မြို့ပြမုဆိုး (ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ)
မြို့ပြမုဆိုးသည် တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၁ခုနှစ် မေလ၂၅ရက်နေ့မှ ဇူလိုင် ၂၈ရက်နေ့အထိထုတ်လွှင့်ပြသခဲ့သောဇာတ်လမ်းတွဲဖြစ်သည်။လီမင်ဟိုနှင့် ပတ်မင်ယောင်းတို့မှ သရုပ်ဆောင်ထားသည်။ ဂျပန်ကာတွန်း City Hunter ကိုအခြေခံ၍ရိုက်ကူးထားခြင်းဖြစ်သည်။
မြို့ပြမုဆိုး City Hunter | |
---|---|
အမျိုးအစား | အက်ရှင် သည်းထိတ်ရင်ဖို အချစ် |
ရေးသားသူ | Hwang Eun-kyung Choi Soo-jin |
ဒါရိုက်တာ | ဂျင်ဟော့ |
သရုပ်ဆောင် | လီမင်ဟို ပတ်မင်ယောင်း |
အဖွင့်တီးလုံး | "It's Alright" by Yang Hwa-jin |
အပိတ်တီးလုံး | "Suddenly" by Kim bo-kyung |
နိုင်ငံ | တောင်ကိုရီးယား |
ဘာသာစကား | ကိုရီးယား |
အပိုင်းပေါင်း | ၂၀ |
ထုတ်လုပ်မှု | |
အမှုဆောင် ထုတ်လုပ်သူ | Kim Eui-joon |
ထုတ်လုပ်သူ | Kim Young-sup Sebastian Dong-hun Lee |
ရိုက်ကူးသည့် နေရာ | ကိုရီးယားနိုင်ငံ၊ထိုင်းနိုင်ငံ |
ပြသချိန် | Wednesdays and Thursday at 21:55 (KST) |
ထုတ်လုပ်သည့် ကုမ္ပဏီ | SSD |
ထုတ်လွှင့်မှု | |
မူရင်းရုပ်သံလိုင်း | SBS |
မူလပြသမှု | ၂၅ မေ ၂၀၁၁ | – ၂၈ ဇူလိုင် ၂၀၁၁
ဇာတ်လမ်းတွဲစဉ် | |
ယခင်ဇာတ်လမ်း | 49 Days |
ပြင်ပလင့်(ခ်)များ | |
ဝက်ဘ်ဆိုဒ် |
အကျဉ်းချုပ်
ပြင်ဆင်ရန်သမ္မတ ဦးစန်းယုလက်ထက်က ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သည့်အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုမှစတင်ခဲ့သည်။၁၉၈၃ အောက်တိုဘာတွင် မြန်မာပြည်သို့ တောင်ကိုရီးယားသမ္မတ ခေါင်းဆောင်သောသံအဖွဲ့လာရောက်ကြသည်။ထိုတောင်ကိုရီးယားသမ္မတအားလုပ်ကြံရန်မြောက်ကိုရီးယားမှ လုပ်ကြံသူ၃ဦးစေလွှတ်ခဲ့သည်။ကံကောင်းစွာပင် သမ္မတမှာသေဆုံးသွားခြင်းမရှိပေ။သို့သော် အဆင့်မြင့်အရာရှိများသေဆုံးသွားခဲ့သည်။ထိုအကြောင်းကိုမကျေနပ်၍မြောက်ကိုရီးယားထိပ်တန်းအရာရှိများအားလုပ်ကြံရန်တောင်ကိုရီးယား ထိပ်တန်းအရာရှိ ၅ဦးမှာ လျှို့ဝှက်စစ်ဆင်ရေးတစ်ခုဆင်နွှဲခဲ့ကြသည်။ပြဿနာတစ်ခုမှာ ထိုကိစ္စကို လူသိရှင်ကြားလုပ်ပါက