ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးတွင် ကိုလိုနီ အုပ်ချုပ်ရေး စနစ်ကို နှစ်ပေါင်း ၁ဝဝ ကျော် ဆက်တိုက်တော်လှန်ခဲ့သော နိုင်ငံဟူ၍ ရှားလေသည်။ ထိုသို့ တော်လှန်ခဲ့သည်နှင့် အညီ ထိုကိုလိုနီ စနစ်ကို နိုင်ငံ အတွင်းမှ အမြစ်ပါ ပြုတ်ထွက် သွားအောင် လုပ်နိုင်ခဲ့သော နိုင်ငံဟူ၍ကား ပို၍ရှားလေသည်။ မြန်မာနိုင်ငံသည် ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန္တပိုစာချုပ်ချုပ်ဆိုပြီးသည့် အချိန်မှစ၍ ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိသော အချိန်ထိ ဗြိတိသျှ နယ်ချဲ့စနစ်ကို တောက်လျှောက်တော်လှန်ခဲ့သော နိုင်ငံဖြစ်သည်။


မြန်မာတို့သည် ၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် ရှုံးနိမ့်ခဲ့၍ အင်္ဂလိပ်တို့ကို အာသံ၊ မဏိပူရ၊ ရခိုင်၊ တနင်္သာရီနယ်များ ပေးလိုက်ရကာ၊ ၁၈၅၂ ခုနှစ် ဒုတိယ စစ်ပွဲတွင် အောက်အကြေပိုင်းကို မြေထဲမြို့၊ တောင်ငူ မြို့များအထိ ပေးလိုက်ရပြီးလျှင် ၁၈၈၅ ခုနှစ် တတိယ စစ်ပွဲ အပြီးတွင်မူ အထက်မြန်မာနိုင်ငံ တစ်ခုလုံး ပေးအပ်လိုက်ရလေ သည်။

ထိုသို့ အင်္ဂလိပ် အစိုးရ၏ အသိမ်းကို ခံရသည့် အခါတိုင် အင်္ဂလိပ်တို့ကို လက်နက် လက်ရုံးဖြင့် တော်လှန်သူများ ရှိခဲ့သည်ချည်း ဖြစ်လေသည်။ အင်္ဂလိပ် မြန်မာ ပထမ စစ်ပွဲတွင် မြန်မာများ ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ရခိုင်နှင့် တနင်္သာရီ စသည်တို့ကို အင်္ဂလိပ်များ လက်သို့ ပေးအပ်ခဲ့ကြရသော်လည်း အရှုံးပေးလိုစိတ်ကား မရှိကြချေ။ ထိုကြောင့် မြန်မာတို့သည် ရခိုင်နှင့် တနင်္သာရီတို့တွင် အင်္ဂလိပ်အုပ်ချုပ်ရေးကို မူတည်သော တော်လှန်မှုများကို ပြုလုပ်ခဲ့ကြလေသည်။ ထိုတော်လှန် တိုက်ခိုက်မှုများသည် နောက်ဆုံးတွင် အရာမရောက် ဖြစ်ခဲ့သည်မှာ မှန်သော်လည်း အောင်မြင် လုနီးပါး အခြေသို့ကား ဆိုက်ရောက်ခဲ့လေသည်။ အင်္ဂလိပ် များသည် ရခိုင်နှင့် တနင်္သာရီတို့ကို လက်လွှတ်ပစ်ရတော့ မလောက် အခြေအထိပင် ဆိုက်ခဲ့ရလေသည်။

တနင်္သာရီ နယ်စပ်တော်လှန်ရေးနှင့် ရခိုင်နယ်စပ် တော်လှန်ရေး နှစ်ခုအနက် တနင်္သာရီနယ်စပ်တွင် ဖြစ်ပွားသော မုတ္တမ တော်လှန်ရေးက သာလွန်၍ တော်လှန်ရေး ပီသပုံရ သည်။ ထိုတော်လှန်ရေးများတွင် မုတ္တမမြို့ဝန်သည် တော်လှန် ရေးသမားများကို အတိအလင်း အားပေးခဲ့သည်။ ရန်ကုန် မြို့ဝန်ကလည်း အတိအလင်း အားပေးခဲ့သည်။ အတွင်းတော်မှ မှူးကြီး မတ်ကြီးများသည်လည်း ကြံရာပါများသာ ဖြစ်သည်ဟု ဆိုလေသည်။ ထိုသို့ တော်လှန်ကြရခြင်း၏ ရည်ရွယ်ချက်မှာ တနင်္သာရီနှင့် ရခိုင်ဘက်တို့တွင် အုပ်ချုပ်ရာ၌ အင်္ဂလိပ်များ အခက်အခဲ တွေ့နေ ကြသည်ကို သိသောကြောင့် ထိုထက်ပို၍ အခက်အခဲ တွေ့စေရန်၊ စိတ်ဓာတ်ပျက်စေရန်နှင့် ထိုသို့ စိတ်ဓာတ်ပျက်ခြင်းဖြင့် ထိုနယ်များကို မြန်မာများ၏လက်သို့ အသာ တကြည် ပြန်အပ်စေရန် ဖြစ်လေသည်။ စင်စစ်အားဖြင့် မြန်မာဝန်ကြီး များသည် ၁၈၃ဝ ပြည့်နှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် တနင်္သာရီနယ်ကို အတိအလင်း တောင်းဆိုခဲ့ကြ ဘူးလေသည်။ တနင်္သာရီနယ်ကို အင်္ဂလိပ်တို့ အုပ်ချုပ်ရခြင်း ဖြင့် သူတို့အဖို့ တစ်နှစ်လျှင် တသိန်းခွဲခန့် ရှုံးနေကြလေသည်။ ထိုနည်းဖြင့် တစ်ဘက်မှ တော်လှန်တိုက်ခိုက်မှုများကိုလုပ်ကာ အင်္ဂလိပ်များ အုပ်ချုပ်၍ မရသဖြင့် စိတ်ပျက်လာအောင် လုပ်ရင်း အခြားတစ်ဘက်မှ ဟင်နရီ ဗားနေးကဲ့သို့သော အင်္ဂလိပ် အရေးပိုင် ကိုယ်စားလှယ်ထံတွင် တနင်္သာရီနှင့် ရခိုင်နယ်မြေများကို ပြန်၍ပေးရန် အရေးဆိုခဲ့ကြလေသည်။


၁၈၅၂ ခုနှစ်၌ ဖြစ်ပွားသော အင်္ဂလိပ်။ မြန်မာ ဒုတိယစစ်ပွဲ အပြီးတွင်ကား မြန်မာတို့၏ တော်လှန်ရေးသည် ပို၍ ပြင်းထန် လာခဲ့သည်။ ထိုတော်လှန်ရေးတွင် ထင်ရှားသူများမှာ သာယာ ဝတီနယ်၊ သာရဝေါနှင့် မိုးညိုတလျှောက်မှ ဗိုလ်ခေါင်းကြီး၊ ဗိုလ်မြတ်ထွန်းနှင့် အောက်မြန်မာနိုင်ငံရှိ မြို့သူကြီးနှင့် ရွာသူ ကြီးများ ဖြစ်သည်။ ထိုတော်လှန်ရေးကို အင်္ဂလိပ်တို့သည် သုံးနှစ်အချိန်ကုန်ခံ၍ နှိမ်နင်းကြရသည်။

