မြို့ပြစစ်ဆင်ရေး ဆိုသည်မှာ မြို့များ နှင့် မြို့တော်များ ကဲ့သို့သော မြို့ပြဒေသများတွင် ဖော်ဆောင်သော တိုက်ခိုက်မှု ဖြစ်သည်။ ။ မြို့ပြတိုက်ခိုက်ရေးသည် စစ်ဆင်ရေး နှင့် နည်းဗျူဟာ အဆင့်နှစ်ခုစလုံးတွင် ဟင်းလင်းပြင်တွင် တိုက်ခိုက်ခြင်းနှင့် ကွဲပြားသည်။ မြို့ပြစစ်ပွဲများတွင် ပါဝင်သည့် ရှုပ်ထွေးသောအချက်များမှာ အရပ်သားများ ရှိနေခြင်းနှင့် မြို့ပြမြေပြင် ၏ ရှုပ်ထွေးမှုတို့ ဖြစ်သည်။ မြို့ပြတိုက်ခိုက်ရေး နှင့် ပတ်သက်သော စစ်ဆင်ရေးများသည် မြို့ပြဒေသတစ်ခုအား ပိုင်ဆိုင်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းနှင့် ဆက်စပ်သော မဟာဗျူဟာ သို့မဟုတ် နည်းဗျူဟာဆိုင်ရာ အားသာမှုကို မြှင့်တင်ရန် သို့မဟုတ် ရန်သူအား ထိုသို့ အားသာမှု မရရှိစေရန် အတွက် ကာကွယ်ရန် ဖြစ်နိုင်သည်။ []

၁၉၈၉ ခုနှစ်တွင် အမေရိကန်ကြည်းတပ် ၏ M113 တင့်ကားအား ပနားမားတွင် တွေ့ရပုံ။

မြို့ပြဒေသများတွင်တိုက်ပွဲများသည် တစ်ဘက်၌ သံချပ်ကာ၊ လက်နက်ကြီးများ သို့မဟုတ် လေကြောင်းထောက်ကူမှုတို့ ရှိနေသည့် အားသာချက်များကို လျော့ကျထိခိုက်စေသည်။ လက်ကိုင်တင့်ကားဖျက်လက်နက်များ ကိုင်ဆောင်ထားသော စစ်သားအုပ်စုငယ်များက ဆောင်ရွက်သည့် ချုံခိုတိုက်ခိုက်မှုများသည် ( ဂရော့ဇနီ ပထမတိုက်ပွဲ တွင်ပြုလုပ်သကဲ့သို့) ခေတ်သစ်သံချပ်ကာ ကားတန်း တစ်တန်းလုံးကိုဖျက်ဆီးပစ်နိုင်သည်။ လက်နက်အင်အား သာလွန်နေသောဘက်မှ အရပ်သားတို့၏ ထိခိုက်သေဆုံးမှုကို နည်းနိုင်သမျှ နည်းအောင် ထိန်းသိမ်းတိုက်ခိုက်လိုပါက လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူများကို သိသာစွာ လျှော့ချ အသုံးပြုရသည်။ သို့သော်လည်း ကာကွယ်သောဘက်မှမူ ထိုသို့ လျှော့ချရန် မလိုအပ်ပေ။ (တစ်ခါတစ်ရံ လူသားဒိုင်းကိုပင် အသုံးပြုတတ်ကြသည်။)

အချို့ကအရပ်သားများ ထိုကဲ့သို့သော တိုက်ပွဲဝင် လက်နက်ကိုင်များ ဖြစ်သော စစ်သွေးကြွများမှ ခွဲခြားရန် ခက်ခဲ့သည်။ အထူးသဖြင့် မိမိတို့နေအိမ်အား တိုက်ခိုက်သူများမှ ကာကွယ်သော သူများနှင့် ခွဲခြားရန် ခက်ခဲ့သည်။ နည်းဗျူဟာများသည် သုံးဖက်မြင် ဖြစ်နေသော ပတ်ဝန်းကျင်၊ အဆောက်အဦးများကြောင့် ကွယ်နေသောမြင်ကွင်း၊ မီးလောင်နေသော အဆောက်အဦးများ ၊ ကာကွယ်သူများဘက်မှ ပိုမိုပုန်းအောင်း၍ ကောင်းသော နေရာများ နှင့်အကာအရံများ၊ မြေအောက်ရှိ အခြေခံအဆောက်အအုံများနှင့် လက်ဖြောင့်တပ်သားများနှင့် အယောင်ဆောင်ဗုံးများကို နေရာချရန် လွယ်ကူခြင်း တို့ကြောင့် ရှုပ်ထွေးသည်။