မြန်မာ့မိတ်ဆွေများအဖွဲ့
မြန်မာ့မိတ်ဆွေများအဖွဲ့ သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း၏ လုပ်ငန်းဆောင်တာများ အထောက်အကူဖြစ်ရေးအတွက် တိုင်ပင်နှီးနှောရန်အတွက် ၂၀၀၇-ခုနှစ်တွင် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။ မြန်မာ့မိတ်ဆွေများအဖွဲ့တွင် ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေ၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီ၊ ဗြိတိန် တို့ ပါဝင်သည်။