြားသလောက် မြန်မာပြည်အတွင်း မှေးမှိန်ခဲ့ရပြီး ပြည်တွင်းလှုပ်ရှားမှုများတွင် မြန်မာဘလော့ဂါများသည် အစိုးရဆန့်ကျင်သူများအဖြစ် အမြင်ခံခဲ့ရသည်။ အမှန် ဆို ဘလော့ဂါများတွင်သာမက Citizen journalism ဖြစ်သောအင်တာနက်အသုံးပြုသူတိုင်းသည် စက်တင်ဘာ အရေးအခင်းမှာ ဖြစ်ပွားခဲ့သော အချက်အလက်များကို အင်တာနက်ပေါ်ကို ဖြန့်ဝေရာမှစတင်ခဲ့ပြီး အစိုးရဆန့် ကျင်သူ ဘလော့ရေးသားသူများကြောင့် ပြည်တွင်းမှာရှိသော နည်းပညာအတတ်ပညာတိုးတက်ရေးလိုလားသူ ဘလော့ဂါများ အကြား လုံခြုံရေးအရစိုးရိမ်စရာဖြစ်ခဲ့သည်။

အဆိုပါကိစ္စရပ်များကြောင့် ပြည်တွင်းနှင့်ပြည်ပဘလော့ဂါများအကြား အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကြောင့် MBS သည် ပြည်တွင်း မှာသာအဓိက ကျန်ရှိခဲ့ပြီးဆက်လက် ရပ်တည်မှုအရ ပြည်ပရောက်ဘလော့ဂါအများစုနှင့် အဆက်အဆံ လျော့ပါးသွားခဲ့သည်။

ပြည်တွင်းမှာ ကျန်ရှိသော မြန်မာဘလော့ဂါအင်အားစုသည် ၂၀၀၈ ခုနှစ်အတွင်းဆက်လက်တိုးပွားလာခဲ့ပြီး အများစုသည် ကဗျာ၊ နည်းပညာ၊ ရသစာပေ၊ သတင်းအချက်အလက်အချို့နှင့်၊ အတွေ့အကြုံဖလှယ်ရေးစာများကိုသာ ရေးသားကြ သူများဖြစ်ပြီး MBS မှတည်ထောင်ခဲ့သော myanmarbloggersociety.ning.com Archived 5 September 2011 at the Wayback Machine. မှာ အဖွဲ့ဝင်လာခဲ့ကြသည်။

မကြာခင်မှာဘဲ အဆိုပါဆိုဒ်သည် ပေါ်လစီအချို့ကြောင့် သက်ဝင်လှုပ်ရှားမှုပြန်လည်ကင်းမဲ့ခဲ့ရသည်။

၂၀၀၈ ခုနှစ် မေလ အတွင်း နာဂစ်မုန်တိုင်းတိုက်ခတ် ပြီးနောက် MBS မှ မြန်မာဘလော့ဂါများသည် နီးစပ်ရာ ဘလော့ဂါအချင်းချင်း စုဖွဲ့ပြီး လူမှုကယ်ဆယ်ရေး လုပ်ငန်းများကို တတပ်တအားပါဝင်ခဲ့ကြသည်ကိုလည်း မြန်မာစာနယ်ဇင်းများမှ တဆင့် တွေ့မြင်ခဲ့ရပြန်သည်။ ထိုအချိန်မှာလည်း MBS ၏နိုင်ငံတကာမှ ပါဝင်သူများမှာ သက်ဆိုင်ရာတိုင်းပြည်များကနေ တဆင့် ပြည်တွင်းလူသားခြင်းစာနာထောက်ထားမှု အကူအညီများအတွက် ကိုယ်ကျိုးမဖတ် ဝိုင်းဝန်းကူညီခဲ့ကာ အခြားသော နယ်ပယ်မှသူများကိုလည်း အလှူရှင်များဖြစ်လာအောင်ဆွဲဆောင်ပေးနိုင်ခဲ့သည်။

၂၀၀၈ ၏ ဩဂုတ် ၃၁ တွင်မူ ဒုတိယအကြိမ် မြောက်မြန်မာဘလော့ဂါနေ့ကိုကျင်းပဖို့ စီစဉ်ခဲ့ကြပေးမယ့် လုံခြုံရေးအခြေအနေနှင့် တားဆီးမှုအချို့ကြောင့် ပြည်တွင်းဘလော့ဂါများအနေဖြင့် ကျင်းပဖို့ရာ လက်လျှော့ခဲ့ရသည်။

