မြန်မာအသင်း၏ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲရလဒ်

မြန်မာနိုင်ငံသည် မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲ (ပါရာလမ်းပစ်)တွင် ၆ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များ ဆွတ်ခူး ရရှိထားသည်။

မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ မှ မြန်မာနိုင်ငံ အသင်း
IPC ကုဒ်MYA
NPCမြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်
ဆုတံဆိပ်များ
ရွှေ
ငွေ
ကြေး
စုစုပေါင်း
မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ appearances

သမိုင်း​ကြောင်း ပြင်ဆင်ရန်

ပထမဆုံးအ​နေဖြင့် ၁၉၇၆ တိရွန်တို​နွေရာသီပါရာလမ်းပစ်ပြိုင်ပွဲတွင် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။ဦး​တင်​ငွေမှာ ပထမဆုံး ရွှေတံဆိပ်ရရှိသူဖြစ်သည်။100 m C1 ပွဲစဉ်တွင်​ ရွှေတံဆိပ်ရရှိခဲ့သည်။ သူနှင့်အတူ ဦး​အောင်သန်းက​ ငွေတံဆိပ်ရရှိခဲ့သည်။100 m Cပွဲစဉ်တွင် ဦးတင်ဝင်းမှ ​ကြေးတံဆိပ်ရရှိခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၈၀ပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့​ပေ။၁၉၈၄ပြိုင်ပွဲတွင် ​ဘော်လီ​ဘောနှင့်​ ပြေးခုန်ပစ်ပြိုင်ပွဲတို့တွင် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။ဦးတင်​ငွေက အမြင့်ခုန်တွင် ရွှေတံဆိပ်၊long jumpတွင် ​ငွေတံဆိပ်ရရှိကာ ဦး​အောင်ကြီးမှ ​ငွေနှင့်​​ကြေးရရှိခဲ့သည်။

၁၉၈၈ နိုဝင်ဘာအ​ရေးအခင်း​ကြောင့် ​အောက်တိုဘာလတွင်ကျင်းပ​သော ၁၉၈၈ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်းမရှိခဲ့​ပေ။ နိုင်ငံ၏ အင်္ဂလိပ်အမည်ကို "Burma"မှ "Myanmar"သို့​ပြောင်းလဲခဲ့ပြီး နိုင်ငံကုဒ်ကိုလည်း ''BIR''မှ ''MYA''သို့​ပြောင်းလဲခဲ့သည်။

၁၉၉၂ဘာစီလိုနာပါရာလမ်းပစ်တွင် ဦး​ကျော်ခိုင်တစ်ဦးသာ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့​နောက် ၃ကြိမ်ဆက်ဝင်​ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ ၂၀၀၈​ပြိုင်ပွဲတွင်မှ နိုင်ဝင်း၊စစ်​အောင်နိုင်၊စန်း​အောင်ဝင်းတို့ဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့​သော် ​အောင်မြင်မှုများမရရှိခဲ့​​ပေ။ ၂၀၂၁ခုနှစ်တွင် ကျင်းပသည့် ၂၀၂၀တိုကျိုပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပြိုင်ပွဲစတင်ချိန်တွင် နုတ်ထွက်ခဲ့သည်။

''Burma''အမည်ဖြင့် ယှဉ်ပြိုင်ခဲ့စဉ်က ရွှေတံဆိပ် ၂ခု၊​ငွေတံဆိပ် ၃ခု၊​ကြေးတံဆိပ် တခု၊စုစု​ပေါင်းဆုတံဆိပ် ၇ခုရရှိခဲ့သည်။''Myanmar''အမည်ဖြင့် ဆုတံဆိပ်တစ်ခုမျှမရရှိ​သေး​ပေ။​ဆောင်းရာသီပါရာလမ်းပစ်တွင် တစ်ကြိမ်မျှ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိ​​ပေ။

ဆုတံဆိပ်မှတ်တမ်း ပြင်ဆင်ရန်

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်