မြန်မာ့မျက်စိကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း

မြန်မာ့မျက်စိကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း (MECP) သည် မြန်မာနိုင်ငံရှိ အခက်အခဲရှိကြသည့် ပြည်သူလူထု၏ မျက်လုံးနှင့်ပတ်သက်သည့် ကျန်းမာရေးဝန်ဆောင်မှုများကို နယ်လှည့်ကာ ဝန်ဆောင်မှုပေးသည့် စီမံကိန်းတစ်ခု ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မျက်စိကုသမှုပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် မျက်စိမမြင်မှုကို အဆုံးသတ်ရန် ဖြစ်သည်။ မြန်မာသည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးသော နိုင်ငံတစ်ခုဖြစ်ကာ ကမ္ဘာပေါ်တွင် မျက်စိမမြင်ရသူနှုန်း အမြင့်ဆုံးနိုင်ငံတစ်ခုလည်း ဖြစ်သည်။ အဖွဲ့ဝင်များနှင့် ထောက်ပံ့သူများနှင့်အတူ လက်တွဲလုပ်ဆောင်ကာ MECP သည် ပုံမှန်မျက်လုံးစောင့်ရှောက်မှု၊ အထူးကုသမှုများ၊ ခွဲစိတ်ကုသမှုများကို ဆေးခန်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။ MECP သည် ကျေးလက်တောနယ်များတွင် မျက်လုံးစောင့်ရှောက်မှုနှင့် ပတ်သက်သည့် အဆောက်အဦများကိုလည်း တည်ဆောက်ခြင်း၊ ဒေသခံဆေးပညာရှင်များနှင့် သူနာပြုများကို လေ့ကျင့်ပေးခြင်း၊ လိုအပ်သည့် ကိရိယာများ ထောက်ပံ့ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးသည်။

သမိုင်း ပြင်ဆင်ရန်

၂၀၀၂ ခုနှစ် အစောပိုင်းကာလတွင် မြန်မာနိုင်ငံသား ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတွင် နေထိုင်သူ (အစောပိုင်းကာလတွင် ဒုက္ခသည်အဖြစ်နေထိုင်သူ) သည် မြန်မာနိုင်ငံတွင် မျက်လုံးကုသရေးနှင့်ပတ်သက်သည့်စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန် ဆစ်ဒနီအခြေစိုက် မျက်လုံးကုပညာရှင် Dr Geoffrey Cohn OAMကို မေးမြန်းခဲ့သည်။ Cohn သည်ယခင်က အင်ဒိုနီးရှာနိုင်ငံ၊ ဘာလီမြို့၊ ပရိုဘိုနိ pro bono တွင် မျက်လုံးကုသရေးစိမံကိန်းတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။ [၁][၂][၃]

၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် ကျစွာကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် ဦးလက္ခဏာ၏ ထောက်ပံ့မှု၊ ပြည်တွင်းရှိ စေတနာရှင်တို့၏ အကူအညီများ၊ ကျောင်းတော်၏ အဖွဲ့ဝင်များနှင့် အခြားများစွာသော ကူညီသူများဖြင့် MECP သည် လူနာများကို ဇီဝိတဒါနသံဃာ့ဆေးရုံတွင် ကုသမှုများ ဆောက်ရွက်ပေးခဲ့သည်။[၄]

 
A doctor examining patients on the morning following surgery

ထိုစောင့်ရှောက်မှု ပြီးဆုံးပြီးနောက်တွင် ပုပ္ပါးတောင်ရှိ ဘုန်းတော်ကြီးဆေးရုံတစ်ခုတွင် ဒုတိယစီမံကိန်းကို စတင်ခဲ့သည်။ ယခုလက်ရှိအမျိုးသားစီမံကိန်းနှင့် လွန်ခဲ့သော ၁၀ နှစ်တာကာလ MECP ၏ စီမံကိန်းကို ဆောင်ရွက်ခဲ့သူမှ ဒေါ်ဖြူစင်မွန် ဖြစ်သည်။ သူမသည် ၂၀၀၃ ခုနှစ်တွင် ပုပ္ပါးတောင်ကလပ်၌ မျက်စိပညာရှင်တစ်ဦးအနေဖြင့် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။[၅][၆]

လက်ရှိ ဆောင်ရွက်နေသည်များ ပြင်ဆင်ရန်

ဇီဝိတဒါနသံဃာ့ဆေးရုံ၌ မျက်လုံးဆိုင်ရာ ဝန်ဆောင်မှု ပြင်ဆင်ရန်

မန္တလေးမျက်လုံးဘဏ် ပြင်ဆင်ရန်

ဖောင်တော်ဦးကျောင်းတိုက်၊ မန္တလေး ပြင်ဆင်ရန်

ရန်ကုန်ဇီဝိတဒါနသံဃာ့ဆေးရုံ ပြင်ဆင်ရန်

မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီး ပြင်ဆင်ရန်

သီရိဒဂုံကျောင်းတိုက် ပြင်ဆင်ရန်

ဖျာပုံ ပြင်ဆင်ရန်

မန္တလေးနားနှင့်နှာခေါင်းဆေးရုံ ပြင်ဆင်ရန်

မှော်ဘီကျောင်းတိုက် ပြင်ဆင်ရန်

ထီးဆောင်းမျက်လုံးဆေးရုံ ပြင်ဆင်ရန်

ပြင်စည်ကျောင်းတိုက်မျက်လုံးဆေးရုံ ပြင်ဆင်ရန်

ဆက်စပ်အဖွဲ့အစည်းများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Governor-General Honours List။ 12 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 December 2017 တွင် ပြန်စစ်ပြီး။
  2. the John Fawcett Organisation။ 19 December 2017 တွင် ပြန်စစ်ပြီး။
  3. HelpAge International။ 19 December 2017 တွင် ပြန်စစ်ပြီး။
  4. Hollows Lecture, RANZCO Congress, Perth, 2017.။ 7 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 December 2017 တွင် ပြန်စစ်ပြီး။
  5. "Causes of blindness in rural Myanmar (Burma): Mount Popa Taung-Kalat Blindness Prevention Project" (2009). Clinical Ophthalmology 3: 413–421. 
  6. Pokharel၊ Gopal; Khanna၊ Rohit (2013)။ Prevention of Blindness in Myanmar: Situation Analysis and Strategy for Change (PDF)။ 8 January 2018 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး1 September 2020 တွင် ပြန်စစ်ပြီး