၁၈၈၅ ခုနှစ် အင်္ဂလိပ်။ မြန်မာ တတိယစစ်ပွဲ၌ သီပေါ ဘုရင် ပါတော်မူပြီးသည့်နောက်တွင်ကား မြန်မာနိုင်ငံ တဝန်း လုံးတွင် အုံကြွ၍ တော်လှန်ခဲ့ကြလေသည်။ သီပေါဘုရင်ပင် မန္တလေးမြို့မှနေ၍ အညံ့ခံကြရန် အမိန့်ထုတ်လျက်နှင့် အညံ့မခံ ကြဘဲ သင့်ရာသင့်ရာ ခေါင်းဆောင်များ၏ နောက်မှနေကာ အင်္ဂလိပ်များကို တညီတညာတည်း တော်လှန်ခဲ့ကြသည်။ မန္တလေးမြို့ တဝိုက်တွင် တော်လှန်ကြသူများမှာ ထိုစဉ်က ပြင်သစ်ပိုင် ပွန်ဒိချယ်ရီသို့ ရောက်နေသော မြင်ကွန်း မင်းသား၏ နောက်လိုက်များ ဖြစ်သည်ဟုဆိုသည်။ ယင်းတို့သည် မန္တလေးမြို့တွင်း၌ သာမက မြို့ပြင်မှ ပလိပ်၊ လမိုင်းနှင့် ဇီးပင်ကြီးစခန်း တစ်လျှောက် နေရာများတွင် တော်လှန်တိုက်ခိုက်ခဲ့သည်။

ဗန်းမော်နယ်တွင် ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် ထင်ရှားသည့် တော်လှန်ရေး ခေါင်းတောင်တစ်ဦး ဖြစ်သည်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြား တစ်လျှောက် ဒေသများတွင် တန်ခိုး0x100သဇာ ကြီးမားခဲ့သူလည်း ဖြစ်သည်။ ယင်းသည် ဝန်းသိုပတ်ဝန်းကျင်ရှိ ဒေသများကိုလည်း အင်္ဂလိပ်များ အုပ်ချုပ်၍ မရနိုင်အောင် အနှောင့်အယှက် ပေးခဲ့လေသည်။

ရွှေဘိုနယ်တွင် ထိပ်တင်မှတ်၊ ထိပ်တင်သိန်း အစရှိသော မင်းသားများသည် ၁၈၈၅ ခုနှစ် ဒီဇင်ဘာလ ကတည်းကပင် အင်္ဂလိပ်ကို တော်လှန်ခဲ့ကြသည်။ ရွှေဘိုနယ်မှ အခြား တော်လှန်ရေး ခေါင်းဆောင်များမှာ ဗိုလ်လှဦး၊ ဗိုလ်ပျံချီ၊ ဗိုလ်ရိုင် နှင့် ဗိုလ်အောင်မြတ်တို့ ဖြစ်ကြလေသည်။ ဗိုလ်လှဦးသည် ရွှေဘိုနယ် တောင်ဘက်ပိုင်း မြင်းမူ တစ်လျှောက်နှင့် စစ်ကိုင်းတောင်ဘက် မူးမြစ်ဝတိုင်အောင် 0x100သဇာ အာဏာ ပျံ့ခဲ့သူဖြစ်သည်။ ဗိုလ်လှဦး၏ လက်အောက် တွင် ဗိုလ်မင်းအိုနှင့် ဗိုလ်သာပွဲဆိုသော ခေါင်းဆောင်နှစ်ဦး ရှိသေးသည်။ သူတို့သည် စစ်ကိုင်းနယ်တနယ်လုံးကို အုပ်ချုပ် ထားကြရုံမက အင်္ဂလိပ်အစိုးရနှင့် အဆက်အသွယ် ပြုလုပ်သော ပြည်တွင်းသစ္စာဖောက်များ၊ အင်္ဂလိပ်အစိုးရ လက်အောက်သို့ ခိုဝင်ကြသော သူကြီး စသည်တို့ကိုလည်း ရက်စက်စွာ သတ် ဖြတ်၍ ဆုံးမခဲ့ကြလေသည်။

အင်းဝမြို့တွင် ကြီးစိုးနေကြသော တော်လှန်ရေး ခေါင်းဆောင်များမှာ မက္ခရာမင်းကြီး၏ မြေးတော်သော ထိပ်တင်စောရန်နိုင်နှင့် ထိပ်တင်စောရန်ပိုင်ခေါ် ချောင်းခွ မင်းသားများ ဖြစ်ကြလေသည်။ ထိုချောင်းခွ မင်းသားများ၏ လက်ရုံးတစ်ဆူဖြစ်သော ဗိုလ်ရွှေရန်သည် ချောင်းခွမှ ပန်းလောင်နှင့် စမုံမြစ်ကြား တောကောင်းရာ ဒေသများသို့ သွားရောက်ပြီးလျှင် တော်လှန်ရေး ကိစ္စများကို ဆောင်ရွက် လေသည်။

ကျောက်ဆည်နယ်တွင်မူ မြင်စိုင်းမင်းသားသည် ထင်ရှား သော တော်လှန်ရေး ခေါင်းဆောင်ဖြစ်၏။ မူလအခြေပြုရာ ဇီးပင်ကြီးစခန်းမှ ဆုတ်ခွာလာခဲ့သော မြင်စိုင်းမင်းသားသည် ကျောက်ဆည်နယ် ရခိုင်ကြီးရွာတွင် စခန်းချကာ တော်လှန် ခဲ့၏။ ထိုမှတစ်ဖန် ရွာငံသို့ ပြောင်းရွှေ့၍ အခြေစိုက်ပြန်သည်။ ရွာငံ၌ပင် မြင်စိုင်းမင်းသား ကွယ်လွန်သည်။

အထက်ချင်းတွင်းနှင့် အလုံ မုံရွာ တဝိုက်တွင် ရွှေချိုးဖြူ မင်းသားဆိုသူနှင့် ဗုဒ္ဓရာဇာတို့ ကြီးစိုးခဲ့ကြသည်။ သို့သော် သူတို့သည် တကယ့်မင်းသား မဟုတ်ကြဘဲ မင်းလောင်းအမည် ခံသော တော်လှန်ရေးသမားများ ဖြစ်ကြလေသည်။ ရှေးအခေါ် တလုပ်မြို့ ( ယခုခေတ် မြင်းခြံ ) နယ်တွင် ယခုခေတ် မိတ္ထီလာ ခရိုင်နှင့် ပခုက္ကူခရိုင်များပါ ပါဝင် လေသည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် အထက်၌ ဖော်ပြခဲ့သော ရွှေချိုးဖြူသည် ပခန်းကြီး၌ အခြေစိုက်ပြီးလျှင် တော်လှန်ခဲ့သည်။ အရှေ့ဘက်ကမ်းတွင် စောရန်နိုင်တို့က ဝဲလောင်နှင့် ပုဂံတစ်လျှောက်ကို ကြီးစိုးကာ တော်လှန်ခဲ့ကြလေ သည်။