အမေရိကန်နှင့် နယူးကလီးယားကာကွယ်ရေးကိစ္စပြဿနာတက်မည်စိုး၍တိတ်တဆိတ်လုပ်ဆောင်ခဲ့သည်။ထိုတပ်ဖွဲ့ကို မြန်မာပြည်တွင်လုပ်ကြံမှုမှ လွတ်မြောက်လာသည့် သမ္မတသက်တော်စောင့်၂ဦးဖြစ်သော လီဂျင်ဖြိုနှင့် ပတ်မူယောင်းမှဦးဆောင်သည်။စစ်ဆင်ရေးအောင်မြင်သော်လည်း လီဂျင်ဖြိုတစ်ယောက်သာအသက်ရှင်ခဲ့သည်။ စစ်ဆင်ရေးတွင်ပါဝင်သော လူ၂၁ယောက်လုံး၏အချက်အလက်များကိုဖျောက်ခဲ့ကြသည်။လီဂျင်ဖြိုမှာ ပတ်မူယောင်း၏မွေးစ ကလေးငယ်ကိုခိုးယူမွေးစားကာ မြန်မာ၊ထိုင်း၊လာအိုနယ်စပ်ရှိ ရွှေတြိဂံဒေသတွင်သွားရောက်အခြေချကာ ဒုစရိုက်လုပ်ငန်းများဖြင့်ချမ်းသာလာသည်။ကလေးကိုလည်း လီယွန်းဆန်းဟုအမည်ပေးကာ ပြုစုပျိုးထောင်ခဲ့သည်။အမေရိကန်၊မတ်ဆာချူးဆတ်မှMIT နည်းပညာတက္ကသိုလ်မှ ဘွဲ့ရပြီးနောက် တောင်ကိုရီးယားနိုင်ငံ၊အိမ်ပြာတော်တွင် အလုပ်ဝင်ရောက်ကာ လက်တုံ့ပြန်ရန်အစီအစဉ်စတင်ခဲ့သည်။လီမှ ကိုရီးယားသို့သွားမည်သူ၏သားကိုအချစ်ကိုမယုံဘဲ လက်တုံ့ပြန်မည့်အစီအစဉ်ကိုသာအာရုံစိုက်ရန်သင်ပေးလိုက်သည်။
အိမ်ပြာတော်တွင် လီယွန်းဆန်းမှာ သက်တော်စောင့်ကင်နာနာနှင့်တွေ့ဆုံခဲ့သည်။နောက်တွင် ရည်ရွယ်ချက်တူနေ၍ လက်တုံ့ပြန်မည့်အစီအစဉ်တွင် ကင်နာနာပါ ပါဝင်လာသည်။ထိုမှ တစ်ဆင့်အရာရှိ ၅ဦးကိုတစ်ဦးချင်းသတ်ခဲ့သည်။
နောက်ဆုံးတွင် လီယွန်းဆန်းမှာ ပတ်မူယောင်း၏သားမဟုတ်ဘဲ လက်ရှိသမ္မတ ချွိုင်အွန်းချန်း၏သားဖြစ်နေသည်။ချွိုင်မှာ စစ်ဆင်ရေးစေလွှတ်သူအရာရှိ ၅ယောက်တွင်ပါဝင်ခဲ့ကာ သူမှာစစ်ဆင်ရေးကိုရပ်ခဲ့ချင်သော်လည်းအခြား၄ယောက်က ဆက်လက်စေလွှတ်ခဲ့သည်။နောက်ဆုံးတွင် လီယွန်းဆန်းလုပ်ကြံရမည့်သူမှာ သူ၏ဖခင်ဖြစ်နေလေသည်။
ရိုက်ကူးခြင်း
ပြင်ဆင်ရန်အဓိက
ပြင်ဆင်ရန်- လီမင်ဟို~ လီယွန်းဆန်း၊ပူချိုင်း (ထိုင်းအမည်)
- ပတ်မင်ယောင်း~ကင်နာနာ
သမ္မတ သက်တော်စောင့်
- လီဂျွန်ယောက်~ ကင်ယွန်ဂျူ
အရာရှိ၅ယောက်သေဆုံးသောအမှုကိုစုံစမ်းနေသော စုံစမ်းရေးမှူး
- ကင်ဆန်ဂျိုး~လီဂျင်ဖြို
ယခင်ကသမ္မတသက်တော်စောင့်ဖြစ်ပြီး စစ်ဆင်ရေးအပြီးလက်တုံ့ပြန်ရန်ကြိုးပမ်းခဲ့သူ
- ကင်ဆန်းဟို~ဘယ်မန်ဒေါက်
ထိုင်းတွင် လီယွန်းဆန်းမှကယ်တင်ခဲ့ပြီး လီယွန်းဆန်း၏ထမင်းချက်ဖြစ်လာသူ
- ချွန်ဟွန်ဂျင်း~ချွိုင်အွန်းချန်း
မျက်မှောက်ခေတ် သမ္မတ၊လီယွန်းဆန်း၏ အဖေအစစ်