မြန်မာ့ စစ်ပညာ ပြင်ဆင်ရန်

သေနင်္ဂဗျူဟာ စစ်ပညာသည် တိုင်းပြည်အသီးသီး၊ လူမျိုးအသီးသီးတွင် ရှေးကတည်းက ရှိခဲ့သည်။ ယခုလည်းရှိနေဦးမည်။ နောင်လည်း ရှိရမည်ပင် ဖြစ်သည်။ စစ်ပညာများမှာ အချိန်ကာလ ခေတ်အားလျော်စွာ တစ်မျိုးတစ်ဖုံ ထူးခြား တိုးတက် လာသော်လည်း အခြေအနေ အချိန်အခါအရ ရှေးပညာရပ်များကို လက်လွှတ်၍ မရပေ။ ထို့ကြောင့် ရှေးမြန်မာ့ စစ်ပညာကို တိမ်မြုပ်မသွားအောင် ထိန်းသိမ်းထားသင့်ပေသည်။ လက်ဝဲသုန္ဒရ အမတ်ကြီးက မြန်မာ့ စစ်ပညာကို ပျောက်ပျက်မသွားစေရန် ရည်ရွယ်၍ သေနင်္ဂဗျူဟာပျို့၊ ဗျူဟစက္ကိပျို့နှင့် နန္ဒီသေနပျို့များကို ရေးသား စပ်ဆိုခဲ့သည်။

စစ်ပညာသည် စစ်ကိုအောင်နိုင်စွာ တိုက်ခိုက်နိုင်ရန် လိုက်နာကျင့်သုံးရသော စစ်တိုက်နည်းများနှင့် စစ်သဘောတရားများ ဖြစ်သည်။ ယခုခေတ်တွင် စစ်ပညာကို လေ့လာဆည်းပူးရာ၌-

  1. စစ်ဦးဆောင်ညွှန်ကြားရေး
  2. စစ်ဆင်ယင်ရေး(စစ်ပရိယာယ်)
  3. တိုက်ပွဲခင်းကျင်းရေး(သေနင်္ဂဗျူဟာ)
  4. စစ်ဖွဲ့စည်း အုပ်ချုပ်ရေး ဟူ၍ ပိုင်းခြားကာ လေ့လာဆည်းပူးရသည်။

စစ်တိုက်နည်း ခိုက်နည်း ပြင်ဆင်ရန်

မြန်မာ့ စစ်ပညာတွင် စစ်တိုက်ခိုက်နည်းမှာ အခြေခံအပိုင်းဖြစ်သည့် စစ်အစီအရင် (၇)ပါး ဖြစ်သည်။ ထိုစစ်အစီအရင် (၇)ပါးမှ တဆင့် ဖြာထွက်လာသော သရုပ်သကန်များဖြစ်သည်။

စစ်အစီအရင် (၇)ပါး ၁ စစ်အင်္ဂါ(၇)ပါး (သေနင်္ဂ)

  1. စစ်ချီခြင်း(၄)ပါး (သေနာဂတိ)
  2. စစ်ကပ်ခြင်း(၂)ပါး (သေနုပဂ)
  3. စစ်ထိုးခြင်း(၆)ပါး (သေနာယုဒ္ဓ)
  4. စစ်ခံခြင်း(၆)ပါး (သေနာပဋိဂ္ဂဟ)
  5. စစ်ဖျက်ခြင်း(၆)ပါး (သေနာဗေဒ)
  6. စစ်ပြန်ခြင်း(၆)ပါး (သေနာနိဝတ္တန)

စစ်အင်္ဂါ(၇)ပါး ပြင်ဆင်ရန်

စစ်အစီအရင် (၇)ပါး မှ စစ်အင်္ဂါ(၇)ပါးသည် စစ်စတင်တိုက်သည် ဆိုသည်နှင့် သုံးစွဲကိုင်တွယ်ရသည့် အချက်အလက်များ ဖြစ်သည်။

  1. စစ်ဖျား စစ်လျင်
  2. စစ်၏ ရင်ဝ
  3. စစ်၏ ပခုံး
  4. စစ်၏ နံပါး
  5. စစ်၏ ဝမ်း
  6. စစ်၏ ကျောက်ကုန်း(ကျောကုန်း)
  7. စစ်ခံတပ် တို့ဖြစ်သည်။