ပုဂံနယ် ပုပ္ပါးတစ်လျှောက်တွင် ဗိုလ်ချိုနှင့် ကြည့်မြင်တိုင် မင်းသားတို့က လှုပ်ရှားတော်လှန်ခဲ့ကြသည်။ မင်းတုန်းနယ်တွင် တော်လှန်သူမှာ ဗိုလ်ရွဲဖြစ်၍ သူသည် သရက်မြို့တစ်လျှောက်မှ နေ၍ တော်လှန် ခဲ့လေသည်။ ဆင်ဖြူကျွန်းနယ်တွင် ဘုန်းကြီး ဗိုလ်တစ်ဦးဖြစ်သူ ဦးဥတ္တမက တော်လှန်ခဲ့သည်။ ဗိုလ်ရွဲသည် မင်းတုန်းနှင့် မင်းလှ တစ်လျှောက်မှ အနောက်ဘက်ပိုင်း ဒေသ များတွင် ကြီးစိုးခဲ့၍ ငဖဲမြို့သည် သူ၏ ဌာနချုပ်ဖြစ်သည်။ ၁၈၈၆ ခုနှစ် ကုန်လုဆဲ အချိန်လောက်တွင် ဘုန်းကြီး ဗိုလ် ဦးဥတ္တမသည် မင်းဘူးမြောက်ဘက် တစ်လွှားကို သိမ်းပိုက် ထား၍ ဗိုလ်ရွဲက တောင်ဘက်တစ်လွှားကို သိမ်းပိုက်ထားလေ သည်။ သူတို့ နှစ်ဦးစလုံး၏ နောက်တွင် အင်အားကြီးမားသော တော်လှန်ရေးတပ်များ ရှိနေသဖြင့် အင်္ဂလိပ်များသည် အတော်ကြာသည့်တိုင်အောင် နှိမ်နှင်း၍ မရနိုင် ရှိခဲ့လေသည်။ တောင်တွင်းကြီးနယ် တစ်လျှောက်တွင် တော်လှန်ခဲ့သူမှာ မြို့လုလင် မြို့သူကြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးတော်သူ ဦးမင်းရောင်( ဗိုလ်ရွှေလရောင် ) ဖြစ်သည်။ ဗိုလ်မင်းရောင်၏ လက်အောက်တွင် ဆင်များ၊ မြင်းများနှင့် တော်လှန်ရေး တပ် အင်အား လွန်စွာ ကောင်းလှပေသည်။

ပျဉ်းမနား တဝိုက်တွင် သိမ်ကုန်း သူကြီး၊ ဗုဒ္ဓရာဇာ၊ သီဟရာဇာနှင့် ကြည့်မြင်တိုင်မင်းသားတို့က တော်လှန်တိုက် ခိုက်ခဲ့ကြသည်။ ထိုတော်လှန်ရေး ခေါင်းဆောင်များသည် ပျဉ်းမနား မြို့ပြင်ဘက်ရှိ ဒေသအားလုံးနှင့် ရမည်းသင်း တစ်လျှောက် ကြီးစိုးအုပ်ချုပ်ထားခဲ့ကြလေသည်။ မိတ္ထီလာနယ်တွင်ကား မြင်စိုင်းမင်းသား နောက်လိုက်များ ဖြစ်ကြသော ဗိုလ်မြတ်မှုံ၊ ဗိုလ်မောင်ကြီးနှင့် ဗိုလ်မောင် လတ်တို့က တော်လှန်တိုက်ခိုက်ကြ၍ ဝမ်းတွင်းအရှေ့ဘက် မှော်အိုင်၊ ရွာငံ၊ ရပ်ဆောက်စသော အရပ်များတိုင်အောင် ကြီးစိုး ထားကြလေသည်။ သာစည်နယ် မင်းလှမြို့တွင် ဗိုလ်ကံ၊ ဗိုနှံနှင့် ဗိုလ်ရှန်ဆိုသော ညီအစ်ကို သုံးဦးသည် ထင်ရှားသော တော်လှန်ရေး ခေါင်းဆောင်များ ဖြစ်ကြ လေသည်။

ထိုမျှသာမက အောက်မြန်မာနိုင်ငံတွင် ကရင်အမျိုးသား များ၊ မွန်အမျိုးသားများ၊ ရခိုင်အမျိုးသားများ စသည်တို့က လည်းကောင်း၊ ရှမ်းပြည်နယ်တွင် ရှမ်းအမျိုးသားများ၊ ချင်းအမျိုးသားများ၊ လူရှိုင်းအမျိုးသားများ စသည်တို့က လည်းကောင်း အကြီး အကျယ် အပြင်းအထန် တော်လှန် ခဲ့ကြသည်။ သို့ရာတွင် လက်နက်ချင်းကလည်းမျှ၊ မြန်မာ့ ကံဇာတာကလည်း ညှိုးနေခိုက ဖြစ်သဖြင့် အမျိုးလိုက် တော်လှန်ကြငြားလည်း မအောင်မမြင်ဖြစ်ခဲ့ရလေသည်။ သို့တိုင်အောင် ထိုတော်လှတ်ရေးများကြောင့် အင်္ဂလိပ်တို့ဘက်မှ အရာရှိ ၁၁ယောက်၊ အရာရှိမဟုတ်သူ ၉၁၉ ယောက်၊ ပေါင်း၉၃ဝကျဆုံး၍ ထိခိုက်ဒဏ်ရာ ရသူပေါင်းမှာ ၂… ၃ဝ၂ယောက်ဖြစ်သည်။ အင်္ဂလိပ်တို့သည် လည်း ၁၈၉ဝပြည့်နှစ်သို့ ရောက်မှသာလျှင် မြန်မာ့တော်လှန် ရေး အင်အားစုများကို အတော်အတန် ငြိမ်သက်အောင် နှိမ်နှင်းနိုင်ခဲ့ကြသည်။ နောက်ဆုံးတွင်မူ တော်လှန်ရေး အင်အားစုများသည် လုံးပါးပါးကာ ပျက်ယွင်းကျဆုံးသွားလေ သည်။

ထိုသို့ တော်လှန်ရေး ကျဆုံး၍ မြန်မာ့လွတ်လပ်ရေးကို ဆုံးရှုံးသွားသော်လည်း တော်လှန်ရေး စိတ်ဓာတ်ကား လုံးဝ ကုန်ဆုံးသွားပြီဟူ၍ မဆိုနိုင်ချေ။ မီးခဲပြာဖုံးကဲ့သို့ အခွင့် သာလျှင် ပြန်၍ တော်လှန်လိုသော စိတ်ဓာတ်ကား ကိန်းအောင်းလျက် ကျန်ရှိနေခဲ့လေသည်။ ၁၈၈၆ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့တွင် အင်္ဂလိပ် အစိုးရတို့က အထက်မြန်မာနိုင်ငံကို သိမ်းယူပြီးဖြစ်ကြောင်း ကြေညာသည့် အချိန်မှစ၍ မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ခဲ့ရပြီးနောက် အင်္ဂလိပ်တို့က ဥပဒေဖြင့် အုပ်ချုပ် လာသည်ကို လက်ခံလာကြသည့် အပြင်၊ အင်္ဂလိပ်အစိုးရတို့က တဖဲ့စီ ပြုပြင်ပေးနေသော ပြုပြင်ရေး ဥပဒေမျှဖြင့် ရောင့်ရဲ နေသူများ ရှိသကဲ့သို့ မိမိတို့ လိုချင်သော၊ မိမိတို့ကို အကျိုးပြု မည်ဖြစ်သော ဥပဒေမျိုးကို အင်္ဂလိပ်အစိုးရထံမှ တစာစာအော်၍ တောင်းနေ၈ုံမျှဖြင့် မရနိုင်၊ နိုင်ငံရေးလွတ်လပ်မှုကို ရမှသာလျှင် လူထုဆန္ဒအရ ပြုလုပ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံရေး လွတ်လပ် မှုကို ချွေး၊ သွေး၊ မျက်ရည်အကျခံကာ တိုက်ပွဲဝင်၍ အရယု လိုသူများလည်း ရှိခဲ့သည်။

