မြို့ဝန် ပြင်ဆင်ရန်

မြို့ဝန်ရာထူးကို ယေဘုယျအားဖြင့် မြို့ဝန်ဟူ၍ သာခေါ်ဆိုကြသော်လည်း အမိန့်တော်ပြန်တမ်းများ၌ ရွှေမြို့တော်ဝန်ဟု ဖော်ပြလေ့ရှိသည်။ မြို့ဝန်ရာထူးကို ညောင်ရမ်းခေတ်ကပင် အထင်အရှားတွေ့ရှိရ၏။ အစောဆုံးခန့်အပ်ခံရသူ မြို့ဝန်မှာ မင်းရဲကျော်စွာ ( ၁၆၃၇ - ၁၉၆၈ ) လက်ထက် မြို့ဝန်ရာထူးရရှိခဲ့သူ နေမျိုးကျော်ထင် ဖြစ်ဟန်ရှိသည်။

ရွှေမြို့တော်ဝန်ဇေယျကာမဏိ ပြင်ဆင်ရန်

တနဂင်နွေမင်း ( ၁၇၁၄ - ၁၇၃၃ ) လက်ထက်တွင် ဆင်ဝန်ဇေယျကာမဏိအား စလေ မြို့စားရွှေမြို့တော်ဝန် အရာခန့်အပ်ခဲ့သည်။ ရာထူးအားဖြင့်မြို့တော်ဝန်ဖြစ်ပြီး စလေ မြို့မှ ကောက်ခံရရှိသော အခွန်အကောက်များကို ခံစားခွင့်ရသူဟုဆိုနိုင်သည်။ ဇေယျကာမဏိမှာ ရွှေမြို့တော်ဝန်အဖြစ် အမှုထမ်းလျက်ရှိရာမှ မကြာမီဝန်ကြီးရာထူး တိုးမြှင့်ခန့်အပ်ခံခဲ့ရ၏။

ညောင်ရမ်းခေတ်မြို့ဝန်များ ပြင်ဆင်ရန်

ညောင်ရမ်းခေတ်တစ်လျှောက်တွင် မြို့ဝန်ရာထူးအချို့ကို တွေ့ရှိရသည်။ မဟာဓမ္မရာဇာဓိပတိမင်းလက်ထက် ၁၂ နိုဝင်ဘာ ၁၇၅၃ တွင် ရှေ့ဝင်မှူးလက်ဝဲရန္တသူအား မြို့တော်ဝန်အရာခန့်အပ်ခဲ့သည်။ မဟာဓမ္မရာဇာဓိပတိမင်းသည် သူ၏ ထီးနန်းစိုးစံစဉ်ကာလတစ်လျှောက် အုပ်ချုပ်ရေးဆိုင်ရာအမိန့်တော်တစ်ခုသာ ထုတ်ခဲ့ဖူးကြောင်း တွေ့ရှိရသည်။ ယင်း အမိန့်တော်တွင် မြို့ဝန်တိုသည် ရွှေမြို့တော်အနီးဝန်းကျင်၌ ခိုးသားဓားပြမပေါ်ထွက်စေရန် မပြတ်ကြည့်ရှုကြရမည်ဖြစ်ကြောင်း ပါရှိသည်။ မဟာဓမ္မရာဇာဓိပတိမင်း၏ အမိန့်တော်အရ ညောင်းရမ်းခေတ်နှောင်းကာလတွင် မြို့ဝန်တစ်ဦးထက် မနည်းခန့်အပ်ခဲ့သည်ဟု မှန်ဆရ၏။

