မြလွင်၊ မ၊ ကောလိပ်စိန် (မြန်မာ ၁၂၆၈ - ၁၃၂ဝ) ပြင်ဆင်ရန်

မမြလွင်သည် နာမည်ကျော် ဇာတ်မင်းသားကြီး ဘုရားတကာ ဦးဘိုးစိန်နှင့် တွဲဖက်ကပြခြင်းကြောင့် နာ်မည်ရသောဇာတ်မင်းသမီးကြီးဖြစ်၍ အမည်ရင်း မမြလွင်ထက် ကောလိပ်စိန်ဟူသော အမည်ဖြင့် ပိုမို လူသိများ ထင်ရှားပေသည်။ ဦးဘိုးစိန်သည်ငယ်စဉ်က ယောက်ျားမင်းသမီး အောင်ဗလနှင့်လည်းကောင်း၊ မင်းသမီး မငွေစိန်နှင့်လည်းကောင်း တွဲဖက်ကပြခဲ့ရာတွင် ဘိုးစိန် -အောင်ဗလ၊ ဘိုးစိန် - ငွေစိန်ဟူ၍ အမည်များ ဒွန်တွဲကျော်ကြားခဲ့ပြီးနောက် မြောက်မြားစွာ သော မင်းသမီးတို့နှင့်တွဲ၍ ကပြခဲ့သော်လည်း ကော်လိပ်စိန် အမည်ခံ မမြလွင်နှင့် တွဲ၍ ကသောအခါ ပရိသတ်အများ သဘောကျ နှစ်ခြိုက်ကြသဖြင့် ဘိုးစိန် - ကောလိပ်စိန်ဟူ၍ ထင်ရှားလာပေသည်။


မမြလွင်သည် သက္ကရာဇ် ၁၂၆၈ ခုနှစ် ဝါခေါင်လဆန်း ၈ ရက်နေ့တွင် ဝါးခယ်မ မြို့အပိုင် ထိပနန်းရွာတွင် ဇာတ်မင်းသားကြီး အဖ ဦးဘိုးရုန်းနှင့် မိန်းမ ဇာတ်မင်း သား အမိ ဒေါ်မှန်တို့မှ ဖွားမြင်သည်။ မွေးချင်း ၃ ယောက်အနက် တစ်ဦးတည်း သောအထွေဆုံး သမီးဖြစ်၏။ မမြလွင်အသက် ၇ နှစ်အရွယ်တွင် ဝါးခယ်မမြို့ပေါ်၌ တိုက်ပိုင် အင်စပက်တော် (ယခုအခေါ် ရဲမှူး) ဦးဘိုးစ ဆိုသူသည်အရပ်အငြိမ့် ကလေးထောင်ခဲ့ရာ မမြလွင်ကလေးသည် ဇာတ်စင်ပေါ်းတက်ကာ ကပြ အသုံးတော် ခံခဲ့လေသည်။ ထိုနောက် ၁ဝ နှစ်အရွယ်တွင် တလိုင်း မြကြင်၏ အငြိမ့်အဖွဲ့၌ လက်ထောက်အဖြစ်ဖြင့် ကပြနေစဉ်တွင် ရန်ကုန်မြို့ ၁၄ လမ်းမှ အငြိမ့်ဆရာဦးဘိုးသင်ကခေါ်ခဲ့၍ ခေါင်းဆောင်မင်းသမီး 0x100သဘာညွန့်၏ လက်ထောက်အဖြစ် လူရွှင်တော် ဦးစိန်ကုံး၊ ဦးဗလကြီးတို့နှင့်အတူ မြလွင်အမည် ဖြင့် ကပြခဲ့သည်။ ထိုသို့ကခဲ့ရာ၌ ကောလိပ်ကျောင်းပွဲအများအပြား၌ ကပြခဲ့ရပြီး လျှင် ကျောင်းသားများ သဘောကျကြသောကြောင့်ကောလိပ်စိန်ဟူသော အမည်ကို ရခဲ့လေသည်။ ထိုစဉ်အခါက မမြလွင်သည် အသက်အရွယ်အားဖြင့် ၁၂ နှစ် ၁၃ နှစ်ခန့်သာရှိသေး၏။ မမြလွင်သည် ၁၂၈၂ ခုနှစ်လောက်တွင် ဦးစိန်ကုံးကို အကြောင်းပြု၍ ဦးဘိုးစိန် ဇာတ်အဖွဲ့သို့ ရောက်သွားလေသည်။ဦးဘိုးစိန်၏ ဇာတ်ထဲရောက်ခါစ အချိန်က မမြလွင်သည် ယိမ်းခေါင်းဆောင်၊ လက်ထောက်မင်းသမီးကလေးဘဝနှင့် အငြိမ့် ခန်းများ၊သားတော် သမီးတော်ခန်းများတွင် ပါဝင် ကပြခဲ့ရ၏။ အိုးစည်ယိမ်းတွင် တစ်ယောက်တည်းထွက်ကာ ဦးဘိုးစိန် တီထွင် သင်ပြပေးသည့်အတိုင်း လင်း ကွင်းတီး၍ ကပြရာ၌ သူမတူအောင် ထူးချွန်ရကား ယနေ့တိုင် ကောလိပ်စိန် လင်းကွင်းတီးဟန်ဟူ၍ တွင်ခဲ့ပေသည်။ မယ်ဟေမာဇာတ်ကို ဦးဘိုးစိန် ထွင်ပြီး လျှင် ဓမ္မစကြာသုတ်ကို မင်းသမီး ၄ ယောက်အား အကျက်ခိုင်းရာတွင် မမြလွင် သည် ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင်ကပြခဲ့ရလေသည်။ မမြလွင်သည် ကြိုးစားမှုကြောင့် ၁၉ နှစ်အရွယ်မှ စ၍ ဦးဘိုးစိန်နှင့် တွဲ၍ ကလာ နိုင်သည်။ အကတွင် ဦးဘိုးစိန်၏ကဟန်များကို ထက်ကြပ်မကွာလိုက်နိုင်သဖြင့် ၂၅ နှစ်အရွယ်တွင် ဦးဘိုးစိန်မျက်နှာလွဲနိုင်လောက်အောင် အရည်အခြင်း ပြည့်လာ သည်။ မမြလွင်သည် ရုပ်ရည်လည်း တင့်တယ်၍ အသံလည်း အောင်၏။ ယိမ်း ကကွက်များ တီးလုံးတိုက်ရာ ဇာတ်တိုက်ရာတွင်သာမက အမျိုးသမီးပိုင်း အုပ်ချုပ် ်ရေးတွင်ပါ တာဝန်လွှဲအပ်ခြင်း ခံခဲ့ရ၏။ အနေကြာသဖြင့် ဦးဘိုးစိန်၏ သမီးတစ် ယောက်သဖွယ်ဖြစ်လာကာ ဦးဘိုးစိန်၏ သားသမီးများကလည်း အစ်မကြီးသဖွယ် ခင်မင်ကြ၏။ ဦးဘိုးစိန်၏သား ကနက်စိန် ဇာတ်ခုံပေါ်ရောက်လာသောအခါတွင် ဖခင်ကိုယ်တိုင် သင်ပြခြင်း မပြုနိုင်သော အချိန်များ၌ မမြလွင်ကပင် သင်ကြား ပြသ ပေးရ၏။ မမြလွင်သည်ယောက်ျားကဟန်မျာတွင်လည်း ကောင်းမွန်နိုင်နင်းစွာ ကတတ်သူ ဖြစ်၏။ ဒုတိယ ကမ္ဘာစစ် ဖြစ်လာသောအခါ မမြလွင်သည် ဝါးခယ်မ မြို့သို့ ပြန်နေစဉ် ရောဂါဖိစီးလာသဖြင့် သဘင်အလုပ်ကို စွန့်လွှတ်လိုက်ရလေ သည်။ ထိုအခိုက် တရားအားထုတ်၍ သံဃာများအာ နိစ္စဘတ်ဆွမ်းလှူ၍ ဒါနပြု သည်။ ထို့ပြင် မိမိဇာတိရပ်ရွာ၌ ဓမ္မာရုံတစ်ခုနှင့် စာသင်ကျောင်းတစ်ခု ဆောက် ်လုပ် လှူဒါန်းခဲ့သည်။ မမြလွင်သည် ၁၃၂ဝ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့တွင် ဝါးခယ်မမြို့၌ ကွယ်လွန်လေသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)