ဤသို့ဖြင့် မြန်မာတို့သည် ဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးကို မရအရ ကြိုးပမ်းခဲ့ကြရာ ဝိုင်အမ်ဘီအေ အသင်းများသည် လည်းကောင်း၊ ဂျီ၊ စီ၊ ဘီ၊ အေ အသင်းကြီးသည် လည်းကောင်း၊ ကျောင်းသား သပိတ်များသည်လည်းကောင်း၊ ၁၉၃ဝ ပြည့်နှစ်တွင် ဆရာစံ ခေါင်းဆောင်သော တောင်သူ လယ်သမားများ၏ တော်လှန်ရေးကြီးသည်လည်းကောင်း၊ တို့ဗမာအစည်းအရုံးသည်လည်းကောင်း၊ ၁၉၃၈ ခုနှစ်တွင် သခင်ဘိုးလှကြီး ခေါင်းဆောင်သော ရေနံမြေအလုပ်သမား လှုပ်ရှားမှုကြီးအပါအဝင် ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံ သည်လည်းကောင်း၊ ဗမာ့ထွက်ရပ်ဂိုဏ်းသည်လည်းကောင်း၊ ဗမာ့တော်လှန်ရေးပါတီသည်လည်းကောင်း၊ မြန်မာ့သမိုင်းတွင် ထင်ရှားသောမှတ်တိုင်ကြီးများ ဖြစ်လေသည်။ (ဂျီ၊စီ၊ဘီ၊အေ။ စံ၊ဆရာ။ တို့ဗမာ အစည်းအရုံး-လည်း ရှု။) ထိုမှတစ်ပါး လွတ်လပ်ရေးကို တောင်းဆိုသော မြန်မာတို့အဖို့ လွတ်လပ် ရေးကို ဆူပူတောင်းဆိုရုံမျှဖြင့် မရ၊ လက်နက်ဖြင့် တော်လှန် ပုန်ကန်မှသာ လွတ်လပ်ရေးကို ရနိုင်မည် ဟူသော သင်ခဏ်း စာသည်လည်း ထင်ရှားပေါ်လွင့်ခဲ့လေသည်။

၁၉၃၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလေရာ ဗြိတိသျှ အင်္ဂလိပ်တို့၌ အခက်တွေ့လျှင် အကွက်ကောင်းယူမည်ဟု စောင့်စားနေကြ သော မြန်မာတို့မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသည်။ လွတ်လပ်ရေးကို တော်လှန်ပုန်ကန်ယူမှသာ ရမည်ဟု စွဲမြဲစွာ ယူဆထားသူတို့အဖို့လည်း သွေးတကြွကြွဖြစ်ခဲ့ရလေးသည်။ သို့သော်ဗြိတိသျှတို့ကို တော်လှန်တိုက်ခိုက်ရန်မှာ လက်နက်သည် အဓိက ဖြစ်လာ၍ တို့ဗမာအစည်းအရုံးကြီး သည် မည်သည့်နည်းဖြင့် ဖြစ်စေ လက်နက်အင်အား တောင့်တင်းသော နိုင်ငံခြား နိုင်ငံကြီးတစ်ခုခု၏ အကူအညီကို ရှာကြလေသည်။ ထိုသို့ ရှာကြရင်းမှ ဂျပန်စစ်ဌာနချုပ်နှင့် ဆက်သွယ်မိပြီးလျှင်၊ သခင်ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်ရေးမှု သခင် အောင်ဆန်းခေါင်းဆောင်သည့် နောင်အခါရဲဘော် သုံးကျိပ်ဟု တွင်လာသော မြန်မာမျိုးချစ်လူငယ် သုံးကျိပ်တို့သည် ဂျပန်နိုင်ငံတွင် လျှို့ဝှက်စွာ စစ်သင်တန်းများ တက်နိုင်ခဲ့ ကြလေသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အရှေ့အာရှ စစ်ပွကြီးစတင်ဖြစ်ပွားခဲ့၍ ထိုလ ၂၆ ရက်နေ့တွင် ယိုးဒယား နိုင်ငံ ဗန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊အိုင်၊ အေ)ကို ဖွဲ့စည်းလိုက်ကြလေသည်။

ဂျပန်တပ်မကြီးများသည် ယိုးဒယားနိုင်ငံမှ မြန်မာနိုင်ငံ အတွင်သို့ တိုက်ခိုက်ချီတက်လာရာတွင် ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသည့် ထိုဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တပ်များနှင့်အတူ စစ်သုံးကြောင်းဖြန့်ခွဲ၍ လိုက်ပါတိုက်ခိုက်ခဲ့သည်။ ဂျပန်တပ်မကြီးများသည် ယိုးဒယား နိုင်ငံမှ မြန်မာနိုင်ငံအထိ လျင်မြန်စွာ ချီတက်လာနိုင်ခြင်း၊ လမ်းခရီး၌ ရန်သူတပ်များနှင့် တိုက်ခိုက်ရသည်မှတပါး အနှောက်အယှက်များမတွေရခြင်း၊ မြန်မာပြည်သူ ပြည်သား တို့က ဝမ်းသာအားရ လှိုက်လှဲစွာ ဆီး၍ကြိုဆိုကြခြင်း၊ စစ်အောင်နိုင်ရေးအတွက် အမျိုးမျိုးသော အကူအညီများ ပေးခဲ့ခြင်းစသည့် အကျိုးတရားများမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် အတွင်းသူပုန်အဖွဲ့၏ လှုံ့ဆော်မှု၊ ကူညီမှု တည်းဟူသော အကြောင်း တရားများကြောင့် ဖြစ်ထွန်း ခံစားခဲ့ရခြင်း ဖြစ်လေသည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဤစစ်ပွဲတွင် ဂျပန် တို့၏ နာမည်ရ အမှတ် ၃၃၊ အမှတ် ၅၅ တပ်မကြီးများနှင့် ရင်ပေါင်တန်း ရဲဝံ့စွာ တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ပြည်တွင်း၌ စစ်ပွဲများကို အောင်နိုင်ပြီးကြသောအခါ ဂျပန် စစ်အာဏာပိုင်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အဘက်မလုပ်ကြတော့ချေ။ ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် တကွ မျိုးချစ်မြန်မာ ဟူသမျှတို့ကလည်း မူလက ထားရှိသည့် ကတိအတိုင်း လွတ်လပ်ရေးကို ချက်ချင်းမ ကြေညာသဖြင့် ဂျပန်အပေါ်၌ မကျေမနပ်ဖြစ်ခဲ့သည်။ မြန်မာပြည်တွင်းရှိ ဂျပန်တပ်များက ဗမာ့တပ်မတော်အပေါ် မတရားပြုမူရုံမျှမက၊ ဂျပန်ဗဟို စစ်ဌာနချုပ်ကပါ ယခင်က လျာထားချက်များကို ချိုးဖောက်လျက် မြန်မာပြည်အား သိမ်းပိုက်ထားရန်နှင့် အခိုက် အတန့်အတွင်း စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ရန် ကြေညာလိုက် သည်။

ဤသို့ဖြင့် တရားမျှတမှုလည်းမရှိ၊ မိမိတို့ ရည်ရွယ်ချက် ပန်းတိုင်သို့ မရောက်မီ လည်လှီးခံရမည်ကဲ့သို့ ဖြစ်လာသော အခါ ဂျပန်စစ်တပ်ကို စိတ်နာကာ ထ၍တော်လှန်ရန်ပင် စီစဉ် ကြသော်လည်း အချိန်အခါ မဟုတ်သေးကြောင်း ဖျောင်းဖျ နားချခြင်း ခံရသဖြင့် တော်လှန်ရန် အကြံကို ရွှေ့ဆိုင်းလိုက် ရလေသည်။

