မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ

မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (အင်္ဂလိပ်: Mro National Development Party; MNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၈၈၈၈ အရေးအခင်း ပြီးနောက်တွင် မြို (ခေါ်) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (Mro or Khami National Solidarity Organisation) ကို ဦးစံသာအောင်မှ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၂ တွင် စတင်တည်ထောင်ခဲ့သည်။[၁] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် လေးနေရာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ[၂] ကျောက်တော်မြို့နယ်တွင် တစ်နေရာ အနိုင်ရခဲ့သည်။[၁]

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီကို ထပ်မံမှတ်ပုံတင်ခဲ့ပြီး[၃] ကိုးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။[၄]

၂၀၁၄ ခုနှစ်တွင် ပါတီကို မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အဖြစ် အမည်ပြောင်းလဲခဲ့သည်။[၄] ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမတ်လောင်း ခြောက်ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။[၄]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ 1990 multi-party democracy general elections Democratic Voice of Burma
  2. Robert H Taylor (2009) The State in Myanmar, NUS Press
  3. Mro or Khami National Solidarity Organization Archived 22 December 2015 at the Wayback Machine. Mizzima
  4. ၄.၀ ၄.၁ ၄.၂ Mro National Development Party Archived 22 December 2015 at the Wayback Machine. Myanmar Now, 12 March 2015