မြို့ထောင့်စေတီ
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ရွှေဘိုမြို့၏ အရှေ့ မြောက်ဘက်တွင် တည်ရှိသည်။ အလောင်းမင်းတရား တည်ထားခဲ့သည်။ အလောင်းမင်းတရားသည် ဟံသာဝတီ(ပဲခူး)တွင် နေထိုင်စဉ် ရွှေမော်ဓောဘုရားအား ဖူးမြော်ခဲ့ပြီး ကြည်ညိုသဒ္ဓါပွားများကာ ရွှေဘိုသို့ ပြန်လည်အရောက်တွင် တည်ထားကိုးကွယ်ခဲ့သည်။[၁] မူလက မော်ဓောမြင်သာစေတီတော်ဟု ဘွဲ့အမည်ထားခဲ့သော်လည်း နောက်ပိုင်းတွင် မြို့ထောင့်စေတီဟုသာ အမည်တွင်ခဲ့သည်။
မြို့ထောင့်စေတီ သည် ရွှေဘိုမြို့၏ အရှေ့မြောက်ထောင့်အရပ်တွင် ရှိပြီး ရွှေဘိုသမိုင်းတွင် အရေးပါသည့် စေတီတစ်ဆူဖြစ်သည်။[၂] ဘုရားပွဲတော်ကို နှစ်စဉ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့မှ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပကာ အထက်အညာဒေသတစ်လျှောက်အလွန်စည်ကားသည့် ဘုရားပွဲတော်ထဲပါသည်။ [၃]
ဘုရားပွဲတော်၌ ခြင်းအလှခတ်ပြပွဲများ၊ လှေလှော်ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ ရွှေဘိုမြို့သမိုင်းဝင် မော်ဓောမြင်သာ မြို့ထောင့်စေတီကို ဆီမီး ၉၀၀၀ ပူဇော်။ DVB (၁၃ အောက်တိုဘာ ၂၀၁၉)။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တတိယ မြန်မာနိုင်ငံတော်၏ ပထမမြို့တော် ရွှေဘို (အပိုင်း ၄)။ Mizzima Burmese (၁၀ ဇွန် ၂၀၁၇)။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရွှေဘိုရှိ မြို့ထောင့်စေတီဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနေ။ Myanmar Digital News (၂၆ စက်တင်ဘာ ၂၀၁၉)။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရွှေဘိုမြို့ထောင့်စေတီဘုရားပွဲကျင်းပ။ MOI Myanmar။ ၁ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။