ထိုမျှသာမကသေး၊ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်စစ်အာဏာပိုင်များအဖို့ ခေါင်းကိုက်စရာ ပြဿနာ တစ်ခုဟု အထင်အမြင် ခဲခဲ့ရပြီးလျှင် ၁၉၄၂ခု 0x100သဂုတ်လ ထဲတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖျက်သိမ်း၍ ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီ၊ဒီ၊အေ) ဟု ပြန်လည် ဖွဲ့စည်းလိုက်ကြလေသည်။

ဘီ၊ဒီ၊အေကို စတင်တည်ထောင်သောအခါ တပ်ရင်းကြီး လေးခုနှင့် အခြားဆေးတပ်ဖွဲ့၊ မြင်းတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့၊ သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့ ကလေးများအပါအဝင် လူအင်အား စုစုပေါင်း ၅ဝဝဝ ပါဝင်ခဲ့သည်။ ထိုနောက်တွင် တပ်အင်အားကို ၂၅ဝဝဝ အထိ တိုးချဲ့ရန် သတ်မှတ်ထား သည့်အတိုင်း စစ်သားသစ်များကို ထပ်မံစုဆောင်း၍ တိုးချဲ့လိုက်ရာ ဘီ၊ဒီ၊အေ၏ အင်အားမှာ တနေ့တခြား အင်အား တိုးတက်လာသည်။ တပ်များသည်လည်း စနစ်ကျန၍ စည်ကမ်း သေဝပ်သော တပ်မတော်ကြီးဖြစ်၍လာသည်။ ၁၉၄၃ ခုနှစ် 0x100သဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့သည် မြန်မာပြည်အား လွတ်လပ်ရေး ပေးကြောင်း ကြေညာ လေသည်။ ထိုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဂျပန်ပေးသေားလွတ်လပ်ရေ အတုအယောင်နှင့် တချိန်တည်း ဗမာ့ကာကွယ်ရေး တပ်မတော်သည်လည်း ဗမာ့တပ်မတော်ဟူ၍ အမည်ပြောင်းလိုက်ရလေသည်။

ဗမာ့တပ်မတော်ဟူ၍ အမည်ပြောင်းလဲပြီးနောက် စက်မှုလက်မှု တပ်ရင်းများ၊ သယ်ယူပို့ဆောင်ရေး တပ်များ၊ အမျိုး သမီးတပ်ဖွဲ့များနှင့် အခြားဒေသဆိုင်ရာ ပြောက်ကျား တပ်ဖွဲ့များကိုပါ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ဤအချိန်၌ ဗမာ့ တပ်မတော်၏ လက်အောက်ခံ ဒေသဆိုင်ရာ ပြောက်ကျား တပ်ဖွဲ့များကိုပါ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ဤအချိန်၌ ဗမာ့ တပ်မတော်၏ အင်အားမှာ ၁ဝဝဝဝ နှင့် ၁၅ဝဝဝ အတွင်း၌ ရှိသည်။ တပ်မတော်၏ လက်အောက်ခံ ဒေသဆိုင်ရာ ပြောက်ကျားတပ်ဖွဲ့ များမှာ ရခိုင်တိုင်း၊ မြစ်ဝကျွန်းပေါ်တိုင်းနှင့် သရက်ခရိုင်တို့တွင် ဖွဲ့စည်းထားခဲ့ရာ စုစုပေါင်း ၈ဝ…ဝဝဝ ကျော်ရှိသောဟူ၏။ ထိုအချိန်၌ တိုင်းပြည်တွင် ကင်ပေတိုင် ခေါ်သော ဂျပန်စစ်ပုလိပ်တို့နှင့် ဂျပန်စစ်သားတို့၏ ရမ်းကား ယုတ်မာမူဒဏ်ကို မရှုမလှ အံကျိတ်ကာ ခံနေခံကြရသည်။ ဂျပန်အရင်းရှင်များ ဖြစ်သော ကာနီဗို၊ ဂိုရှို၊ မစ်ဆုဗီရှိ စသောကုမ္ပဏီကြီးများကလည်း စစ်ဒဏ်ကို မရှုမလှ ခံစား နေရသော မြန်မာ့စီးပွားရေးကို သွေးစုတ်လျက် ရှိကြသည်။ ဆီ၊ ဝါဂွမ်း၊ ရေနံ၊ ရော်ဘာနှင့် ဆန်စပါးတို့ကို ယင်းတို့က လက်ဝါးကြီး အုပ်ထားကြသည်။ လွတ်လပ်ရေး အတု အယောင်ဖြစ်၍ ရက်စက်ယုတ်မာမှုများကလည်း အမျိုးသမီးနှင့် ဘုန်းကြီးပင်မရှောင်တော့ဘဲ မြန်မာ့စီးပွားရေးနှင့် အုပ်ချုပ်ရေး မှန်သမျှ ဂျပန်တို့ ပြုသမျှ နု၍ နေကြရသည့်အဖြစ်ကို ဗမာ့ တပ်မတော်နှင့် မျိုးချစ်ပုဂ္ဂိုလ် မှန်သမျှ မခံမရပ်နိုင်ဖြစ်ကြ သည်။ ထိုကြောင့် ၁၉၄၄ ခုနှစ် 0x100သဂုတ်လ အတွင်းတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းခဲ့သည်။


ထိုစဉ်က တော်လှန်ရေး၏ ကျောရိုးမဏ္ဏိုင်သဖွယ်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းဦးစီးသည့် ဗမာ့တပ်မတော်သည် အခိုင် အမာ အတက်ကြွဆုံး အင်အားစု တရပ်ဖြစ်ခဲ့၏။ ဖ ဆ ပ လ အဖွဲ့ကြီးတွင် ပါဝင်သည့် အခြားအဖွဲ့အစည်းများ ဖြစ်ကြသော ကွန်မြူနစ် ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ အာရှလူငယ်များ အစည်းအရုံးတို့ကလည်း မိမိတို့ အဖွဲ့အစည်း အလိုက် လူထုကို စည်းရုံးသိမ်းသွင်းခဲ့ကြသည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်၏ အလံတော်အောက်တွင် ဗမာ့ တပ်မတော်ကို မဏ္ဏိုင်ပြုရသည့် ဆိုခဲ့ပြီးသော အဖွဲ့အစည်း အသီးသီးတို့သည် တော်လှန်ရမည့် နေ့ရက်အချိန်အခါကို စောင့်ဆိုင်းပြင်ဆင်လျက် ရှိနေခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသော ဗမာ့တပ်မတော်သည် ဂျပန်ကို တော်လှန်ရန် အတွင်း ကျိတ်ကြံစည်လျက် အင်အား မွေးလာခဲ့လေသည်။ ထိုစဉ်၌ အထက်မြန်မာပြည်တွင် ဗြိတိသျှ တို့က အင်အားနှင့် ထိုးဖောက်တိုက်ခိုက် လာသောအခါ၊ ယင်းအခြေအနေကို အခွင့်ကောင်းယူကာ စစ်မျက်နှာ သီးသန့် ဖွင့်၍ တိုက်ပေးမည်ဟု ဂျပန်တို့ကို အယုံသွင်းလိုက်လေသည်။ တပ်များသည် ဗမာ့ တပ်မတော်မှ ရှေ့တန်း စစ်မျက်နှာဟူ၍ သတ်မှတ်ထားသော ရေနံချောင်း ဒေသ၊ သရက် ခရိုင် ဒေသနှင့် ပျဉ်းမနား ဒေသများဆီသို့ လည်းကောင်း၊ မြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီနယ်သို့ လည်းကောင်း အသီးသီးချီတက်၍ သွားပြီးလျှင် တပ်ဖျောက်၍ ထားလိုက်ကြသည်။ ၁၉၄၅ ခုနှစ် မတ်လ ၁ရ ရက်နေ့၌ ဗမာ့ တပ်မတော်သည် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက် မြောက်ဘက်ရှိ ကွင်းပြင်ကြီး(ယခုတော်လှန်ရေး ပန်းခြံ)တွင် စစ်ရေးပြပွဲ အခမ်းအနားနှင့် တပ်ထွက်ပွဲ အခမ်းအနားကိုပင် ကျင်းပခဲ့သေးသည်။