စာမဖတ်သောမြို့ဝန် ပြင်ဆင်ရန်

မဟာဓမ္မရာဇာဓိပတိမင်း ( ၁၇၃၃ - ၁၇၅၂ ) သည် ပျို့အလင်္ကာ၊ မော်ကွန်း၊ ဧချင်း၊ သီးချင်းစာပေများတွင် အလွန်စိတ်ဝင်စားသူဖြစ်သည်။ သို့ဖြစ်၍ သူ၏အမိန့်တော်အများစုတွင် ပျို့၊ အလင်္ကာ၊ မော်ကွန်း စသည်တို့အား ကိုးကားဖော်ပြလေ့ ရှိတက်ပါသည်။ ထိုခေတ်ကမြို့ဝန်များ စာပေဖတ်ရှုလေ့လာကြဟန်တူပါ။ ဘုရင်မင်းမြတ်အနဖြေင့် ဤကိစ္စအပေါ်အားမလိုအားမရ ဖြစ်မိဟန်တူသည်။ အမိန့်တော်တစ်ဆောင်တွင် “ ပျို့အလင်္ကာသမိုင်းမော်ကွန်အစောင် စောင်စပ်ဟပ်၍ရှိသည်ကို မြို့ဝန်၊ လက်မထောက်မှူး၊ ထောင်စချီ၊ မြို့ဝန်စာရေးတို့သည် မလေ့လာမကြည့်မရှုသောကြောင့် ပေါ့လျေ့သည်ထင်သည်။ ဝန်တိုမှာ လက်မထောက်မှူး၊ ထောင်စာချီ၊ မြို့ဝန်စာရေးတို့ကို သိသာအောင်ပြသပြန်ဆိုရသည်။ မြို့ဝန်တို့ ပျို့အလင်္ကာကို မလေ့မလာမကြည့်မရှုလျှင် ဝန်တို့မှာ လက်မထောင်မှူး၊ ထောင်မှူး၊ ထောင်စာချီ၊ မြို့ဝန်စာရေးတို့ကို သတိရအောင်ဆိုမိန့်ရမည် ” ဟူ၍ ဖော်ပြပါရှိ၏။

ကုန်းဘောင်ခေတ်မြို့ဝန်များ ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်တစ်လျှောက်တွင် ယေဘုယျအားဖြင့် မြို့ပြင်လေးရပ်၌ မြို့ဝန်လေးဦးစီ ခန့်အပ်ခဲ့သည်ဟု ဆိုနျုင်ပါသည်။ သို့သော်အချို့သော မင်းများလက်ထက်တွင် အပြည့်အဝ ခန့်ထားမှုမရှိခဲ့ကြောင်း တွေ့ရှိရ၏။ ယခု ကုန်းဘောင်ခေတ်မင်းများလက်ထက် မြို့ဝန်ရာထူးဖြင့် အမှုထမ်းခဲ့ဖူးသူများကို ရှာဖွေတွေ့ရှိသ၍ စုစည်းတင်ပြထားသည်။ ဤစာရင်းတွင် ဖြည့်စွက်စရာ များစွာကျန်ရှိနေဦးမည် ဖြစ်သည်။

အလောင်းမင်းတရား ( ၁၇၅၂ - ၁၇၆၀ ) ပြင်ဆင်ရန်

အလောင်းမင်းတရားလက်ထက် မြို့ဝန်အဖြစ်အမှုထမ်းခဲ့ဖူးသူများမှာ

  1. ဇေယရန္ဒသူ
  2. လက်ယာစည်သူ
  3. လက်ဝဲစည်သူ
  4. နေမျိုးဇေယကာမဏိ

တို့ဖြစ်ကြသည်။ ၁၉ အောက်တိုဘာ ၁၇၅၇ တွင်ထုတ်ပြန်ခဲ့သည့် အမိန့်တော်တွင် မြို့ဝန်ဇေယရန္တသူနှင့် မြို့ဝန်လက်ယာစည်သူတို့အား ဆင်းရဲသားများကို မတရားနှိပ်စက်လျှင် မင်းဆွေမင်းမျိုးပင် ဖြစ်စေကာမှု အပြစ်ပေးရန်ဖော်ပြထား၏။ ရွှေဘိုနယ် ဒင်းတဲရွာတွင် အလောင်းမင်းတရား၏ ညီတော် သတိုးသခင်သူ၏ သားသမီးများက ဒေသခံ ရွာသူရွာသားများအား နှိပ်စက်စော်ကားကြောင်း ကြားသိရ၍ ယင်းသို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဒီပဲယင်းမင်း ( ၁၇၀၆ - ၁၇၆၃ ) လက်ထက်တွင် ခမည်းတော် အလောင်းမင်းတရားလက်ထက် မြို့ဝန်များကိုပင် ဆက်လက်ခန့်အပ်ခဲ့ဟန်တူသည်။ နေမျိုးဇေယကာမဏိကို မြို့ဝန်ဆက်ခန့်ကြောင်း ကုန်းဘောင်မင်း ( ပထမတွဲ ) စာ - ၂၆၈၌ တွေ့ရှိရသည်။