စစ်ချီခြင်း(၄)ပါး ပြင်ဆင်ရန်

စစ်ချီစစ်ရေး ပြနည်းမျိုး ၄-ပါး။ ။

၁။ သမကဒဏ္ဍဗျူဟာ- ရှားလှင်ကန်ကဲ့သို့ အစီအရီ စစ်ဖျား စစ်ရင်းတညီတည်း တန်းခွဲတန်းပြောင်းပြု၍ချီခြင်း၊

၂။ ပါသာဒိကဗျူဟာ- ပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊

၃။ စင်္ကောဋက ဗျူဟာ- ပန်းပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊

၄။ ဒိင်္ဂဗျူဟာ- မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။

စစ်ကပ်ခြင်း(၂)ပါး ပြင်ဆင်ရန်

၁။ စန္ဒကဗျူဟာ- လမင်းကို ကြယ်နက္ခတ်ခြံရံသကဲ့သို့၊ မင်း စစ်သူကြီးကို အလယ်ကထား၍ ကပ်ခြင်း။

၂။ ပဘင်္ကရဗျူဟာ- နေမင်းကဲ့သို့ ကြယ်နက္ခတ်မရံဘဲမင်း စစ်သူကြီးတို့ ရှေ့တည်၍ကပ်ခြင်း။

စစ်ထိုးခြင်း(၆)ပါး ပြင်ဆင်ရန်

ဇာတက အဋ္ဌကထာ ဒု-အုပ်။ ၃၆၃။ စစ်တက်စစ်ချီ စစ်ရေးခင်းနည်း ၃-ပါး။

၁။ ပဒုမဗျူဟာ- ပဒုမ္မာကြာပွင့်ချပ်ကဲ့သို့ အထပ်ထပ်လှည့်၍စစ်ဆင်ခြင်း၊

၂။ စက္က ဗျူဟာ- စက်ဝန်း စက်ဝိုင်းလချမ်း ပ, စောက် သဏ္ဌာန်ကဲ့သို့စစ်ဆင်ခြင်း၊

၃။ သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ အလယ်ရှူး၍ ဝဲ, ယာတောင်ပံဖြန့်ကာ စစ်ဆင်ခြင်း။


လောကဗျူဟာကျမ်းမှာ အကျယ်ရှု။

၁။ ဒိဇာဒိပဗျူဟာ- ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊

၂။ ဝါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲစစ်ထိုးနည်း၊

၃။ ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊

၄။ ဓနုက ဗျူဟာ- တင်ထားသော လေးညှို့ကဲ့သို့ ပစောက် လရေး ကွေးပုံ စစ်ထိုးနည်း၊

၅။ မကာရဗျူဟာ- မကာရ်းကွက်ကဲ့သို့ အထပ်ထပ် စစ်ထိုးနည်း၊

၆။ ဘုဇကဗျူဟာ- မြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။

စစ်ခံခြင်း(၆)ပါး ပြင်ဆင်ရန်

သူထိုးလာသောစစ်ကိုကြည့်၍ သင့်သလိုခံတိုက်ရမည်ဟု လောကဗျူဟာကျမ်း၌ပြ၏။

၁။ နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊

၂။ ဝိစ္ဆိကဗျူဟာ- ကင်းမြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ဝဲယာထောင်၍ခံခြင်း၊

၃။ သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ ဝဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊

၄။ မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တဝန်းတစုတည်းခံခြင်း၊

၅။ စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊

၆။ ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။

စစ်ဖျက်ခြင်း(၆)ပါး ပြင်ဆင်ရန်

စစ်ပြန်ခြင်း(၆)ပါး ပြင်ဆင်ရန်

(၁) အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ဝါးမျိုဖျက်ဆီး၍ဆုတ်ပြန်ခြင်း၊

(၂) အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊

(၃) သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊

(၄) သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊

(၅) မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊

(၆) စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မေမြို့မိုးကြည် ၏ မြန်မာ့ စစ်ပညာ (ဟံသာဝတီ ပုံနှိပ်တိုက်၊၁၉၆၄၊ဖေဖော်ဝါရီလ)