မြေစွန်းဝန် ပြင်ဆင်ရန်

မြေစွန်းဝန်သည် တိုက်ပွဲစည်းရာတွင် မပါဝင်ဘဲ ကြွင်းကျန်ရစ်သော၊ နောင်မှဖြစ်ပေါ်လာသော ကျေးရွာနယ်ပယ်များအား စုစည်းအုပ်ချုပ်ရသူ ဖြစ်သည်။ ပင်လယ်၊ မြစ်ချောင်းများအား အစွဲပြု၍ မြေစွန်းနယ်များ၊ မကြာခဏ ပြောင်းလဲဖြစ်ပေါ် တက်ပါသည်။ အထူးသဖြင့် ဧရာဝတီ မြစ်ကမ်းတစ်ဘက်၌ နယ်မြေသစ်များ ပေါ်ပါက်လာတက်ရာ မြေစွန်းဝန်က စီမံခန့်ခွဲရ၏။ အင်္ဂလိပ်မြန်မာ ဒုတိယစ်ပွဲအပြီးတွင် ပင်းလယ်ကမ်းရိုးတန်းနှင့် စစ်တောင်းမြစ်ဝှမ်းဒေသားများ၊ ဧရာဝတီမြစ်ဝကျွန်ပေါ်ဒေသားများအားလုံးမှာ ဗြိတိသျှလက်အောက်သို့ ရောက်ရှိသွားရာ မြေစွန်ဝန်ရာထူးကိုလည်း ဖျက်သိမ်းဖြစ်ခဲ့သည်။

ကုန်းဘောင်ခေတ်ဦးကာလ ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်ဦးကာလ ဆင်ဖြူရှင် ( မြေဒူးမင်း ) ( ၁၇၆၃ - ၁၇၇၆ ) နန်းတက်စ ၁၅ စက်တင်ဘာ ၁၇၆၃ ခုနှစ်တွင် မြေစွန်းဝန် ဘယနန္ဒသူသည် လက်ဝဲရံတိုင်ဦးစီးသော ၅၀ တော်သွေးသောက်အဖွဲ့ ဖွဲ့စည်းရာ၌ ပါဝင်ခဲ့ကြောင်း တွေ့ရှိရ၏။ မြေစွန်ဝန် ဘယနန္ဒသူ၏ ရာထူးကို ဦးဇံဆိုသူက ဆက်ခံခဲ့ဟန်တူသည်။ နေမျိုးဇေယျကျော်သူဘွဲ့ခံ ဦးဇံသည် မကြာမီဝန်ထောက်အရာတိုးမြှင့် ခန့်အပ်ခံခဲ့ရရာ မြေစွန်းဝန်ထောက်ဟူ၍ အမည်တွင်ခဲ့၏။ မြေစွန်းဝန်ထောက် ဦးဇံသည် မြေဒူးမင်းလက်ထက်၌ သာမက စဉ့်ကူးမင်းလက်ထက်တွင်ပါ မြေစွန်းဝန်အဖြစ် ဆက်လက်အမှုထမ်းခဲ့ဟန်တူသည်။

မြေစွန်းဝန် ဦးအိမ် ပြင်ဆင်ရန်

ဗဒုံမင်း ( ဘိုးတော်ဘုရား ) ( ၁၇၈၂ - ၁၈၁၉ ) လက်ထက်တွင် မြေစွန်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ကျော်ထင်နော်ရထာဘွဲ့ခံ ဦးအိမ်ဖြစ်သည်။ မြေစွန်းဝန် ဦးအိမ်သည် ဝန်ထောက်ရာထူးဖြင့်ပါ အမှုထမ်းခဲ့ရာမှ မြေစွန်းဝန်ထောက်ဟု အမည်တွင်ခဲ့သည်။ မြေစွန်းဝန်ထောက် ဦးအိမ်၏ အမည်ကို ၁၈၀၇ ခုနှစ် မှတ်တမ်း၌ စတင်တွေ့ရှိရ၏။သို့ဖြစ်၍ ယင်းနှစ်မတိုင်မီကာလတွင် ဦးအိမ်အား ဝန်ထောက်ရာထူးခန့်အပ်လိုက်ရာ မြေစွန်းဝန်ရာထူးကိုလည်း လက်လွှတ်ခဲ့ရလေသည်။ ဦးအိမ်သည် ဝန်ထောက်ရာထူးရရှိပြီနောက် ၃၁ အောက်တိုဘာ ၁၈၁၁ ခုနှစ်တွင် တောင်ငူမင်းသားပုန်ကန်မှု၌ ပါဝင်ခဲ့သဖြင့် စီရင်ခံခဲ့ရလေသည်။

ဇေယရာဇသင်္ကြန် ပြင်ဆင်ရန်

မြေစွန်းဝန် ဦးရာ၏ ရာထူးကို ဇေယရာဇသင်္ကြန်က ဆက်ခံခဲ့သည်။ ၁၈၀၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆင်ဖြူတော်အမရပူရသို့ ရောက်ရှိလာစဉ် မြေစွန်းဝန်ဇေယရာဇသင်္ကြန်သည် အခါတော်စောင့်ပညာရှိတစ်ဦးအဖြင့် ဆင်ဖြူတော်သိမ်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

မြေစွန်းဝန်ဦးကံဘေ ပြင်ဆင်ရန်

ဇေယရာဇာသင်္ကြန်ရာထူးကို ဦးကံဘေက ဆက်ခံခဲ့သည်ဟု မှန်းဆရ၏။ မြေစွန်းဝန် ဦးကံဘေသည် နောင်ဝန်ထောက်ရာထူး တိုးမြှင့်ခံခဲ့ရ၏။

စစ်ကိုင်းမင်းလက်ထက် ပြင်ဆင်ရန်

စစ်ကိုင်းမင်း ( ဘကြီးတော် ) ( ၁၈၁၉ - ၁၈၃၇ ) လက်ထက် မြေစွန်းဝန်မှာ စည်သူနော်ရထာဖြစ်သည်။ စည်သူနော်ရထာအား ၁၈၁၉ ခုနှစ် စစ်ကိုင်းမင်းနန်းတက်စတွင် မြေစွန်းဝန်ရာထူးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ၃ နိုဝင်ဘာ ၁၈၁၉ ခုနှစ်တွင် စစ်ကိုင်းမင်း ထီးဆောင်းမဂင်္လာ အခမ်းအနားကျင်းပစဉ် မြေစွန်းဝန်နော်ရထာအား နေမျိုးမင်းထင်နော်ရထာဘွဲ့ ပြောင်းလဲပေးအပ်ခဲ့သည်။