မြေဒူးမင်း ( ၁၇၆၃ - ၁၇၇၆ ) လက်ထက် ပြင်ဆင်ရန်

ဆင်ဖြူရှင် ( မြေဒူးမင်း ) နန်းတက်လာပြီနောက် အသစ်ခန့်အပ်ခဲ့သည့် မြို့ဝန်များမှာ

  1. နေမျိုးဇေယျကာမဏိ
  2. ဥတ္တမသီရိဇေယသူရ

တို့ဖြစ်ကြသည်။ ဤတွင် မြို့ဝန်နေမျိုးဇေယကာမဏိသည် အလောင်းမင်းတရားလက်ထက်နှင့် ဒီပဲယင်းမင်း ( နောင်တော်ကြီး) တို့လက်ထက်၌ မြို့ဝန်ဖြစ်ခဲ့သူဖြစ်သည်။ နောက်ပိုင်း နေမျိုးဇေယကာမဏိကို ဝန်ကြီးရာထူးခန့်အပ်ခဲ့သည်။

စဉ့်ကူးမင်း ( ၁၇၇၆ - ၁၇၈၂ ) လက်ထက် ပြင်ဆင်ရန်

စဉ့်ကူးမင်းလက်ထက်မြို့ဝန်အဖြစ် အသစ်ခန့်အပ်ခံခဲ့ရသူများမှာ

  1. ဇေယကာမဏိ
  2. မင်းလှရွှေတောင်ကျော်

တို့ဖြစ်ကြ၏။ ဖောင်းကားစားမောင်မောင်မှာ ၇ ရက်မျှသာထီးနန်းစိုးစံခဲ့ရာ မြို့ဝန်ရာထူးပင် ခန့်အပ်နိုင်ခြင်း မရှိပါ။

ဗဒုံမင်း ( ၁၇၈၂ - ၁၈၁၉ ) လက်ထက် ပြင်ဆင်ရန်

ဗဒုံမင်း ( ဘိုးတော်ဘုရား ) သည် နန်းသက်အလွန်ရှည်သော မငူ်ဖြစ်သည်။ ဗဒုံမင်းလက်ထက်တွင် မြို့ဝန်ရာထူးဖြင့် ကမှုထမ်းရွက်ခဲ့သူ၊ မြို့ဝန်အဖြစ် အသစ်ခန့်အပ်ခဲ့ရသူ အများအပြားရှိသည်။ ရှာဖွေတွေ့ရှိသ၍ မြို့ဝန်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။

  1. မဟာသီရိဖေယျ
  2. ဂါမဏိစန္ဒ
  3. ဒေဝသူရကျော်ထင်
  4. မင်းလှရွှေတောင်ကျော် ( ဦးထွေး )
  5. သီရိမဟာသီဟသူ ( ဦးရွှဖြေူ )
  6. နေမျိုးနန္ဒသူ ( ဦးလွန်ပြေ )
  7. မဟာသင်္ခယျာ( ဦးဘေး )
  8. နေမျိုးနော်ရထာ ( ဦးဘဲ )
  9. နေမျိုးနော်ရထာ ( ဘွဲ့မည်တူ ) ( ဦးအိမ် )
  10. မဟာသီဟသူရ ( ဦးရောက်ကြီး )

တို့ဖြစ်ကြသည်။

စစ်ကိုင်းမင်း ( ၁၈၁၉ - ၁၈၃၇ ) လက်ထက် ပြင်ဆင်ရန်

စစ်ကိုင်းမင်း ( ဘကြီးတော် ) လက်ထက်မြို့ဝန်အဖြစ် ခန့်အပ်ခ့ခဲ့ရသူများမှာ

  1. မဟာသင်္ခယျာ ( ဦးပေ )
  2. မဟာသီဟသူရ ( ဦးရောက်ကြီး )
  3. မင်းရဲဇေယကျော် ( ဦးကံ )
  4. နေမျိုးသီရိလွှမ်းကျော် ( ဦးမြတ်ရာ )
  5. မင်းလှသင်္ခယျာ ( ဦးရွှေသွေး )
  6. မင်းလှမင်းထင် ( ဦးစု )