ဂျပန်တို့ကို တော်လှန်ရန် အတွက် စစ်နယ်မြေ(တိုင်း) များကို ခွဲဝေချထားပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

တိုင်းအမှတ်(၁)။ ။ ပြည်၊ သာယာဝတီ၊ အင်းစိန်။ ဤတိုင်းကို ဗိုလ်မှူးမောင်မောင် ဦးစီး၍ ဗိုလ်သိန်းတုတ်၊ ဗိုလ်သိန်းမောင်၊ ဗိုလ်သီဟံ၊ ဗိုလ်အောင်မင်းတို့ပါဝင်သည်။ တိုင်းမှတ်(၁)တပ်ဖွဲ့များကို မင်းလှစည်သူ တပ်ဖွဲ့ဟု ခေါ်တွင်၏။

တိုင်းအမှတ်(၂)။ ။ ဟံသာဝတီ၊ မအူပင်၊ ဖျာပုံ။ ဤတိုင်းကို ဗိုလ်မှူးကြီး နေဝင်းက အုပ်ချုပ်၍ ကျော်ခေါင်ဗလ တပ်ဖွဲ့ဟုခေါ်တွင်၏။ ဗိုလ်မှူး တင်ဖေ၊ ဗိုလ်မှူး အောင်ကြီး၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်ဗစိန်တို့ပါဝင်၏။

တိုင်းအမှတ်(၃)။ ။ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ။ ဤတိုင်းကို ဗိုလ်မှူးကြီး စောကြာဒိုးက တာဝန်ယူ ဦးစီး၏။ ရဲကျော်သူရတပ်ဖွဲ့ဟု ခေါ်သည်။ ဗိုလ်စောထွန်းစိန်၊ ဗိုလ်ကြီးစောစံဖိုးသင်တို့ ပါဝင်၏။

တိုင်းအမှတ်(၄)။ ။ ပဲခူး၊ ရွှေကျင်၊ သထုံ၊ ဤတိုင်းကို ဗိုလ်မှူးကျော်ဇောကဦးစီး၍ လကျာ်ကျော်ထင်တပ်ဖွဲ့ဟု ခေါ်တွင်၏။ ဤုတိုင်းတွင် ဗိုလ်မှူးအောင်ရွှေ၊ ဗိုလ်လွန်းတင်၊ ဗိုလ်အေးမောင်(ရေဦး)၊ ဗိုလ်သိန်းတန် စသူများပါဝင်၏။

တိုင်းအမှတ်(၅)။ ။ မော်လမြိုင်၊ ထားဝယ်၊ မြိတ်။ ဤတိုင်းကို ဗိုလ်မှူး တင်ထွန်းက ဦးစီး၍ ဇေယျကျော်သူ တပ်ဖွဲ့ဟုခေါ် တွင်သည်။ ဗိုလ်လှဖေကြီး၊ ဗိုလ်ကျော်ထွန်း တင်၊ ဗိုလ်သံတိုင် စသူတို့ပါဝင်၏။

တိုင်းအမှတ်(၆)။ ။ တောင်ငူ၊ ရမည်းသင်း၊ မိတ္ထီလာ၊ တောင်ပိုင်းရှမ်းပြည်။ဤတိုင်းကို ဗိုလ်မှူးရဲထွဋ်က ဦးစီ၍ ဘယကျော်ထင်တပ်ဖွဲ့ ဟုခေါ်တွင်သည်။ ဗိုလ်မှူးလွင် (ဆေးမှူး)၊ ဗိုလ်မှူးသောင်းကြည်၊ ဗိုလ်တောက်ထိန်၊ ဗိုလ်တာရာ၊ ဗိုလ်ထွန်းတင် စသူတို့ပါဝင်၏။ တိုင်းအမှတ်(ရ)။ ။ သရက်၊ အာလံ၊ မကွေး၊ မင်းဘူး။ ဤတိုင်းကို ဗိုလ်မှူးအောင် ဦးစီး၍ သီရိကျော်ထင်တပ်ဖွဲ့ဟု ခေါ်၏။ ဗိုလ်မှူးစိန်ဝင်း(ရင်း၆-မှူး) ဗိုလ်မောင်ကလေး၊ ဗိုလ်မိုးညို၊ ဗိုလ်စိန်မှန်၊ ဗိုလ်မှူးစန်းယုတို့ပါဝင်သည်။ ဗိုလ်မှူးရန်အောင်က ရှေ့တန်းစစ်ဌာနမှူး အဖြစ်တာဝန် ယူရသည်။ ဤတိုင်းအမှတ်(၇)နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ဌာနချုပ်ပူးတွဲပါရှိ၏။ စစ်ဌာနချုပ်တွင် ဗိုလ်မှူးကြီး ဇေယျ၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်မှူးရှိန်း၊ ဗိုလ်မင်းခေါင်၊ ဗိုလ်မှူး လှအောင် စသူများပါဝင်သည်။

၁၉၄၅ မတ်လ ၂၇ ရက်နေ့တွင် ဗမာ့တပ်မတော်သည် ပြည်သူ့တပ်မတော်ဟူသော အမည်ကို ခံယူကာ ဂျပန်တို့အား စစ်ကြေညာ၍ စတင်တိုက်ခိုက်ကြလေသည်။ ရခိုင်တိုင်းတွင် မူကား အခြေအနေအရ ဦးပညာသီဟနှင့် ကိုညိုထွန်းတို့ ကြီးမှူး၍ ထိုရက်မတိုင်မီကပင် ဂျပန်တို့ကို တိုက်ခိုက်ခဲ့ကြ၍၊ အနောက်မြောက်တိုင်းမှူး ဗိုလ်မှူး ဗထူးကြီးမှူးသည့် ဗမာ့ တပ်မတော် တပ်ရင်းတပ်ခွဲများသည် အခြေအနေအရ နားလည်မှုဖြင့် မတ်လ ဂ ရက်နေ့ကပင် ဂျပန်တို့ကို စစ် ကြေညာကာ စတင်တိုက်ခိုက်ခဲ့လေသည်။