မြန်မာဘလော့ဂါဦးရေသည် တဖြည်းဖြည်းပြန်လည်လျော့ကျသွားခဲ့ပြီး ၂၀၀၉ ခုနှစ် အတွင်ထူးခြားသော လှုပ်ရှားမှုအဖြစ် ဩဂုတ်လ ၃၀ - ၃၁ ရက်များတွင် MBS မှဦးဆောင်ကာ ပြည်မြို့လေ့လာရေးခရီးတခုထွက်ခဲ့သည်။ ၎င်းခရီးစဉ်ကို အဖွဲ့ဝင် ၄၀ ကျော်ခန့်လိုက်ပါခဲ့ကြပြီး အတွေ့အကြုံနှင့် အသိပညာရပ်များကို ဖလှယ်ကာ ခင်မင်ရင်းနှီးမှုများ ပိုမိုခိုင်မြဲအောင် ဆောင်ရွက်ခဲ့တာတွေ့ရသည်။

၂၀၁ဝ၏ ပထမလဖြစ်သော ဇန်နဝါရီလတွင်မူ MBS နှင့် မြန်မာနိုင်ငံကွန်ပျုတာပညာရှင်များအသင်းတို့ပူးပေါင်းဆောင်ရွက် ပြီး အခြားသော IT နယ်ပယ်မှ လုပ်အားပေးသူများဖြင့် ပထမဆုံး ဘားကမ့်ရန်ကုန် 2010 ကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်အတွင်းက Myanmar Info-Tech အဆောက်အဦးမှာ ၂ ရက်တိုင်တိုင်ကျင်းပပေးနိုင်ခဲ့ပြီး ကမ္ဘာတလွှားမှာ ကျင်းပခဲ့သော Barcamp ပွဲများထက် လူဦးရေတက်ရောက်မှုအများဆုံးစံချိန်တင်နိုင်ခဲ့သည်။

လက်ရှိ ၂၀၁၀ တွင်မူ MBS သည် နည်းပညာပြန့်ပွားရေးနှင့်အသိပညာတိုးတက်ရေး၊ မြန်မာ့အင်တာနက်အသုံးပြုသူများတိုးတက် လာစေရေး၊ အင်တာနက်ပေါ်မှာရှိသော အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုအသုံးချစေနိုင်ရေးကို ဦးစားပေးဆောင်ရွက် နေပြီး အသင်းအဖွဲ့ကြီးအဖြစ် အခြားလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်နိုင်ခွင့်မရှိသေးဘဲ ရပ်တည်လျက် ရှိသည်။

MBS ၏တရားဝင် web စာမျက်နှာကို www.myanmarbloggersociety.asia Archived 29 September 2011 at the Wayback Machine.မှာကြည့်ရှုနိုင်သည်။

ဘလော့ဂါများ၏ရပ်တည်မှု ပြင်ဆင်ရန်

မြန်မာပြည်တွင်းမှာရှိသော ဘလော့ဂါများသည် အများအားဖြင့် အင်တာနက်ကို မိမိ၏ ကိုယ်ပိုင်ငွေကြေးနှင့်စိုက်ထုတ် သုံးစွဲကြရသူများဖြစ်ကြပြီး အချိန်ကြာမြင့်သော အင်တာနက်သုံးစွဲမှုတွေအတွက် မည်သည့် ဝင်ငွေမှ အင်တာနက် ပေါ်က နေပြန်လည်ရရှိသောသူများမဟုတ်ကြချေ။

