မြေဆွဲအား တောင်ကုန်း (အင်္ဂလိပ်: gravity hill) ကို သံလိုက်ဓာတ် တောင်ကုန်း (magnetic hill) (သို့) လျှို့ဝှက်ဆန်းကြယ် တောင်ကုန်း (mystery hill) (သို့) မြေဆွဲအား လမ်း (gravity road) (သို့) မြေဆွဲအားဆန့်ကျင် တောင်ကုန်း (anti-gravity hill) ဟူ၍ နာမည်အမျိုးမျိုးဖြင့်ခေါ်ဝေါ်ကြသည်။ ထိုနေရာသည် အမြင်ပိုင်းဆိုင်ရာ လှည့်စားမှုတစ်ခုဖြစ်စေရန် ဖြစ်တည်နေသော ပတ်ဝန်းကျင်နယ်မြေ၏ အပြင်အဆင်ပုံစံတစ်ခုကြောင့်ဖြစ်ကာ ထိုဖြစ်ပေါ်နေသော အနေအထားက အနည်းငယ် အောက်ဘက်သို့ ခပ်ပြေပြေ'ဆင်း'သည်ကို ​အပေါ်သို့'တက်'သည့် အသွင်မျိုးကို ထုတ်လုပ်ပေးထားသည်။ ဂီယာမထိုးဘဲ လွှတ်ထားသော ကားသည် တောင်ကုန်းလျောစောက်အပေါ်သို့ လိမ့်တက်နေဟန်ဖြစ်စေသည်။[၁] ကမ္ဘာအနှံ့တွင် ဤသို့သော မြေဆွဲအား တောင်ကုန်းများ ရာချီ၍ ရှိကြသည်။

Water appearing to run uphill at Magnetic Hill in New Brunswick
မြေဆွဲအား တောင်ကုန်း , Moncton , ကနေဒါနိုင်ငံ

ဤသို့သောနေရာမျိုးကို မကြာခဏဆိုသလို သံလိုက်ဓာတ်ရှိသော၊ ထူးခြားဆန်းကျယ် သဘာဝအလွန်စွမ်းအားရှိသော နေရာများဟု ပြောဆိုချက်များ ရှိသော်လည်း မြေဆွဲအားတောင်ကုန်း၏ လျောစောက်သဏ္ဌာန်သည် အမြင်အာရုံ လှည့်စားမှုဖြစ်သည်။[၂] ဤအမြင်လှည့်စားမှုကို အကျိုးသက်ရောက်စေသော အရေးကြီးဆုံးအချက်မှာ ပိတ်ပင်နှောက်ယှက်ခံရသော (ကွယ်သွားသော) မျက်စိတဆုံး နယ်မြေ (မိုးကုပ်စက်ဝိုင်း) ဖြစ်သည်။ ထို မျက်စိတဆုံးရှိ ကျယ်ပြန့်သော မြင်ကွင်း (မိုးကုပ်စက်ဝိုင်း) မရှိလျှင် မျက်နှာပြင်တစ်ခု၏ လျောစောက်ကို ဆုံးဖြတ်ရန်ခက်ခဲ၏ ။ အကြောင်းမှာ မျက်စိရှေ့ မြင်ရသောအပိုင်းကို နောက်ခံ အားကိုးပြုစရာ မြင်ကွင်းမဲ့သွားသောကြောင့်ဖြစ်သည်။ (တနည်း စိတ်ချယုံကြည် နှိုင်းယှဉ်နိုင်သော ယှဉ်ဖက် ပျောက်ဆုံးခြင်းဖြစ်၏ ။) မြေပြင်မှ အနည်းနှင့်အများဆိုသလို ထောင့်မတ်ကျသည်ဟု ပုံမှန်အားဖြင့် ယူဆရသော အရာများ၊ ဥပမာ သစ်ပင်များသည် စောင်းလျက်ရှိကြသောအခါ ကိုးကားပြုမည့် မြင်ကွင်းအား လွဲမှားသွားစေသည်။[၃]

ဤလှည့်စားမှုသည် Ames room များနှင့်တူ၍ ထို၌ အရာဝတ္ထုသည် ဆွဲအားကို ဆန့်ကျင်၍ အပေါ်သို့ လိမ့်သွားသည့် သဏ္ဌာန်ဖြစ်စေသည်။

ပြောင်းပြန် ဖြစ်စဉ်တစ်ခုလည်းရှိသည်သ ၎င်းမှာ စက်ဘီးစီးပြိုင်ပွဲများတွင် မြေပြင်ညီသဏ္ဌာန်ရှိသော အတက်လမ်းမျိုးဖြစ်၍ false flat (အတုယောင် မြေပြင်ညီ) ဟု ခေါ်ဝေါ်ကြသည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. University of California Riverside article on phenomenon
  2. Bressan, Paola (2003). "Antigravity Hills are Visual Illusions" (in en). Psychological Science 14 (5): 441–449. doi:10.1111/1467-9280.02451. PMID 12930474.  Free full text
  3. The Mysterious Gravity Hill:Physicists Show "Antigravity" Mystery Spots Are Optical Illusions။ Science Daily။ 2008-02-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. Schweikher၊ Erich; Diamond၊ Paul, eds. (2007)၊ Cycling's Greatest Misadventures၊ Casagrande Press LLC၊ p. 114၊ ISBN 978-0-9769516-2-9July 20, 2013 တွင် ပြန်စစ်ပြီး