ပြည်သူ့တပ်မတော်သည် ရခိုင်ဘက်မှ ဖြတ်၍ ဆုတ်ခွာ လာသော ဂျပန်တို့ကို သရက်ခရိုင်နှင့်ပြည်ခရိုင်တို့အတွင်း မှလည်းကောင်း၊ အထက်မန္တလေး၊ မိတ္ထီလာတို့မှ ဆင်းလာသော ဂျပန်တပ်များကို ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး ခရိုင် နယ်မြေ များမှလည်းကောင်း၊ကြွင်းကျန်သော တပ်ကွဲတပ်ကျန်များကို မြစ်ဝကျွန်းပေါ်နှင့် ရခိုင်တိုင်းဒေသများတွင်လည်းကောင်း၊ ယိုးဒယားလမ်းမကြီးမှ နေ၍ ခံစစ်ကြောင်း တည်ဆောက် စပြုနေသော ဂျပန်တပ်များကို တနင်္သာရီနယ်အတွင်းရှိ တိုင်းအမှတ် ၅ တို့ကလည်းကောင်း အသီးသီး ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့သည်။ ပြည်သူ့တပ်မတော်သည် ထိုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မျိုးချစ်တပ်မတော်ဟု အမည်ပြောင်း ခဲ့သည်။ ရန်သူဘက်မှ ကျဆုံးသူ ၈၈၂၆ ယောက်၊ ဒဏ်ရာရသူ ၂၃ဝ၄ ယောက်၊ သုံ့ပန်း ၂၁၅ ယောက်တို့ အဖမ်းခံရသည် အထိ တိုက်ခိုက်ခဲ့၏ ရန်သူထံမှ လက်နက်ခဲယမ်း မီးကျောက် အမြောက်အမြား သိမ်းဆီးရမိခဲ့သည်။ ဇူလိုင်လ ၂ဝ ရက်နေ့မှ 0x100သဂုတ်လ ၄ ရက်နေ့အထိ စပ်ကြားကာလအတွင်း စစ်တောင်း မြစ်ဝှမ်းဒေသ တိုက်ပွဲတွင် ရန်သူဂျပန် ၆၂ရ၂ ယောက် ကျဆုံး ခဲ့ရာ ထိုအထဲမှ ၃၂ဝဝ ခန့်မှာ မျိုးချစ်ဗမာ့တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရလေသည်ဟုဆို လေသည်။ မျိုးချစ်ဗမာ့တပ်မတော်သည် မဟာမိတ်တို့ထက် ရှေးဦးစွာ မေလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ကို သိမ်းပိုက်မိကြသည်။ မျိုးချစ်ဗမာ့တပ်မတော်၏ တိုက်ခိုက်မှုကို မဟာမိတ်တပ်များ ကပင် ချီးကျူးကြရလေသည်။

ဩဂုတ်လတွင် ဂျပန်တို့ ချွင်းချက်မရှိ လက်နက်ချ ပြီးနောက် မြန်မာပြည်တိုက်ပွဲမှာ ပြီးဆုံးသွားလေသည်။ ထိုအခါ မြန်မာပြည် ဗြိတိသျှမြို့ပြ အုပ်ချုပ်ရေး အရာရှိများက မျိုးချစ်ဗမာ့တပ်မတော်အပေါ် ဖိနှိပ်လိုစိတ် ရှိလာ၏။ ထိုရည်ရွယ်ချက်ကို လော့ဒ်မောင့်ဘက်တင် အပါအဝင် ဗြိတိသျှ စစ်ဘက်အရာရှိကြီးများက သဘောမတူကြပေ။ ရန်ကုန်မြို့ကို မျိုးချစ်ဗမာ့တပ်မတော်က သိမ်းပိုက် ပြီးနောက် ဗိုလ်မှူးကြီး နေဝင်းသည် မေလ ၁ဝ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသော နိုင်ငံခြားသတင်းထောက်များကို ဖိတ်ခေါ်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ၌ ---ဗမာ့တပ်မတော်သည် ၁၉၄၂ ခုနှစ်က အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့ခြင်းမှာ ချာချီ၏ ကြေညာချက်သည် ဗမာပြည် အတွက် အကျိုးကျေးဇူး မပါရှိခဲ့၍လည်းကောင်း ဂျပန်တို့က လည်း သူ့တို့နှင့်ပူးပေါင်းပါက လွတ်လပ်ရေးပေးမည်ဟု ကတိပေး၍လည်းကောင်း ထိုကတိကိုလည်း ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တိုကျိုအစိုးရက ဂျပန်ဒိုင်ယက် လွတ်တော်တွင် အတိအလင်း ကြေညာသဖြင့်လည်းကောင်း၊ ထိုအကြောင်းများကြောင့် အင်္ဂလိပ်ကို ခံတိုက်ခဲ့ကြောင်း။ သို့သော် ဂျပန်တို့ မြန်မာပြည်ရောက်ရှိလာသောအခါ လည်းကောင်းတို့ ကတိမတည်သဖြင့် ဂျပန်ကို ပြန်တိုက်ခဲ့ ကြောင်း တိုတိုပြောရလျှင် ကျွန်ုပ်တို့သည် လွတ်လပ်ရေး အတွက် အင်္ဂလိပ်ကိုလည်းကောင်း၊ ဂျပန်ကိုလည်းကောင်း နှစ်ကြိမ်တိုင် တိုက်ခဲ့ပြီး။ နောင်ကိုလည်း ဗမာပြည်လွတ်လပ် ရေး ရရှိရန်အတွက် ဗမာ့တပ်မတော်က အသင့်ရှိနေပြီးဖြစ် ကြောင်း ဗမာ့လွတ်လပ်ရေးကို တားဆီးပိတ်ပင်သူမှန်သမျှကို တိုက်ခိုက်ရန် ပြင်ဆင်ပြီးဖြစ်ကြောင်းနှင့် ပြောပြလျှက် တော်လှန်ရေးအတွက် ရဲဘော်များ သွေးမြေကျခံ၍ အသက်စွန့် တိုက်ခိုက်သွားခြင်းမှာ လွတ်လပ်ရေးအတွက်ဖြစ်ကြောင်း ညွှန်ပြသွားလေသည်။

ထို့နောက် မျိုးချစ်ဗမာ့တပ်မတော်၏ ရှေ့ရေးနှင့် စပ်လျဉ်း၍ အာရှအရှေ့တောင်ပိုင်းရှိ မဟာမိတ်တပ်များ၏ သေနာပတိချုပ် လောဒ့်လူဝီမောင့်ဘက်တင်နှင့် ဖဆပလ ဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် ၁၁ ဦးသည် ၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် သီဟိုဠ်ကျွန်း၌လည်းကောင်း ကန္ဒီမြို့သို့ သွားရောက်၍ အပြန် အလှန် ဆွေနွေးပြီးနောက် ကန္ဒီစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော် တစ်ခုလုံးကို မြန်မာနိုင်ငံ စစ်တပ်အတွင်းသို့ ပူးပေါင်းကာ ကျမ်းမာရေးနှင့်ပြည့်စုံ၍ ဆက်လက်အမှုထမ်းလိုသူ တပ်သား ၅ |၂ဝဝ နှင့် အရံ ၃…ဝဝဝ ကိုလည်းကောင်း တပ်မတော် ဗိုလ် ၂ဝဝ နှင့် အရာခံဗိုလ် ၂ဝဝ ကိုလည်းကောင်း ခန့်အပ်ရန် တပ်မတော်သားများအတွက် ရထိုက်သော အခွင့်အရေးများကိုပေးရန် အပြင် တပ်မတော် သားများနှင့် သက်ဆိုင်သော ကိစ္စအဝဝကို စုံစမ်းရန်အတွက် မဟာမိတ်ကိုယ်စာလှယ်နှင့် တပ်မတော်ကိုယ်စားလှယ်တို့ ပူးတွဲကာ အဖွဲ့ဖွဲ့စည်း ဆောင်ရွက်ရန်တို့ဖြစ်သည်။ ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာ တော်လှန်ပြီးသည့် နောက်တွင် ကိ်ုလိုနီ နယ်ချဲ့စနစ်ကို တော်လှန်ရန်အတွက် ဗိုလ်ချုပ် အောင်ဆန်းသည် စစ်တပ်မှထွက်၍ ဖ ဆ ပ လ ဥက္ကဋ္ဌအဖြစ် လွတ်လပ်ရေးကို အရယူမည်ဟု ဆုံးဖြတ် ကြွေးကြော်ပြီးလျှင် တိုင်းပြည်၏ အင်အားကို စည်ရုံးလေသည်။ ထိုအခါ တိုင်းပြည်အင်အားသည် ရှေးကထက်ပို၍ ကောင်းလာ သည်။ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကယား အစရှိသော တောင်တန်းဒေသ တိုင်းရင်းသားများကပင် မြန်မာတိုင်းရင်း သားများနှင့် လက်တွဲ ဆောင်ရွက်မည်ဟု ဆုံးဖြတ်ကြရာ အင်အားသစ်တိုးလာလေသည်။