တို့ဖြစ်ကြသည်။

သာယာဝတီမင်း ( ၁၈၇၃ - ၁၈၄၆ ) ပြင်ဆင်ရန်

သာယာဝတီမင်းလက်ထက် မြို့ဝန်အဖြစ်အမှုထမ်းရွက်ခဲ့သူများမှာ

  1. နေမျိုးမင်းလှဇေယျသူ ( ဦးကြွယ်ဝ )
  2. နေမျိုးဇေယျကျော်ထင်( ဦးစိုး )
  3. မဟာမင်းလှကျော်သူ ( ဦးစိုး+ သီးလုံး )
  4. မင်းကြီးမဟာမင်းလှသီရိသီဟသူ ( ဦးရွှေသွေး )
  5. မဟာမင်းလှရာဇာ ( ဦးရွှေမောင်း )
  6. မဟာမင်းလှသီရိရွှေအောင် ( ဦးရှေမောင်း၊ နောက်တော်ပါ )
  7. မဟာမင်းလှကျော်စွာ ( ဦးမြတ်ငြိမ်း )

တို့ဖြစ်ကြ၏။ မြို့ဝန်နှစ်ဦးရှိခဲ့ရာ တစ်ဦးမှာ ရွှေဘိုနယ်သီးလုံးရွာ ဇာတိဖြစ်သည်။

ပုဂံမင်း ( ၁၈၄၆ - ၁၈၅၂ ) ပြင်ဆင်ရန်

  1. မင်းကြီးမဟာမင်းလှသီရိ ( ဦးရွှေမောင်း )
  2. မင်းကြီးမဟာမင်းခေါင်ကျော်ထင် ( ဦးအုပ် )
  3. ဘိုင်းဇတ် ( ဆေယက်ခန် )
  4. ဦးအုပ် ( အမည်တူ )
  5. မဟာစည်သူ ( ဦးမောင်ကလေး )

တို့ဖြစ်ကြသည်။

မင်းတုန်းမင်း ( ၁၈၅၂ - ၁၈၇၈ ) ပြင်ဆင်ရန်

မင်းတုန်းမင်းလက်ထက် မြို့ဝန်ရာထူးဖြင့် အမှုထမ်းခဲ့သူများမှာ

  1. မြို့သာမြို့စား မင်းကြီးသီရီမဟာမင်းလှမင်းခေါင်သူရိန် ( ဦးသာအိုး )
  2. ယင်းတော်မြို့စားမင်းကြီး မဟာမင်းထင်စည်သူ ( ဦးပေစေ့ )
  3. ရန်အောင်မြင်မြို့စား မင်းကြီးမဟာမင်းခေါင်ကျော်ထင် ( ဦးအို )
  4. သစ်တောမြို့ဝန် မင်းကျော်မင်းလှစည်သူ ( ဦးရွှေတုတ် )

သီပေါမင်း( ၁၈၇၈ - ၁၈၈၅ ) လက်ထက် ပြင်ဆင်ရန်

သီပေါမင်းလက်ထက် မြို့ဝန်အရာရရှိခဲ့သူများမှာ

  1. ပင်လယ်မြို့စား မင်းကြီးမဟာမင်းထင်ရာဇာ ( ဦးချုံ )
  2. ကောလင်းမြို့စား မင်းကြီးမဟာမငါ်းငေ်နော်ရထာ ( ဦးချက် )
  3. ယင်းတောင်မြို့စား မင်းကြီးမဟာဇေယကာမဏိ ( ဦးပေစေ့ )
  4. ပခန်းငယ်မြို့သားမင်းကြီး သီရိမဟာဇေယျကျော်ထင်

တို့ဖြစ်ကြသည်။