ဘလော့ရေးသူများ၏ ၁၀ ရာခိုင်နှုန်းလောက်သာ လုပ်ငန်းခွင်အတွင်းရရှိထားသော အင်တာနက်ချိတ်ဆက်မှုက တဆင့် အသုံးပြုရေးသားကြသည်ဖြစ်သည်။ သူတို့များ၏ကွဲပြားသောရေးသားမှု မတူညီသော ရပ်တည်မှုနှင့် တမူခြားနားသော အတွေး အခေါ်များထဲမှာ တူညီသော ပေးအပ်မှုသည် အများသူငှာကို မိမိတို့ခံစားမှု အတွေ့အကြုံနှင့် အသိပညာဖြန့်ဝေခြင်းပင် ဖြစ်၏။ မြန်မာနိုင်ငံ၏ အစဉ်အလာအရ အစိုးရမှအမြင်မကြည်လင်သော လုပ်ငန်းတခုကို လုပ်ကိုင်ဆောင်ရွက်နေမှုများမှာ ရာဇဝတ် သင့်သော အနေအထားဖြစ်သည်ဆိုတာကြောင့် ၂၀၀၇ စက်တင်ဘာနောက်ပိုင်း ကမ္ဘာကျော်ကြားခဲ့သော မြန်မာဘလော့ဂါ တင်ပြမှုများကြောင့် လည်းကောင်း၊ အစဉ်အလာအရ ယုံကြည်စရာအတွက် သံသယဖြစ်ဖွယ်ကောင်းသော မြန်မာ့ နိုင်ငံ ရေးသမားများကြောင့် လည်းကောင်း ဘလော့ဂါများသည် အစိုးရအတိုက်အခံတွေအဖြစ် အမြင်သည် ကျယ်ပြန့်လာခဲ့သည်။ ဤအချက်ကြောင့် အချို့အသိုင်းအဝိုင်းများသည် မြန်မာဘလော့ဂါများကို နိုင်ငံရေးနှီးနွှယ်နေသော ပြဿနာရှိသူများအဖြစ်တွဲလျက်မြင်သည်။ အဲဒါကြောင့် လူမှုရေးနယ်ပယ်နှင့်ပညာရေးနယ်ပယ်များတွင် မြန်မာဘလော့ ဂါများသည် ထင်ထင်ပေါ်ပေါ်လှုပ်ရှားကူညီဆောင်ရွက်ပံ့ပိုးရန်အတွက် အခွင့်အရေးမရခဲ့ကြချေ။

ကဏ္ဍစုံနယ်ပယ်စုံက လူများသည် ဘလော့ရေးသားလာတာနှင့်အမျှ မြန်မာဘလော့ဂါအရောင်အသွေးကလည်းစုံလင်လာ သောအတွက် ပြည်တွင်းက အများစုသော နိုင်ငံရေးမနှီးနွှယ်သော ဘလော့ရေးသားသူများမှာ အမြဲစိုးရိမ်ထိတ်လန့်မှုတို့နှင့် နေ့စဉ်ဖြတ်သန်းနေရသည်။ အစိုးရ ISP မှပိတ်ဆို့ထားသော ဘလော့ပလတ်ဖောင်းများကို ဝင်ရောက်ရေးသားကြရသော အတွက်ကြောင့်လည်းကောင်း၊ Google mail ကိုအသုံးပြုဆက်သွယ်ကြသော ရာနှုန်းပြည့်အင်တာနက်သုံးစွဲသူများကပါ နာမည်ဆိုးနှင့်ကျော်ကြားသော အစိုးရ၏ အီလက်ထရွန်းနစ်ဥပဒေကို စက္ကန့်မလပ်ကြောက်ရွန့်နေကြရသည်။

ထိုသို့သော ပိတ်ဆို့ထားမှုနှင့် ကြီးလေးသော ပြစ်ဒဏ်များချမှတ်နိုင်သောအနေအထားကြောင့် ထိတ်လန့်စိုးရွံ့မှုများကြားက နေပြီး မိမိတို့ဝါသနာပါရာ ကဗျာအနုပညာနှင့် အတတ်ပညာများကို မည်သည့် အခကြေးငွေမှမရဘဲ အင်တာနက်ပေါ်မှာ နေ့စဉ်မြင်တွေ့နေရအောင် တင်ပြပေးနေသော အင်အားစုသည် ဘလော့ဂါများသာဖြစ်သည်ဆိုသည်မှာမူ မြန်မာအင်တာ နက်လောကမှ ငြင်း၍ မရသော အချက်ဖြစ်သည်။

External Link ပြင်ဆင်ရန်

www.myanmarbloggersociety.asia Archived 29 September 2011 at the Wayback Machine.

ဆက်စပ်လင့်ခ် ပြင်ဆင်ရန်

မြန်မာဘလော့များ