၁၉၄၆ ခုနှစ်တွင် အင်္ဂလိပ်အစိုးရသည် ဖဆပလ ခေါင်းဆောင်သော ပြည်မဒေသနှင့် တောင်တန်းဒေသတို့၏ အင်အားကို မခံနိုင်သဖြင့် ဖဆပလ ခေါင်းဆောင်နှင့် တောင်တန်းဒေသ ခေါင်းဆောင်တို့အား အုပ်ချုပ်ရေး အာဏာကို အပ်ရလေသည်။ လွတ်လပ်ရေးကို ပေးပါမည် ဟုလည်း ကတိပြုရလေသည်။ ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းကြီးမှူးသော ဖ ဆ ပ လ အစိုးရသည် လွတ်လပ်တော့မည်ဖြစ်သော မြန်မာနိုင်ငံကို ပြည်မသား တောင်တန်းသားတို့၏ ဆန္ဒအတိုင်း မည်သို့ မည်ပုံ ဖွဲ့စည်းသင့်သည် အုပ်ချုပ်သင့်သည်တို့ကို ပြည်မဒေသ တောင်တန်းဒေသတို့မှ ပြည်သူ့ကိုယ်စာလှယ်များနှင့် ဆွေးနွေးလိုသဖြင့် ၁၉၄၇ ခုနှစ်တွင် တိုင်းပြု ပြည်ပြု လွှတ်တော်အတွက် ရွေကောက်ပွဲကို ကျင်းပလေးသည်။ ပြည်သူအများက ယုံကြည်၍ ရွေးကောက်တင်မြှောက် လိုက်သော ပြည်မနှင့် တောင်တန်းကိုယ်စားလှယ် အမတ်များပါဝင်သည့် တိုင်းပြု ပြည်ပြုလွတ်တော် အစည်းအဝေးများတွင် တိုင်းပြည်ကို ဥပဒေဖြင့်သာ အုပ်ချုပ်စေလိုသည်ဟု လည်းကောင်း၊ ရှမ်းလူမျိုးစု၊ ကရင်လူမျိုးစု၊ ကချင်လူမျိုးစု၊ ကယာလူမျိုးစုတို့သည် ပြည်နယ်အသီးသီးဖွဲ့လျှက် ပြည်မနှင့်ပေါင်း၍ ပြည်ထောင်စု နိုင်ငံ တည်ထောင်စေလိုသည်ဟုလည်းကောင်း နိုင်ငံတော် သမ္မတကို ငါးနှစ်တစ်ကြိမ် တင်မြှောက်ခြင်းဖြင့် သမ္မတနိုင်ငံ လည်းဖြစ်စေလိုသည်ဟုလည်းကောင်း၊ တောင်သူလယ်သမား အလုပ်သမားတို့ပါဝင်သော ပြည်ထောင်စု တိုင်းသူပြည်သားများ အားလုံး၏ အကျိုးအတွက် တိုင်းသူပြည်သားများ၏ ဆန္ဒအရ တိုင်းပြည်ကို အုပ်ချုပ်စေလိုသည်ဟုလည်းကောင်း အများ သဘောတူ ဆုံးဖြတ်၍ ဖွဲ့စည်အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲကြလေသည် နိုင်ငံတော်အလံ၊နိုင်ငံတော်သီချင်း တံဆိပ်တို့ကိုလည်း အများသဘောတူ ဆုံဖြတ်၍ သတ်မှတ်ကြ သည်။

ဖွဲ့စည်အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲနေသော ကာလ အတွင်း ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် တောင်တန်းဒေသ ခေါင်းဆောင် အချို့တို့သည် လူမသမာတို့၏ လက်ချက်ဖြင့် အသက်ဆုံးကြရလေသည် သို့ရာတွင် ဖဆပလ ဒုတိယ ဥက္ကဋ္ဌ ဦးနုသည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အခြေခံဥပဒေကို ဆက်လက်ရေးဆွဲစေရာ အောင်မြင်ပြီးစီးလေသည်။ ထို့နောက် ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော သမ္မတ မြန်မာနိုင်ငံကို တည်ထောင်ပြီဟု ကမ္ဘာသို့ ကြေညာ လေသည်။ လွတ်လပ်ရေးကြေညာာပြီး၍ မကြာမီပင် အမျိုးသား ညီညွတ်ရေး စတင်ပြိုကွဲခဲ့သည်။

နိုင်ငံရေးပါတီများ စိတ်သဘောကွဲ၍ တော ခိုသူက ခိုကာ အစိုးရကို ပုန်ကန်ခြားနားပြန်သည် ဗမာ့ တပ်မတော်သည် သောင်းကျန်း သူတို့အား နှိမ်နှင်း နိုင်သမျှနှိမ်နှင်းကာ ပြည်ထောင်စုကြီးကို ကာကွယ်ခဲ့သော်လည်း အာဏာရ ဖဆပလ ပါတီအတွင်း သဘောကွဲပြန်သဖြင့် နိုင်ငံ အတွင်း အခြေအနေ ပျက်စီး ယိုယွင်းလာခဲ့ရာ ၁၉၅၈ ခုနှစ် တွင် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော အိမ်စောင့် အစိုးရက အုပ်ချုပ်ရေးအာဏာကို လက်ခံယူကာ နိုင်ငံ၏ အခြေအနေကို ထိမ်းသိမ်းပေးခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် အိမ်စောင့်အစိုးရက အထွေထွေရွေးကောက်ပွဲများ ကျင်းပ၍ ရွေးကောက်ပွဲ၌ အနိုင်ရရှိသော ပြည်ထောင်စုပါတီအား အစိုးရ ဖွဲ့စေရာ အာဏာလွှဲပြောင်းပေးခဲ့သည်။ သို့ရာတွင် ပါတီတွင် မညီမညွတ်ဖြစ် လာသောအခါ နိုင်ငံရေးအခြေအနေ ယိုယွင်း လာပြန်သဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော ပြည်ထောင် စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းယူ၍ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ဟူသော နိုင်ငံတည်ဆောက်ရေးလမ်းစဉ်ကို ချမှတ်ကာ အကောင်အထည်ဖော်လေသည်။

သမိုင်းပေးတာဝန် ကျေပြွန်စာထမ်းဆောင်လျှက် မြန်မာ့ တပ်မတော်သည် မြန်မာ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုအတွင်း၌ ပဋိသန္ဓေတည်ခဲ့ပြီးလျှင်၊ ထိုလှုပ်ရှားမှု အတွင်းမှာပင် မွေးဖွားကြီးပြင်းလာခဲ့ရသည်။ မူရင်းအားဖြင့် စစ်ရေးအဖွဲ့အစည်းတရပ် ဖြစ်သော်လည်း၊ အမျိုးသား လွတ်လပ်ရေးကို ထိန်းသိမ်း၍၊ ဆိုရှယ်လစ် ဒီမိုကရေစီကို ထူထောင်ကာ၊ မြန်မာ့ဆိုရှယ်လစ် တော်လှန်ရေး ကြီးကို ဦးဆောင်ဆင်နွှဲလျှက်၊ ပြည်သူ့တပ်မတော်အဖြစ် တည်ဆောက်ရင်း၊ သမိုင်းပေးတာဝန်ကို ကျေကုန်အောင် ဆောင်ရွက်လျက်ရှိသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)